ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် မုံရွာခရိုင်အတွင်းမှ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်များမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ပါတီရုံးခန်းမ၌ စက်တင်ဘာလ (၁၅) ရက် နံနက်(၁၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် တက်ရောက်၍ အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် သက်ဆိုင်ရာ မုံရွာခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Read more

ပရီးမီးယားလိဂ်တွင် ရှုံးပွဲမရှိသေးသော်လည်း လက်ရှိအနေအထားကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ဟု ကစားသမားများအား ဂွါဒီယိုလာ တိုက်တွန်း

14425284_1766258236960393_6082119401180589477_o

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက မိမိတို့ အသင်းမှာ ပရီးမီးယားလိဂ်ရာသီအစကို ရှုံးပွဲမရှိဖြတ် သန်းနိုင်ခဲ့ သော်လည်း ယင်းအပေါ် အားရကျေနပ်မှု မရှိသင့်ဘဲ လက်ရှိ အနေအထားကို ဆက်လက်ထိန်း သိမ်းရန် လိုအပ် ကြောင်း ကစားသမားများအား တိုက် တွန်းခဲ့သည်။

Read more

မန်ယူအသင်း သုံးပွဲဆက် ရှုံးပွဲကြုံ

05165165165

လန်ဒန်− ယမန်နေ့ညက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ၀က်ဖို့ဒ်က မန်ယူကို ၃-၁ ဂိုး ဖြင့် အနိုင်ယူပြီး မန်ယူအတွက် သုံးပွဲဆက်တိုက်ရှုံးနိမ့်မှုကို အပ်နှင်းခဲ့သည်။

ဝက်ဖို့ဒ်အတွက် ဂျူအန်ဇူနီဂါနှင့် ထရိုင်ဒီနီတို့က ၈၄ မိနစ်နှင့် မိနစ် ၉၀ တွင် အနိုင်ဂိုးများ ရယူခဲ့ပြီး ထိုက်တန်စွာ အနိုင်ယူသွားခဲ့သည်။ ဒီနီ၏ ဂိုးမှာ ပင်နယ်တီမှ ရရှိခြင်းဖြစ်သည်။

Read more

ဝါဒါဘရီမင်နည်းပြ ဗစ်တာစကရစ်နစ်ခ် ထုတ်ပယ်ခံရ

019559434_30300

ယခုရာသီတွင် ၀ါဒါဘရီ မင်အသင်းသည် ငါးပွဲဆက်တိုက် ရှုံးနိမ့်မှုအဖြစ် မိုချန်ဂလာဘတ် ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ ပြီးနောက် နှစ်ပေါင်း ၂၀ ကြာလက်တွဲလာ သော ဗစ်တာစကရစ်နစ်ခ်ကို ၀ါဒါဘရီမင်အသင်းက နည်းပြ ရာထူးမှ ထုတ်ပယ်လိုက်သည်။

Read more

ရီယိုမသန်စွမ်း အားကစားပြိုင်ပွဲယှဉ်ပြိုင်စဉ် အီရန်စက်ဘီးသမား သေဆုံး

14409873_1756818681225299_3832596426080824167_o

ရီယိုဒီဂျနေရိုး စက်တင်ဘာ ၁၈

ရီယိုမသန်စွမ်း အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ အီရန် စက်ဘီးသမားတစ်ဦးသည် C4-5လမ်းကြောင်းပေါ် စီးနင်း ယှဉ်ပြိုင်နေစဉ် မတော်တဆဖြစ်ကာ သေဆုံးသွားကြောင်း သိရသည်။

နိုင်ငံတကာ မသန်စွမ်းအားကစားပြိုင်ပွဲကော်မတီက အီရန်ကစားသမားဘာဟမ်ဂိုဘာနီဇက် (၄၈ နှစ်)သည် ၄င်း စီးနင်းခဲ့သည့် တောင်ဆင်းတောင်တက်သဖွယ် ပြေးလမ်းပေါ်တွင် မတော်တဆဖြစ်ပြီး နှလုံးရပ်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။
အရေးပေါ်လူနာတင် ကားရောက်ရှိလာကာ ဘာရာရှိUnimed Rio အနီးဆုံးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဂိုဘာနီဇက်သည် ၂ဝ၁၂ ခုနှစ်က လန်ဒန်၌ကျင်းပသည့် မသန်စွမ်း အားကစားပြိုင်ပွဲ၌လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Read more

