ရာဇသင်္ဂဟဖောင်ဒေးရှင်းကိုယ်စား မန္တလေးခရိုင်အတွင်းရှိ သက်ကြီးဘိုးဘွားများအား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အိမ်တိုင်ရာရောက် ပူဇော်ကန်တော့

အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း)နာယက အဖြစ် ဦးဆောင်တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မန္တလေးခရိုင်အတွင်း နေထိုင်လျက်ရှိသော အသက် ၁ဝဝ ကျော် ဘိုးဘွားခုနစ်ဦးတို့အား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့မှ အိမ်တိုင်ရာရောက် ပူဇော်ကန်တော့ခဲ့ကြသည်။

14322615_647253815444133_6923204803569051756_n

(more…)


Read more

သက်ရှည်ကျန်းမာစေမည့် မြင်းခွာရွက်သုပ်ဟင်းလျာ

cymera_20150422_1242351

မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇာစ်မြစ်ဟာ အိန္ဒိယနိုင်ငံဖြစ်တာကြောင့် သူ့ရဲ့အမည်ကို Indian Pennywort လို့ခေါ်ပါတယ်။ အရွက်ဟာ မြင်းခွာ ပုံသဏ္ဍာန်နှင့် ဆင်တူလို့ မြန်မာပြည်မှာတော့ မြင်းခွာရွက်ဟူ၍ အလွယ်ခေါ်ကြပါတယ်။
မြင်းခွာရွက်တို့ကို မြင်းခွာရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍ မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး အမျိုးအစား အားလုံးဆေးဖက် ၀င်ကြပါတယ်။ မြင်းခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစား ပုံစံဆင်တူပြီး ကုလားမြင်းခွာ၏ အရွက်မှာ အမွှေးရှိကာ၊ ဆေးမြင်းခွာကတော့ အရွယ်အစား အလွန် သေးငယ် ပါတယ်။
မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်းခါး၊ အသုပ်စသည်ဖြင့် နှုတ်မြိန်အရန်ဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို၊ ရေစင်စင်ဆေးကာ ငါးပိရည်အတို့ အမြှုပ်အဖြစ် အစိမ်းလိုက်ဝါးစားကြပါတယ်။ သူ့ရဲ့ မဆိုသလောက်ဖန်ခါးတဲ့ အရသာလေးက ခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။

Read more

International Computer Driving Licence သင်တန်းဖွင့်မည်

14317384_1413569945325196_4435905438016842376_n

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းက ကြီးမှူးပြီးတော့ International Computer Driving Licence သင်တန်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Ireland နိုင်ငံ European Computer Driving Licence Foundation Ltd က ချမှတ်ထားတဲ့ သင်ရိုးများနဲ့ အညီ သင်ကြားပေးသွားမှာပါ။ သင်တန်းကိုတော့ အနိမ့်ဆုံး Network ပိုင်းဆိုင်ရာ အခြေခံကို သိရှိထားသူတွေသာ တက်ရောက်နိုင်မှာပါ။

Read more

ဂျင်းနဲ့ငရုတ် အတွဲအစပ်ဟာ ကင်ဆာကို လျှော့ချပေးနိုင်

turmeric-ginger-chili-wandering-spice

သင်ဟာ အပူအစပ် အစားအစာတွေကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါလား? ဒါဆိုရင်တော့ သတင်းကောင်း တစ်ခု ရှိပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ဂျင်းနဲ့ ငရုတ်သီးအတွဲဟာ ကင်ဆာအကျိတ်တွေကို ရပ်တန့် ပစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီ ဟင်းခတ် ၂မျိုးလုံးမှာလည်း ကျန်းမာရေးကောင်းကွက်တွေ ကိုယ်စီ ရှိပြီး သားပါ။ အဓိကကတော့ သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေပြီး ကိုယ်ခံအား ကောင်းစေပါတယ်။

Read more

Note 7 ကို လာရောက်လဲလှယ်ဖို့ ထပ်မံတိုက်တွန်း

14355081_1413579168657607_2430514072968315281_n

Samsung ဟာ Galaxy Note 7 ဝယ်ယူထားသူတွေ အမြန်ဆုံးလာရောက်လဲလှယ်ဖို့အတွက် ထပ်မံတိုက်တွန်း လိုက်ပါတယ်။ ဘဏ်နဲ့ချိတ်ဆက် ဝယ်ယူခဲ့ သူတွေ ကိုတော့ သူတို့ကိုယ်တိုင် ဆက်သွယ်ပြီး ပြန်လာလဲလှယ်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

