စစ်ဘေးရှောင်ပြည်သူများသို့ ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင် ဒုက္ခသည် ပြည်သူ လေးထောင်ကျော်တို့အား စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီခွဲတွင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို ဦးဆောင်သော ပါတီဝင် (၇၅) ဦးတို့သည် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ ပေးပို့လှူဒါန်းသော တန်ဖိုးငွေကျပ် ၇၅သိန်း တန်ဖိုးရှိ ဆန်အိတ် ၃ဝဝ၊ တန်ဖိုးငွေကျပ် ခုနစ်သိန်းတန်ဖိုးရှိ အသားတု၊ အာလူး၊ ပဲဝါခြမ်း စုစုပေါင်းတန်ဖိုးငွေကျပ် ၈၂သိန်း သွားရောက် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

Read more

တိုင်း၊ ခရိုင်၊ အိမ်မဲမြို့နယ်ပါတီကော်မတီနှင့် ရပ်/ကျေးပါတီကော်မတီဝင်များ တွေ့ဆုံပွဲကျင်း

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းဝေးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီနှင့် ရပ်/ကျေး ပါတီကော်မတီများ တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၅) ရက် နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ရာ ဗဟိုပါတီကော်မတီဝင်၊ တိုင်းပါတီ ကော်မတီဝင် ဒေါက်တာဋ္ဌေးဝင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဘဏ္ဌာရေး မှူး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား (၁၃၈) ဦး တက်ရောက်ခဲ့ကြသည်။

Read more

မြန်အောင်ပြည်ခိုင်ဖြိုးပါတီ နယ်မြေကွင်းဆင်း၍ တိုက်နယ်အလိုက် ဆွေးနွေးပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့က တောင်ရိုးတိုက် နယ်အတွင်းရှိ ကျေးရွာအုပ်စုများ သို့သွားရောက်ပြီး ကျေးရွာအုပ်စု အမာခံပါတီဝင်များနှင့် တွေ့ဆုံကာ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ပထမဦးစွာ မကျီးကုန်းကျေး ရွာအုပ်စု၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ထိန်သေးကြီးကျေးရွာ အုပ်စုနှင့် သဲဘို့ကျေးရွာအုပ်စုများမှ စည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များအား မကျီးကုန်းကျေးရွာ တွင်တွေ့ဆုံကာ နယ်မြေဒေသ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ရွာသစ်ကုန်းကျေးရွာတွင် မရွေးကုန်းကျေးရွာအုပ်စုနှင့် ညောင်ချင်ကျေးရွာအုပ်စုတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Read more

သန်လျင်မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပါတီရုံး ရတနာခန်းမ၌ စက်တင်ဘာ (၁၄) ရက် နံနက် (၁၁) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်မင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ(၄၅)ခုမှ စည်းရုံးရေးမှူးများ၊ ဒုတိယစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

မြို့တော်ဝန်ဘဝက လက်မရွံ့အဖွဲ့ အသုံးပြုခဲ့သည် ဆိုခြင်းကို ဖိလစ်ပိုင်သမ္မတ၏ ရုံးအဖွဲ့ ငြင်းဆို

gfregreg

မြို့တော်ဝန် ဘဝက ချေမှုန်းသုတ်သင်ရေး လက်မရွံ့ တပ်ဖွဲ့များကို အသုံးပြုကာ ရာဇဝတ်ဂိုဏ်းများကို ကြမ်းကြမ်း တမ်းတမ်း စည်းလွတ်ဝါးလွတ် ဖြိုခွင်းခဲ့ကြောင်း စွပ်စွဲချက်များကို ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး၏ ရုံးအဖွဲ့က ငြင်းဆိုခဲ့သည်။

Read more

သင်မသိသေးတဲ့ မိုဘိုင်းဖုန်းရဲ့ အသုံးဝင်တဲ့ အချက်လေးချက်

ဒီဆောင်းဦမှာ Gabriel Luna က နောက်ဆုံးပေါ် Ghost Rider ပုံစံကို Marvel’s Agents of S.H.I.E.L.D ဆီကိုခေါ်ဆောင်လာတဲ့အခါမှာတော့ Ol’ Flame Head ကရုပ်ရှင်ကားကြီးကနေ ပိတ်ကားလေးပေါ်ကို ကူးပြောင်း လာပါပြီ။

 

img_6513

(more…)


Read more

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဥက္ကဋ္ဌသစ်အဖြစ် ဆယ်ဖယ်ရင် ရွေးချယ်ခံရ

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ယနေ့ ကျင်းပပြုလုပ်ခဲ့ရာ ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဆန္ဒား ဆယ်ဖယ်ရင် ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

uefa

(more…)


Read more

ဂျပန်ရှိ အထင်ကရမီးတောင်ကြီး နှစ် ၃၀ အတွင်း ပေါက်ကွဲမှုကြီးဖြစ်လာနိုင်

ဂျပန်နိုင်ငံရှိ မီးတောင်ရှင်များမှ တစ်ခုဖြစ်သော ဆာကူရာဂျီမာ မီးတောင်သည် လာမည့်နှစ် ၃၀ အတွင်း ကြီးမားစွာ ထပေါက်ကွဲနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

14264084_1252893854741610_803803151952656404_n

(more…)


Read more

ဗြိတိန်ထုတ် ပိုက်ဆံအသစ် ရေနဲ့လျှော်လို့ရပြီတဲ့

 

ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားက ဗြိတိန်ကထုတ်တဲ့ ပိုက်ဆံငွေကြေးအသစ်မှာတော့ အကောင်အထည်ပေါ် သွားပါပြီ။ ပိုက်ဆံအသစ်ထုတ်ရာမှာ ပလပ်စတစ်နဲ့ထုတ်ခဲ့ပြီး ရေနဲ့လျှော်လို့တောင် ရပါသတဲ့။

14316860_1253422261355436_6741903323277422433_n

(more…)


Read more

သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို တရားမဝင်ကြောင်း ကြေငြာလိုက်တဲ့ Warner Bros

ကမ္ဘာကျော်ရုပ်ရှင်နဲ့ Animation စတီရီယိုကြီး Warner Brothers ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်အတွက် မူပိုင်ခွင့်စာချုပ်ချိုးဖောက်မှုအတွက် ရှာဖွေတဲ့ ရလဒ်တွေ ကို ဖယ်ရှားပေးဖို့ Google ကိုပြောကြားခဲ့တယ်လို့ သိရပါတယ်။

wb

(more…)


Read more