မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန် အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်/ရပ်ကျေး ပုံမှန် မျက်နှာစုံညီအစည်းအဝေးကို စင်တင်ဘာလ ( ၇ ) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည် ။

အစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ၊ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်များ တက်ရောက် ကြပြီး ဥက္ကဌ ဦးမိုးမြင့်မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။

Read more

လွိုင်ကော်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးစည်းမှူးနှင့် အဖွဲ့ဝင်များ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်၊ ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များ လစဉ်ပုံမှန် တွေ့ဆုံ စည်းဝေးပွဲကို စက်တင်ဘာလ (၇) ရက် နံနက် ၁၀ နာရီတွင် ကျင်းပရာ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စုမှ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင် များ စုစုပေါင်း အင်အား ၆၀ ဦးခန့် တက်ရောက်ကြသည်။

Read more

ဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ရမည်းသင်းမြို့ နယ် ပျော်ဘွယ် မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ အတွင်းရေးမှူးများ အလုပ်အမှုဆောင်များ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုနာယကအဖွဲ့ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ယခုလ ၄ ရက် မွန်းလွဲ ၂ နာရီက ပျော်ဘွယ်မြို့နယ် သန်လျင်တောရ ယင်းတော်မင်းကျောင်း အာရုံခံဓမ္မာရုံ၌ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ပျော်ဘွယ်မြို့နယ်များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင် များ၊ ရပ်/ကျေးစည်း ရုံးရေးမှူးများနှင့် တွေ့ဆုံသည်။

Read more

ရွှေဘိုခရိုင်တွင်းရှိ အသက် ၁ဝဝနှင့်အထက် ဘိုးဘွားများအား ငွေကျပ်နှစ်သိန်းစီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ ရာဇသင်္ဂဟဖောင်ဒေးရှင်းက အသက် ၁ဝဝ နှင့်အထက် ဘိုးဘွားများအားလှူဒါန်းသော ငွေကျပ် နှစ်သိန်းစီကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ အဘိုးအဘွား (၁၁) ဦးအား ဖောင်ဒေးရှင်းကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယကအဖွဲ့ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်/မိတ္ထီလာမြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယကအဖွဲ့ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ ညနေ(၃)နာရီ (၃ဝ)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည်။

Read more

မိတ္ထီလာမြို့နယ်ရှိ လောကရန်နိုင်စေတီတော်အား ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး ဖူးမြော်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီ နီဝင်းတို့သည် မိတ္ထီလာ ပြည်ခိုင်ဖြိုးပါတီမှ အမှုဆောင်များ လိုက်ပါလျက် ယခုလ ၄ ရက် ညနေ ၅ နာရီက မိတ္ထီလာမြို့ မကျည်းပင်ပုရွာရှိ လောကရန်နိုင် စေတီတော်အား သွားရောက်ဖူးမြော်ခဲ့သည်။