Read more

ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း ၄,၀၀၀ ခန့် ပြန်ဖွင့်

v7

ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ သည့်ဒေသများရှိ ယာယီပိတ်ထား ရသည့် အခြေခံပညာကျောင်း ၄,၀၀၀ ခန့် ပြန်လည်ဖွင့်လှစ်နေပြီး နောက်ကျသည့် သင်ခန်းစာများ ကို ပိတ်ရက်များတွင် အစားထိုး သင်ကြားမည် ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၃,၉၄၇ ကျောင်းကို သြဂုတ် ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူ၊ ကျောင်းသားများကို ပြန်လည်သင်ကြားနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

Read more

ဖွံ့ဖြိုးမှုနည်းသည့် မြို့နယ်များတွင် ရွေ့လျား အိုင်စီတီစင်တာများ ဖွင့်လှစ်မည်

v9

ရန်ကုန်တိုင်းဒေသကြီးရှိ ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်များတွင် ရွေ့လျားအိုင်စီတီနည်းပညာ လေ့လာနိုင်သည့် စင်တာ (Mobile ICT Learning Center)များ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးကွန် ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ အဆိုပါ Mobile ICT Learning Center ကို တည်ထောင်ခဲ့ပြီး လာမည့် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှု ဒုတိယ အနည်းဆုံးမြို့နယ် ထန်းတပင်၌ စတင် ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။

Read more

ချယ်လ်ဆီး နောက်ခံလူ တယ်ရီ (၁၀)ရက်ခန့် အနားယူရမည်

14355669_1763939467192270_169652002152102077_n

ချယ်လ်ဆီး နောက်ခံလူ တယ်ရီသည် ခြေကျင်းဝတ် ဒဏ်ရာကြောင့် (၁၀)ရက်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

အသက်(၃၅)နှစ်အရွယ်ရှိ ချယ်လ်ဆီး အသင်းခေါင်းဆောင် တယ်ရီသည် ဆွမ်ဆီးအသင်းနှင့် (၂-၂)ဂိုး သရေကျသည့် ပွဲတွင် ဒဏ်ရာရခဲ့ပြီး အင်္ဂါနေ့က စစ်ဆေးခဲ့ရာ (၁၀)ရက် ခန့် အနားယူရမည်ဟု တွေ့ရှိရခြင်းဖြစ်သည်။

Read more

မိုးသည်းထန်စွာ ရွာသဖြင့် မန်စီးတီး၏ ချန်ပီယံလိဂ် ပွဲစဉ် ရွှေ့ဆိုင်းရ

manchester-city-postponed-1

မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မန်စီးတီးအသင်းနဲ့ မိုချမ်ဂလာဘတ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်း လိုက်ပြီး ဗုဒ္ဓဟူးနေ့ညမှာ ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ မန်ချက်စတာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ကွင်းမျက်နှာပြင်ဟာ ဘောလုံး ကစားလို့ မရဖြစ်ခဲ့ရပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယနေ့ပွဲစဉ်တွေ ကစားမယ့် နေ့မှာပဲ တပေါင်းတည်း ပါဝင်ကစားမှာဖြစ်ပြီး ပုံမှန်အတိုင်း မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် နံနက် ၁း၁၅ မှာ စတင်မှာ ဖြစ်ပါတယ်။

Read more

အဲရစ်ဒိုင်ယာနှင့် စပါးအသင်း ငါးနှစ်စာချုပ် သက်တမ်းတိုးချုပ်ဆို

042074527

အင်္ဂလန်ကွင်းလယ်လူ အဲရစ်ဒိုင်ယာသည် စပါးအသင်းတွင် ၂၀၂၁ အထိ ရှိနေမည့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် လက်မှတ်ရေးထိုးလိုက်သည်။

စပို့တင်းအသင်းမှ ၂၀၁၄ က စပါးသို့ ပြောင်းလာသော ဒိုင်ယာ (၂၂) နှစ်သည် နည်းပြ ပိုချက်တီနို၏ အဓိက ကစားသမားများအနက် တစ်ဦးဖြစ်လာသည်။

Read more