ပြည်တွင်း စက်သုံးဆီဈေး တစ်ကျော့ပြန် မြင့်တက်

13081804_1136480829709399_320826700_n

ကမ္ဘာ့ရေနံစိမ်းဈေးနှင့် နိုင်ငံတကာငွေလဲဈေးမြင့်တက် လာခြင်းကြောင့် ပြည်တွင်းစက် သုံးဆီဈေးမှာ ရက်ပိုင်း အတွင်း တစ်ကျော့ပြန် မြင့်တက်လာကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ရေနံစိမ်း ဈေးမှာ စက်တင်ဘာကစ၍ တဖြည်းဖြည်းတက်လာရာ တစ်စည်လျှင် ၅၄ ဒေါ်လာသို့ ရောက်ရှိ လာခဲ့၍ ဒေါ်လာ ၅၀ အောက်တွင် တစ်နှစ်ကျော်ကြာ ရှိနေရာမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

Read more

ဆူးလေစကွဲစီမံကိန်း ဒဏ်ကြေးကျပ်နှစ်ဘီလီယံ ပေးဆောင်ရမည်

14483835_1245416852149129_1998469473_n

ဆူးလေစကွဲ (Sule Square) အထပ်မြင့် အဆောက်အအုံစီမံကိန်းသည် မူလ အဆောက်အအုံဒီဇိုင်းကို ပြင်ဆင် ဆောက်လုပ်မှုကြောင့် ဒဏ်ကြေး ကျပ် နှစ်ဘီလီယံ ကျော်ပေးဆောင် ရမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဆူးလေရှန်ဂရီလာဟိုတယ် နှင့်ကပ်လျက်တည်ဆောက်သော အဆိုပါစီမံကိန်းသည် ၂၃ ထပ်မြင့်သည့် အဆောက် အအုံဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ပထမဆုံး အရေးယူသည့် ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ကာ မူလခွင့်ပြုထား သည့်စီမံကိန်းထက် အထပ်ပိုဆောက်ခဲ့၍ ယခုကဲ့သို့ ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ အဆောက်အအုံဌာန ဌာနမှူး ဦးသန်းဌေးက ပြောသည်။

Read more

ရန်ကုန်နှင့် မြို့ကြီးအချို့ အင်အားပြင်း မြေငလျင်အန္တရာယ်ရှိ

 13081804_1136480829709399_320826700_n

စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ၃၅ ကီလိုမီတာ အကွာတွင် တည်ရှိနေသည့် ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့မှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မည့် အန္တရာယ်ရှိနေပြီး ငလျင်လှုပ်ခတ်ခဲ့ပါက အပျက်အစီး အဆုံးအရှုံး များနိုင်ကြောင်း မြေငလျင်ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

Read more

ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများဆိုင်ရာ ယူနက်စကို၏ အစီရင်ခံစာ ယခုလကုန်ထွက်ရှိမည်

13081804_1136480829709399_320826700_n

ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က စစ်ဆေးမှုများပြုလုပ်ထားသော ငလျင်ဒဏ်သင့် ရှေးဟောင်းပုဂံမြို့ရှိ စေတီပုထိုးများ၏ အစီရင်ခံစာကို စက်တင်ဘာလကုန်တွင် အစိုးရထံတင်ပြမည်ဖြစ်ကြောင်း ယူနက်စကို၏ ယဉ်ကျေးမှုဌာနအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောသည်။

‘‘ယူနက်စကိုက စစ်ဆေးထားတဲ့ အစီရင်ခံစာကို ဒီလကုန်ပိုင်းလောက် နောက်တစ်ပတ်လောက်မှာ အစိုးရကို တင်ပြမှာဖြစ်တယ်။ ပြည်ထောင်စုဝန်ကြီး (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး)ထံ တင်ပြမှာပေါ့’’ ဟု ဒေါ်ဥမ္မာမျိုး က 7Day Daily သတင်းစာအားပြောသည်။

Read more

ပရိသတ်များ စိတ်ဝင်စားနေသည့် MMA ပြိုင်ပွဲ အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်

