ဆီမြွန်နီမှာ အာစင်ဝင်းဂါး၏နေရာကို ဆက်ခံရန် အသင့်တော်ဆုံးဟု အာဆင်နယ်ကစားသမားဟောင်း ရေးပါလာ ပြော

simeone

အာဆင်နယ်အသင်းနေဖြင့် အာစင်ဝင်းဂါး၏ နေရာကို ဆက်ခံမည့်သူအဖြစ် အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီကို ရွေးချယ်သင့်သည်ဟု အသင်း၏ ကစားသမားဟောင်း ရေးပါလာက ပြောဆိုလိုက်သည်။ အာဆင်နယ်အသင်းကို နှစ် ၂၀ ကြာ နည်းပြလာခဲ့သည့် အာစင်ဝင်းဂါး၏ လက်ရှိစာချုပ်မှာ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဖိအားများသည့် အာဆင်နယ်အသင်း၏နည်းပြထိုင်ခုံနှင့်ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုများ ရှိလာခဲ့သည်။

Read more

အာဆင်နယ် တိုက်စစ်မှူးဟောင်း ဘန်တနာကို နော်တင်ဟမ်အသင်းခေါ်ယူ

arsenal

အင်္ဂလန်ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်အသင်းသည် အာဆင်နယ် တိုက်စစ်မှူးဟောင်း ဘန်တနာကို ခေါ်ယူ လိုက်ပြီဖြစ်သည်။ ဂျာမန်ကလပ် ဝုဖ်ဘတ်မှထွက်ခွာ ပြီးနောက် အသင်းလက်မဲ့နေသည့် အသက် ၂၈ နှစ်အရွယ် ဘန်တနာသည် နော်တင်ဟမ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရပြီးနောက်   နှစ်နှစ်စာချုပ် ချုပ်ခဲ့ခြင်း ဖြစ်သည်။

ဒိန်းမတ်လက်ရွေးစင်ဘန်တနာက “ကျွန်တော့်ရည်မှန်းချက်က အင်္ဂလန်ကိုပြန်လာဖို့ပါ။ ဝုဖ်ဘတ်မှာကြုံခဲ့ရတာက စိတ်မကောင်း စရာအခြေအနေတစ်ခုဖြစ်ပါတယ်။ အတိတ်မှာအမှားတွေလုပ်ခဲ့မိပေမယ့် အနာဂါတ်ကိုပဲ အာရုံစိုက်ထားပါတယ်”ဟု ပြောသည်။

Read more

ပုဇွန်တောင်တွင်အသက် ၁ဝဝ ကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းက အလှူငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ပုဇွန် တောင်မြို့နယ်တွင် စက်တင်ဘာလ (၈) ရက် မွန်းလွဲ ၁နာရီခွဲက အမှတ်(၁၄) ခြောက်လွှာ၊ နေကြာလမ်း၊ အမှတ်(၂)ရပ် ကွက်၊ ပုဇွန်တောင်မြို့နယ် တွင် နေ ထိုင်သူအဘိုးဦးမောင်ထွေး၊အသက် (၁ဝ၁)နှစ်နှင့်အမှတ်(၆၄)ရေကျော် လမ်းမကြီး အမှတ်(၇)ရပ်ကွက် တွင်နေထိုင်သောအဘွားဒေါ်လှတင် တို့အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော်သမ္မတ၊ငြိမ်း) နာယက အဖြစ် ဖွဲ့စည်း တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေကျပ် နှစ်သိန်း နှင့် လှူဖွယ်ဝတ္တုများကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ပုဇွန်တောင် မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များက သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

ရွှေကျင်မြို့နယ်လုံးဆိုင်ရာ ၁၆၅ နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၅)နှစ်မြောက် သီတင်းကျွတ် မီးမျှောပူဇော်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၇) ရက် နံနက် ၉ နာရီခွဲက ရွှေကျင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

Read more

အမေရိကန် ကင်းလှည့်လေယာဉ်နှင့် ၁၀ ပေအကွာထိ ရုရှားတိုက်လေယာဉ်တစ်စီး ချဉ်းကပ်ခဲ့

_91063874_021820664

 အမေရိကန် ကင်းထောက် လေယာဉ်တစ်စီးကို ၁၀ ပေမျှ အကွာထိ ရုရှားတိုက်လေယာဉ် တစ်စီးက နီးကပ်စွာ နှောင့်ယှက် ပျံသန်းခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ် က စွပ်စွဲ ပြောကြားလိုက်သည်။ ပင်လယ်နက် ဧရိယာတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နေသည့် P-8A ရေတပ် ထောက်လှမ်းရေး လေယာဉ်ကို ရုရှား၏ SU-27 တစ်စီးက စက်တင်ဘာ ၇ ရက်တွင် ချဉ်းကပ်လာခဲ့ခြင်းဟု သိရသည်။ လေယာဉ်နှစ်စီးသည် ၁၀ ပေမျှ အကွာထိ အလွန် နီးကပ်ခဲ့ပြီး ရုရှားတိုက်လေယာဉ်၏ လုပ်ရပ်မှာ ပရော်ဖက်ရှင်နယ် မဆန်သလို အန္တရာယ် များလွန်းကြောင်း အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က ဝေဖန်ခဲ့သည်။

