ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့်အဖွဲ့ တရုတ်နိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများအား လေ့လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ယခု လ ၅ ရက် တွင် ကွေ့ကျုံးပြည်နယ် ကွေ့ရန်မြို့မှ RY 8412 လေယာဉ် ဖြင့်ထွက်ခွာလာခဲ့ရာ ကျန်ရှီးပြည် နယ် နန်းချမ်းမြို့သို့ ဒေသစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ် တွင်ရောက်ရှိခဲ့ရာ နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူးနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြိုဆိုကြသည်။

Read more

ကြည့်မြင်တိုင်မြို့နယ်တွင်းရှိ အသက် (၁၀၀)ကျော်ဘိုးဘွားများကို ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ ပူဇော်ကန်တော့

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် စက်တင်ဘာလ (၇)ရက် နေ့လည် (၁) နာရီက အမှတ် (၅၅) ဗားဂရာလမ်း အိုးဘိုရပ်ကွက်တွင် နေထိုင်သူ အဘွားဒေါ်တင်တင် အသက် (၁၀၁)နှစ်အား အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း) နာယကအဖြစ် ဖွဲ့စည်း တည်ထောင် ထားသည့် ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေကျပ်(၂)သိန်းနှင့် လှူဖွယ်ဝတ္ထုများကို ရန်ကုန်တိုင်း
ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းမိုး၊ ဦးတင်ဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ကြည့်မြင်တိုင်မြို့နယ်ပါတီဥက္ကဌ ဦးမြင့်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင် များမှ သွားရောက်လှုဒါန်းခဲ့ကြကြောင်း သိရှိရသည်။

Read more

သီပေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၆) ရက် နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းစိန်လင်း၊ မြို့နယ်ဥက္ကဌ ဦးအောင်အောင်နှင့် မြို့နယ် ပါတီကော်မတီများ အရံပါတီကော်မတီများ တက်ရောက်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်မှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

Read more

Huawei Mate 9 တွင် Leica တံဆိပ် ကျောဘက် ကင်မရာနှစ်ခုနှင့် OIS ပါဝင်မည်ဟုဆို

Huawei သည် Mate 9 ကို ယခုနှစ်မကုန်မီတွင် ဖြန့်ချိဖွယ်ရှိကြောင်း၊ ၎င်းတွင် ကျောဘက်ကင်မရာနှစ်ခုနှင့် optical image stabilization ပါဝင်ဖွယ်ရှိကြောင်း သိရသည်။

Note

(more…)


Read more

မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၁ဝဝ နှင့်အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်း

နိုင်ငံတော်သမ္မတဦးသိန်းစိန်(ငြိမ်း)နှင့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အသက် ၁ဝဝ နှင့် အထက်အဘိုးအဘွားများ၏ ကျန်းမာရေး၊ လူမှုရေး၊ လှူရေးတန်း ရေးကိစ္စများတွင် အသုံးပြုနိုင်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်းလျက် ရှိကြောင်း သိရသည်။

Read more

အသက် ၁ဝဝ နှင့် အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်း မှထောက်ပံ့လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသက်ရာကျော်ဘိုးဘွားများအား ပူဇော်ကန်တော့ ထောက်ပံ့လှူဒါန်းခြင်းကို အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးဆောင်တည်ထောင်ထား သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ယခုလ ၄ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

Read more

Acer ၏ Spin အမှတ်တံဆိပ် laptop သစ်များ

Acer သည် ယခုနှစ်တွင် ဖြန့်ချိမည့် Acer Spin laptop များကို မိတ်ဆက်ခဲ့သည်။ အဆိုပါ laptop များတွင် ၃၆၀ ဒီဂရီအထိ လှည့်နိုင်သော ပတ္တာပါဝင်သည်။ Acer က Spin laptop သစ်လေးမျိုးကို သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ခဲ့သည်။ ၎င်း laptop များကို ဒေါ်လာ ၂၅၀ မှစတင်၍ ရောင်းချမည် ဖြစ်သည်။

(more…)


Read more

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် သတ္တမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့နယ်ကော်မတီ အဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပါတီအဖွဲ့ခေါင်းဆောင်များနှင့် ဒုအဖွဲ့ခေါင်းဆောင်များ၊ အမာခံပါတီဝင်များ၊ ပါတီကို ထောက်ခံအားပေးသော ပါတီ မိတ်ဆွေများ၏ (သတ္တမ)အကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို မြို့နယ်ပါတီရုံး၌ ယခုလ ၄ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

Read more

၂ဝ၁၆ ပြည်ခိုင်ဖြိုးပါတီညီလာခံအောင်မြင်ခြင်းအထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တို့သည် ရွှေသိမ်တော်ဘုရားဝင်းအတွင်း ခရေပင်၊ တမာပင်၊ ကုက္ကိုပင်၊ မယ်ဇလီပင် အပါအဝင် အပင် ၁၅ဝ အား ပြည်ခိုင်ဖြိုးအင်အား ၁၅ဝ ဖြင့် ယခုလ ၄ ရက် နံနက် ၁ဝ နာရီတွင် စုပေါင်း စိုက်ပျိုးကြသည်။

Read more

ရပ်ကျေးပါတီကော်မတီဝင်များနှင့် ပြည်နယ်ပါတီကော်မတီဝင်တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးစိုးဝင်း(မိုး ညှင်းမြို့နယ်တာဝန်ခံ)နှင့်မိုးညှင်း မြို့နယ် ဟိုပင်ဒေသ ရပ်ကွက်၊ ကျေးရွာ ၁၂အုပ်စုမှ ပါတီကော်မ တီဝင်များတွေ့ဆုံပွဲကို ယခုလ ၄ ရက် နံနက် ၈နာရီက ဟိုပင်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပ ရာ မိုးညှင်းခရိုင်ပါတီဥက္ကဋ္ဌ၊ မြို့ နယ်အတွင်းရေးမှူး၊ ကော်မတီ ဝင်များနှင့် ပါတီဝင်များတက် ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီ ကော်မတီဝင် ဦးစိုးဝင်းက ပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ရည် မှန်းချက်၊ သန္နိဋ္ဌာန်နှင့်မူဝါဒများကို လည်းကောင်း၊ ခံယူချက်၊ ယုံ ကြည်ချက်မြင့်မားရေးနှင့် ပါတီ တွင်းစည်းလုံးညီညွတ်ရေး၊ ကျစ် လျစ်ခိုင်မာရေးတို့ကိုလည်းကောင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်းက ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) အတွေ့အကြုံနှင့် ရှေ့လုပ်ငန်းစဉ် များကိုလည်းကောင်း၊ မြို့နယ်ပါ တီ အတွင်းရေးမှူး ဦးဌေးဝင်းက မြို့နယ်အတွင်း ဆောင်ရွက်မည့် စည်းရုံးရေးဆိုင်ရာ လုပ်ငန်းစဉ်များ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တင်ပြချက်များကို ပြန်လည်ရှင်း လင်းခဲ့ကြောင်း သိရသည်။

Read more