Read more

computerမှာ Virus အကိုက်ခံထားရခြင်း ရှိမရှိ စစ်ဆေးခြင်း

Antivirus Software တင်မထားမိလို့ မစိုးရိမ်ပါနဲ့။Software မရှိဘဲ စစ်တဲ့
နည်းတွေ တော်တော်များများရှိပါတယ်။
အရင်ဆုံး စစ်သင့်တာက….
• Tools Menu က Folder Options ပျောက်နေ ပါသလား။
• Command Prompt, Registry, Task Manager ကိုဝင်တိုင်းကွန်ပျူတာ Restart ကျသွားပါသလား။
• Administrator Account ဖြစ်ရဲ့ သားနဲ့Registry Editor, Task Manager ဖွင့်မရ ဖြစ်နေပါသလား။
• Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေပါသလား။
• Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပဲ ပေါ်နေသလား၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမျှလည်း တက်မလာဖြစ်နေပါသလား။
• Memory Stick ရဲ့ Drive ပေါ်မှာ Right Click နှိပ်လိုက်ရင် Open က ထိပ်ဆုံး ရောက်နေမယ့် အစား Autoplay က ထိပ်ဆုံး ရောက်နေပါသလား။
• Drive တွေ၊ Memory Stick တွေကို double Click နှိပ်လိုက်တိုင်း Open With Boxပဲ ပေါ် နေပါသလား။
• Memory Stick ထဲက Folder တွေပေါ်မှာ Right Click နှိပ်ပြီး Properties ကိုရွေးရင် Type မှာ File Folder လို့ ပေါ်မယ့်အစား Application လို့ ပေါ်နေပါသလား။
• My Folder ဆိုတဲ့ Folder အောက်မှာ My Folder.exe ကို တွေ့  နေရပါသလား။ (ဆိုလိုသည်မှာ Folder ၏ နာမည်နှင့် တူသော exe ၀င်ရောက် နေပါသလား။)
• Task Manager ကို ဖွင့်ပါ။ (Ctrl + Alt + Del) Flashy, Fun, NewFolder စတဲ့ Process တွေ Run နေသလား ကြည့်ပါ။ ( Run နေတယ် ဆိုရင် ဘယ် Memory Stick မှ မတတ်ပါနှင့်။ Virus ချက်ချင်း ကူးဆက် ခံရနိုင်ပါတယ်။ Stick ကို Formatချလည်း အပိုပါပဲ။ ကိုယ်ကို Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါတယ်။ )
အထက်ပါ အချက်တွေထဲက တစ်ခုခု ခင်ဗျားစက်မှာ ဖြစ်နေပြီဆိုရင် သေချာသလောက်နီးပါး Virus သို့မဟုတ် trojan သို့မဟုတ် spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါတယ်။ အခြား စစ်ဆေးနည်းတွေလည်း အများကြီးရှိပါသေးတယ်။

Read more

သွားတိုက်တံနဲ့ပတ်သက်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အချက်

မနက်ခင်း အိပ်ရာထပြီးနောက် ဒါမှမဟုတ် ညအိပ်ရာမဝင်မီ သွားတိုက်လှမ်းယူတဲ့အခါ သွားတိုက်တံမှာ ရောဂါပိုးပါနိုင်ကြောင်း ကျွန်ုပ်တို့ ကောင်းကောင်း သဘောမသိကြပါဘူး။ သုံးပြီးသား သွားတိုက်တံတွေမှာ ကူးစက်ရောဂါဖြစ်စေနိုင်ပြီး သာမာန်မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်။

Read more

အလုပ်လျှောက်လွှာကို Email နဲ့ဘယ်လိုပို့မလဲ?

အခုလို IT ခေတ်ကြီးမှာ ကုမ္ပဏီတွေကိုအလုပ်လျှောက်တဲ့အခါ စာရွက်စာတမ်းတွေနဲ့ လူကိုယ်တိုင်သွားပြီး အလုပ်လျှောက်လွှာတင်ရတာထက်၊ Resume / CV တွေကို Email နဲ့ပို့ပေးပြီး အလုပ်လျှောက်ရတာမျိုးတွေဖြစ်လာပြီ။ အခုခေတ်မှာ Email ဆိုတာဟာလည်း လူငယ်တိုင်း/ အလုပ်လုပ်နေသူတိုင်းမတွက် မစိမ်းတော့သလိုဖြစ်နေပါပြီ။ လူတိုင်းသိပြီးတတ်ပြီးဆိုပေမယ့် သတိပြုသင့်တဲ့အချက်လေးတွေတော့ ရှိပါတယ်။ အလုပ်ရှာနေတဲ့ လူငယ်တွေကို သိစေချင်တာပါ။ သိပြီးသားဆိုရင်လည်း ဂရုတစိုက်လေး သတိပြုစေချင်တဲ့စေတနာနဲ့ ဒီစာကိုရေးတာပါ။

Read more

ဟောင်ကောင်ခွဲထွက်ရေး ထောက်ခံသူ မည်သူမဆို အပြစ်ပေးခံရနိုင်ဟု တရုတ်အစိုးရ သတိပေး

ဟောင်ကောင်ဥပဒေပြုကောင်စီမှာဖြစ်စေ ပြင်ပမှာဖြစ်စေ လွတ်လပ်ရေးလှုပ်ရှားမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်မယ့်သဘောထားကို တရုတ်အစိုးရက ရှင်းလင်းစွာသတိပေးလိုက်ပါတယ်။ ဟောင်ကောင်ခွဲထွက်ရေးကို ထောက်ခံအားပေးသူ မည်သူမဆို အပြစ်ပေးခံရနိုင်တယ်လို့ တရုတ်အစိုးရက သတိပေး လိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

Hongkonk

(more…)


Read more