Read more

ပုဂံ-ညောင်ဦးတွင် လုပ်အားပေးနေသောပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် အဖွဲ့ တွေ့ဆုံအားပေး စေတီများပြုပြင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စူဠာမဏိစေတီနှင့် တဘက်ကျစေတီတို့အပါအဝင် ပုဂံ-ညောင်ဦးမှ ဘုရားပုထိုးစေတီများတွင် လုပ်အားဒါနပြုနေသော မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များကို စက်တင်ဘာလ (၈) ရက် နံနက် ၁ဝနာရီခွဲက တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။

Read more

ထူးဆန်းစွာ သွေးအနီရောင်ပြောင်းသွားတဲ့ အာတိတ်ဒေသက မြစ်တစ်စင်း

334ecb1779de4f139bcaabb5816f2320

အာတိတ်ဒေသတွင်း မြစ်တစ်စင်းမှာ သွေးအနီရောင် ပြောင်းလဲသွားခဲ့တဲ့ ဖြစ်ရပ်အပေါ် ဒေသခံများကြား ပဟေဠိဖြစ်နေပြီး ရုရှားတာဝန်ရှိသူတွေက အဆိုပါ မူမမှန်တဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ဆိုက်ဘီးယားဒေသတွင်း Norilsk မြို့အနီးရှိ Daldykan မြစ်ရေဟာ အင်္ဂါနေ့ (စက်တင်ဘာ ၆ ရက်) က သဘာဝအရောင်မှ သွေးအနီရောင်အဖြစ် ပြောင်းလဲသွား ခဲ့ပြီး သွေးများစီးဆင်းနေသကဲ့သို့ မြစ်ရဲ့ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံနှံ့ခဲ့ရာ အံ့အားသင့်ခဲ့ကြရပါတယ်။

Read more

ကျပ် ၅၀၀ တန်ထီ စတင်ရောင်းချချိန်တွင် ကျပ် ၂၀၀ ထီကို ဆုကြေးမပြောင်းဘဲ စောင်ရေလျှော့ချမည်

378085_741167477452_18100422_37228505_884004062_n

ကျပ်ငါးရာတန် ထီလက်မှတ်များကို ၂၀၁၇ မတ်လတွင် စတင်ရောင်းချမည်ဖြစ်သည်။ ကျပ် ၅၀၀ တန်ထီဖွင့် လှစ်ပါက လက်ရှိဖွင့်လှစ်ပေးနေ သည့် ကျပ် ၂၀၀ တန်ထီလက်မှတ်စောင်ရေ လျှော့ချထုတ်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထီကိုယ်စားလှယ်များနှင့် ထီကံစမ်းလိုသူများသည်၂၀၁၇ ဧပြီတွင် ဖွင့်လှစ်မည့် ကျပ် ၅၀၀ တန်ထီကို စိတ်ဝင်စားမှု များနေသောကြောင့် အဆိုပါထီ စတင်ရောင်းချ သည့် လကစ၍ ကျပ် ၂၀၀ တန် ထီလက်မှတ် ဖြန့်ဖြူးထုတ်လုပ်မှုကို လျှော့ချမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောသည်။

Read more

ရန်ကုန်တိုင်းတွင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်ရေး ကျပ်သန်းတစ်သောင်းကျော် သုံးမည်

ygn

လာမည့်နှစ်တွင် လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေးအတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် ရန် ကျပ် သန်း တစ်သောင်းခုနစ် ထောင်ကျော် သုံးစွဲမည် ဖြစ် ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းမှ သတင်းရရှိသည်။

Read more

ဖင်လန်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ မန္တလေးတွင် လာရောက်ဆွေးနွေး

14233746_1047665931998172_1592511918_o

ဖင်လန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများနှင့် မန္တလေးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက် ရန် ‘‘ဖင်လန် နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းလုပ် ကိုင်ခြင်း’’အမည်ရှိ ဆွေးနွေးပွဲကို ယခုလ ၈ ရက်က မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တွင် ပြုလုပ်ခဲ့သည်။

Read more