ကင်ဆာရောဂါခံစားနေရသည့် ငါးနှစ်အရွယ်ကလေးငယ်အတွက် အဲဗာတန်အသင်း ပေါင်နှစ်သိန်း လှူဒါန်း

everton

အဲဗာတန်အသင်းသည် ကင်ဆာရောဂါခံစားနေရသည့် ငါးနှစ်အရွယ်ကလေးငယ်လေး ဘရက်ဒလေလော်ရီအတွက် ဆေးကုသရန် ပေါင် ၂ သိန်း လှူဒါန်းခဲ့သည်။

ဘရက်ဒလေလော်ရီလေးသည် ဆန်းဒါးလန်းအသင်း၏ ပရိသတ်ဖြစ်ပြီး အဲဗာတန်နှင့်ဆန်းဒါးလန်းတို့၏ ပွဲတွင် ဆန်းဒါးလန်းအသင်း၏ လာဘ်ကောင်(mascot)အဖြစ် Stadium of Light ကွင်းကြီးအတွင်းသို့ ဦးဆောင် ၀င်ရောက်ခဲ့သည်။

နှစ်သင်းစလုံး၏ပရိသတ်များသည် ဘရက်ဒလေလော်ရီလေးအတွက် သီချင်းများသီဆိုခဲ့ကြပြီး ‘ဘရက်ဒလေနှင့်အတူ ကျွနိုပ်တို့အားလုံးအတူရှိနေသည်’ ဆိုသည့် ပိတ်စစာတန်းကို ကွင်းပတ်လည်သယ်ဆောင်ခဲ့ကြသည်။

Read more

သြစတြေးလျနှင့်ပွဲတွင် ရလဒ်ကောင်းရရန် မျှော်မှန်းထားဟု မြန်မာ ယူ ၁၉ အသင်း နည်းပြ ပြော

myanmar-u-19-team

(ဓာတ်ပုံ – MFF)

AFF VIETCOMBANK U-19 Championship 2016 ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ ၁၉ ဘောလုံးအသင်းဟာ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနှင့် စက်တင်ဘာ ၁၄ ရက်မှာ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် ရလဒ်ကောင်းရရန် မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Read more

မလေးရှား ရေနံတင်သင်္ဘောအား ပြန်ပေးဆွဲသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြများကို ဗီယက်နမ်က နိုင်ငံလွှဲပြောင်းပေး

malaysia_1

ဟနွိုင်း၊ စက်တင်ဘာ ၁၄

မလေးရှား ရေနံတင် သင်္ဘောအား ပြန်ပေးဆွဲမှုဖြင့် သံသယရှိသည့် အင်ဒိုနီးရှား ပင်လယ်ဓားပြ ရှစ်ဦးအား ပြီးခဲ့သည့် နှစ်က ဖမ်းဆီးမိထားရမှ ဗီယက်နမ်နိုင်ငံသည် မလေးရှားသို့ တရားခံများလွှဲပြောင်းပေးရန် သဘောတူလိုက်သည်။

၎င်းတို့ရှစ်ဦးသည် ၂၀၁၅ ဇွန်လအတွင်းက ဗီယက်နမ် အနောက်တောင်ပိုင်းရှိ တိုချုကျွန်းပေါ်သို့ အသက်လှေ တစ်စင်းဖြင့် ရေမျော သောင်တင်လာခြင်းဖြစ်ပြီး ပင်လယ်တွင် မတော်တဆမှု ကြုံတွေ့လာခြင်း   ဖြစ်သည်ဟု ပြောကြသည်။

Read more

ထိုင်းတွင် ဇီကာကူးစက်သူ ၂၀၀ နီးပါးအထိ ရှိလာ

thailand_0

ဘန်ကောက်၊ စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံတွင် ဇန်နဝါရီမှစကာ ဇီကာဖြစ်ပွားသူ ဦးရေသည် စံချိန်တင် အရေအတွက်အဖြစ် ၂၀၀ နီးပါး ရှိသွားပြီ ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်က ကျန်းမာရေးဝန်ကြီးဌာနက ပြောပြီး ဒေသတွင်း အတည်ပြုနိုင်သည့် ဇီကာ ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်နေခြင်းဖြစ်သည်။