လက်ရွေးစင်ဘ၀မှ အနားယူတော့မယ့် ဆီးဂိမ်းနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင်

olympic-judo-myanmar-vs-trinidad-and-tobago-reuters-1

ဆီးဂိမ်းနှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင် မြန်မာ့ဂျူဒိုကစားသမား ရန်နိုင်စိုးဟာ လက်ရွေးစင်ဘဝက အနားယူတော့မယ် လို့ ပြောကြားလိုက်ပါတယ်။

အသက်အရွယ်ကြောင့်နဲ့ မလေးရှားဆီးဂိမ်းမှာ သူယှဉ်ပြိုင်တဲ့ ၀ိတ်တန်းမပါလာတာတွေကြောင့် အခုလို ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အသက် (၃၈)နှစ်အရွယ် ရန်နိုင်စိုးက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Read more

ထိုင်းတွင် ဘုရားဖူး ရေယာဉ်နစ်မြုပ်၍ ဒါဇင်ကျော် သေဆုံး

thailand_2

ဘန်ကောက်၊ စက်တင်ဘာ ၁၉

ထိုင်းနိုင်ငံ အယုဒ္ဓရမြို့တွင် ပေါင်းကူး တံတားတစ်စင်းနှင့် တိုက်မိပြီး ရေယာဉ် တစ်စီးနစ်မြုပ်ရာ ကလေးငယ် တစ်ဦးအပါအဝင် လူ ၁၃ ဦး   သေဆုံးကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ချာအိုဖာရာယာမြစ်အတွင်း အဆိုပါ နှစ်ထပ်သင်္ဘောက ဒေသစံတော်ချိန် ညနေ လေးနာရီ၌ တိုက်မိခြင်းဖြစ်သည်။ ရေယာဉ်တွင် မွတ်စလင်ဘုရားဖူးများ အများစုလိုက်ပါလာပြီး ခရီးသည် ၁၀၀ ကျော်ထက်မနည်း တင်ဆောင် လာခြင်းဖြစ်သည်။

Read more

မူးယစ်ပြဿ နာ ဖြေရှင်းဖို့ အချိန်ထပ်လိုကြောင်း ဖိလစ်ပိုင် သမ္မတ ပြော

146946198

ဖိလစ်ပိုင်နိုင်ငံမှာ သူသမ္မတတာဝန်ယူပြီး ၃ လကနေ ၆ လအတွင်း မူးယစ်ဆေးရောင်းဝယ်မှုတွေ ပပျောက်အောင် လုပ်မယ်လို့ ကတိပေးထားပေးမယ့် ဒီမူးယစ်ဆေးဝါး ပြဿနာဟာ သိပ်ကို ကြီးမားတဲ့အတွက် အခု သူပေးထားတဲ့ ကတိအတိုင်း လုပ်နိုင်မယ် မထင်ဘူးလို့ ပထမဆုံးအကြိမ်အဖြစ် ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

Read more

အမေရိကန်မှာ ၂၄ နာရီအတွင်း တိုက်ခိုက်မှု သုံးခု ဖြစ်ပွားခဲ့

2016-09-19-075146

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း နယူးယော့ခ်မြို့ အပါအဝင် နေရာသုံးခုမှာ တိုက်ခိုက်တွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ၈ နာရီခွဲဝန်းကျင်းက နယူးယော့ခ်မြို့မှာ အမှိုက်ပုံး တစ်ခုအတွင်းမှ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လူ ၂၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

Read more

ရုရှားနိုင်ငံ၌ အောက်လွှတ်တော်နှင့် ဒေသန္တရရွေးကောက်ပွဲများ ကျင်းပ

14362446_1104943266265226_2734578482366978170_o

ဗလာဒီဗော့စတော့ စက်တင်ဘာ ၁၈

ရုရှားနိုင်ငံ၌ အောက်လွှတ်တော်နှင့် ဒေသန္တရရွေးကောက်ပွဲများကို စက်တင်ဘာ ၁၈ ရက်တွင် စတင်ကျင်းပကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

အချိန်ဇုန် ၁၁ ဇုန်အထိ ပိုင်းခြားထားသော ရုရှားနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သော မဲရုံများမှာ နိုင်ငံအရှေ့စွန်းရှိ ကမ်ချတ်ကာ ကျွန်းဆွယ်၌ တည်ရှိသည်။

Read more