ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ (၁၁)ပါတီ၏ ပူးတွဲ သဘောထားကြေညာချက်

ရန်ကုန်မြို့ သံလွင်လမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပါတီဥက္ကဌ ဦးသန်းဌေးနှင့် နိုင်ငံရေးပါတီ (၁၁)ပါတီမှ တာဝန်ရှိသူများ စက်တင်ဘာ (၁၆) ရက်က တွေ့ဆုံပြီး သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ထိုကြေညာချက် အပြည်အစုံမှာ –

14368692_429847350523731_7628246607666195424_n

                                                       ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်   (၁၃၇၈ခုနှစ်တော်သလင်းလပြည့်)

၁။      ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အား ၂၄-၈-၂ဝ၁၆ နေ့တွင် တရားဝင် ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

(more…)


Read more

ဆန် လက်လီ၊ လက်ကား ဈေးကွက်အတွင်း ဆန်ချောတစ်ပြည် ကျပ် ၁၀၀ ခန့် မြင့်တက်လျက် ရှိနေဆဲဖြစ်ပြီး ဈေးနှုန်း သိသိသာသာ ကျဆင်းမှုမရှိသေး

ဆန် လက်လီ၊ လက်ကားဈေးကွက်အတွင်း ဆန်ချောတစ်ပြည်လျှင် ကျပ် ၁၀၀ ခန့် မြင့်တင်လျက်ရှိနေဆဲဖြစ်ပြီး သိသိသာသာ ဈေးနှုန်းကျဆင်းမှု မရှိသေးကြောင်း လက်လီ၊ လက်ကား ရောင်းချလျက်ရှိသည့် ဆန်အရောင်းဆိုင် များမှ သိရသည်။ (more…)


Read more

ကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်၊ တစ်ဒေါ်လာ ၁,၂၃၇ ကျပ်အထိ ရောက်ရှိ

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် ယခုရက်ပိုင်းအတွင်း ဆက်တိုက် မြင့်တက်လာပြီး စက်တင်ဘာ (၁၅) ရက်၌ တစ်ဒေါ်လာ ၁,၂၃၇ ကျပ်အထိ မြင့်တက်လာကြောင်း သတင်းရရှိသည်။ (more…)


Read more

ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံခြားသား၊ နိုင်ငံသား မခွဲခြားဘဲ အခွင့်အရေးတန်းတူ ပေးမည်ဟုဆို

 

အစိုးရသစ်လက်ထက်တွင် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံကြမည့်၊ စီးပွားရေးလုပ်ကိုင်မည့် နိုင်ငံသား၊ နိုင်ငံခြားသား လုပ်ငန်းရှင်များအား အခွင့်အရေးတန်းတူပေးရန် စီစဉ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။ (more…)


Read more

ကယားပြည်နယ်၊ ပါတီကော်မတီဝင်များနှင့် ဖရူဆိုမြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် များနှင့် ဖရူဆိုမြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁၅) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်က ဖရူဆိုမြို့နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီကော်မတီဝင် များဖြစ်ကြသော ဦးရီးချက်၊ ဦးအန်ဒရေးရ(မီး)၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဒေါရစ်လေး၊ ဒေါ်ဗျားမြာမောင်နှင့် လွိုင်ကော်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား (၂၁) ဦး တက်ရောက်ခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ ဘီးလင်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ ကျေး စည်းမှူးများအား တွေ့ဆုံ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီးရုံး အစည်းဝေးခန်းမ၌ စက်တင်ဘာ (၁၄) ရက်နေ့ နံနက် (၁၁) အချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦး တို့သည် ဘီးလင်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

Read more

လေးမျက်နှာမြို့နယ် သမိုင်းဝင်ထူပါရုံစေတီတော်ကြီး သန့်ရှင်းသာယာရေး ၀ိုင်းဝန်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းထွန်း ဦးဆောင်၍ ပါတီကော်မတီဝင် များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ အင်အား (၈၀) ခန့်သည် စက်တင်ဘာလ (၁၅) ရက်က လေးမျက်နှာမြို့နယ် ငဝန်မြစ်တစ်ဖက်ကမ်းရှိ လေးမျက်နှာမြို့ ကျက်သရေဆောင် သမိုင်းဝင် ထူပါရုံစေတီတော် ရင်ပြင်တော်ပေါ် မိုးတွင်းကာလ တင်ကျန်ခဲ့သော နုန်းသဲမြေများကို ဒေသခံပြည်သူများနှင့်အတူ လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြသည်။

Read more

သံတွဲခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များ စုပေါင်း၍ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စက်တင်ဘာလ (၁၅) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Read more

ဘရာဇီးသမ္မတဟောင်းနှင့်ဇနီးကို လာဘ်စားမှုဖြင့် အရေးယူမည်

14324529_1755517098022124_6563290365687974556_o

ရီယိုဒီဂျနေရိုး စက်တင်ဘာ ၁၅

ဘရာဇီးသမ္မတဟောင်း လုဇ်အင်နာစီရို လူလာဒါစီလ်ဗာကို အကျင့်ပျက်ခြစားမှုဖြင့် အရေးယူဆောင်ရွက်ရန် ဖက်ဒရယ် ရှေ့နေများက တောင်းဆိုထားကြောင်း သိရသည်။ လူလာနှင့် ၄င်း၏ ဇနီးတို့သည် ဂွာရူဂျာ ပင်လယ်အပန်းဖြေစခန်း အတွင်းရှိ ဇိမ်ခံအိမ်ကို ပိုင်ဆိုင်မှုအဖြစ် ကြေညာရန် အထောက်အထားပြသနိုင်ခဲ့ခြင်း ရှိ မရှိကို ရှေ့နေများက စုံစမ်းလျက်ရှိကြောင်း သိရသည်။

Read more

“ကုသိုလ်ဝေစည် … တို့ပြည်ခိုင်ဖြိုးပါတီ”

 

ပြအိုးတန်ဆောင်း စေတီကျောင်းနှင့်
ခေါင်းလောင်းသံကြည် ပုဂံပြည်။

မြန်မာလူမျိုး ဂုဏ်မညှိုးခဲ့
အမျိုးဘာသာ သာသနာနှင့်
သဒ္ဒါသန့်ရှင်း ဂုဏ်သတင်းတို့
ထုံသင်းခဲ့သည် ပုဂံပြည်။

ပုဂံပြည်သည် ငါတို့ပြည်မို့
ပြည်ခိုင်ဖြိုးများ ကုသိုလ်ပွား၍
တို့အားအင်ဖြင့် ပြည်ခွင်ဖြောင့်ဖြူးသာစေမည်။

တို့စည်းရုံး၍
ပြည်လုံးညီညွတ်ကြစေမည်။

တို့ချွေးစက်ဖြင့်
မြေထက်သီးပွင့်ဝေစေမည်။

Read more