Read more

ရုရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအရာရှိ ကန်ဒေါ်လာ သန်း ၁၂၀ နှင့်အတူ ဖမ်းဆီးခံရ

dollars-photo-cen

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ထိပ်တန်းအရာရှိတဦးကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် ရုရှားနိုင်ငံမှာ အစုလိုက်အပြုံလိုက် အဂတိတိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေပြီလို့ စက်တင်ဘာ ၁၂ ရက်နေ့မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီမီထရီ ဇက်ခါချန်ကိုဟာ ရုရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီမှ ခေါင်းဆောင်တဦးဖြစ်ပြီး မော်စကိုက သူ့နေအိမ်မှာ စက်တင်ဘာ ၁၀ ရက်နေ့က လာဘ်ပေးလာဘ်ယူပြု ယူထားခဲ့တဲ့ ငွေတွေနဲ့အတူ ရဲတွေက ဖမ်းမိခဲ့တာပါ။

Read more

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တရားစွဲဆိုနိုင်သော ဥပဒေကြမ်း အိုဘားမားပယ်ချမည်

14352070_1100807296678823_8955285024134770854_o

ဝါရှင်တန် စက်တင်ဘာ ၁၃

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့် ယင်းတိုက်ခိုက်မှု အတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သူများအနေဖြင့် လျော်ကြေးရရှိနိုင်ရေးအတွက် ဆော်ဒီအာရေဗျ အစိုးရ အဖွဲ့အား တရားစွဲဆိုနိုင်ရန် ခွင့်ပြုပေးမည့် ဥပဒေကြမ်းတစ်ရပ်ကို သမ္မတဘားရက်အိုဘားမားက ဗီတိုအာဏာ အသုံးပြု၍ ပယ်ချမည်ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့ရှ်အန်းနက်က ပြောကြားလိုက်သည်။

Read more

အင်ဒိုနီးရှားတွင် ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းချော် ပျက်ကျ

trigana-air-skids-off-runway

အင်ဒိုနီးရှား နိုင်ငံတွင် ကုန်တင်လေယာဉ်တစ်စီး ပြေးလမ်းပေါ် အဆင်း၌ လမ်းချော် ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက လောင်စာဆီများ တင်ဆောင်လာသည့် လေယာဉ်သည် ပါပူအာရှိ ဝါမီနာ လေဆိပ်သို့ အဆင်းတွင် ပြေးလမ်းမှ ချော်ထွက်သွားခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ကို Trigana လေကြောင်း ဝန်ဆောင်မှု ကုမ္ပဏီက ပိုင်ဆိုင်သည်။

Read more

ဟောင်ကောင်မှလာသော USB များကို သတိထားရန် သတင်းထုတ်ပြန်

၂၀၁၆ ခုနှစ် ဧပြီလခန့် ကတည်းက ထုတ်ခဲ့သော ဟောင်ကောင်မှ USB stick များသည် ပူးတွဲအသုံးပြုလိုက်သည့် ဟာ့ဒ်ဝဲများထံမှ ပါဝါကို အလွန်အမင်းဆွဲယူလိုက်ရုံမက ပေါက်ကွဲမှုများကိုပါ ဖြစ်စေနိုင်ကြောင်း တွေ့ရသော ကြောင့် USB Killer ဟု သတ်မှတ်ထားသည့် ယင်းပစ္စည်းများကို သတိထားကြရန် AFP သတင်းတွင် ဖော်ပြ ထားသည်။

new-picture-3

(more…)


Read more

ငါးကြီးဆီ၏ ကောင်းကျိုးများ

ငါးကြီးဆီဟာ Omega 3 တွေ ကြွယ်ဝစွာပါဝင်တဲ့ တစ်ခုတည်းသော အရာဖြစ်ပါတယ်။ Omega 3 ဟာ ငါးတွေရဲ့ အဆီပိုင်းမှာပဲ ကြွယ်ဝစွာ ပါဝင်တဲ့အရာတစ်ခုပါ။ လူတွေမှာဆိုရင်တော့ မျက်ကြည်လွှာဟာ Omega 3 အကြွယ်ဝဆုံးအပိုင်းဖြစ်ပါတယ်။

new-picture-2

(more…)


Read more

(၁၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲဖွင့်လှစ်

တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang (ကွမ်ရှီကျွာမ်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Nanning (နန်နင်း) မြို့တွင် (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ(၁၁)ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

14257755_1656804397967433_1583084722676522211_o

(more…)


Read more