14508492_1245415472149267_1604446748_n

မြန်မာအားကစားပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လာသည့် MMA (ဘက်စုံကိုယ်ခံပညာသုံး) အားကစား ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မြန်မာနာမည်ကျော် ကစားသမား အောင်လအန်ဆန် အပါအဝင် ပွဲစဉ် ကိုးပွဲ ပါဝင်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် အောင်လအန်ဆန်၏ ပွဲအပါအဝင် အဓိကတွဲဆိုင်းတစ်ပွဲ၊ မြန်မာကစားသမားများအတွက် ရွှေခါးပတ်လုပွဲများ ပါဝင်မည်ဖြစ်သည်။ မြန်မာပရိသတ်များအကြား MMA အားကစားနည်းကို ပိုမိုစိတ်ဝင်စားစေ ခဲ့သူ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ပိုလန်နိုင်ငံသား ပတ်စတာနက်ခ်နှင့် ထိုးသတ်မည်ဖြစ်ပြီး အဓိက တွဲဆိုင်းအဖြစ် STRAW ဝိတ်တန်းချန်ပီယံလုပွဲဖြစ်သော ယိုရှီတာကာ(ဂျပန်)နှင့် ဂျိုရှုအာ (ဖိလစ်ပိုင်)တို့ ထိုးသတ်မည်ဖြစ်သည်။

Read more

မြန်မာဘောလုံးအသင်း ဆီးဂိမ်းတွင် အောင်မြင်မှုရရေး ကျပ်သိန်း ၅၀၀၀ ကျော် အကုန်ခံ ပြင်ဆင်မည်

14469245_1245415612149253_341491521_n

မြန်မာဘောလုံးအသင်းဟာ မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာ အောင်မြင်မှုရဖို့အတွက် ကျပ်သိန်း ၅၀၀၀ ကျော် အကုန် ကျခံပြီး ပြင်ဆင်လေ့ကျင့်သွားမယ်လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ကျင်းပမယ့် မလေးရှားဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ ယူ ၂၂ အသင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲအထိရောက်ဖို့ မျှော်မှန်းထားတယ်လို့ ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

Read more

ပုခုံးဒဏ်ရာကြောင့် တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ ဆီရီနာဝီလျံ နုတ်ထွက်ခဲ့ရ

152165165

ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဆီရီနာဝီလျံဟာ ပုခုံးဒဏ်ရာကြောင့် တရုတ်နိုင်ငံမှာ လာမယ့်တစ်ပတ်အတွင်း ကျင်းပမယ့် ဝူဟန်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ရပါတယ်။

အသက် (၃၄) နှစ်အရွယ် ရှိပြီဖြစ်တဲ့ တင်းနစ်မယ် အတွက်တော့ ဒီဒဏ်ရာက ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက ရှိနေခဲ့တာ ဖြစ်ပြီး သူမရဲ့ ၂၂ ခုမြောက် ဂရင်းဆလင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာပါ။

Read more

ဘောလုံးလောကကိုလှုပ်ခတ်သွားစေသည့် မော်ရင်ညို၏ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် ထွက်ရှိ

14454558_1245415752149239_231521425_n

မန်ယူနည်းပြမော်ရင်ညိုသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုများကို အစုံအလင် ထုတ်ဖော်ရေးသားထားသည့် Up Close and Personal အမည်ရ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီဖြစ်ရာ ယင်းစာအုပ်တွင် ပါရှိသည့် အချို့သောအကြောင်းအရာများမှာ ဘောလုံးလောကကို လွန်စွာလှုပ်ခတ် သွားစေခဲ့ကြောင်း Daily Mail က ဖော်ပြ ထားသည်။

Read more

ဆီးရီးယားရှိ အလက်ပိုမြို့တွင် လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ကုလသမဂ္ဂတွင် ရုရှားကို အပြစ်တင်

14483420_1245415762149238_316904661_n

နယူးယောက် စက်တင်ဘာ ၂၆

ငါးနှစ်ကျော်ကြာဖြစ်ပွားနေသော စစ်ပွဲအတွင်း အကြီးမားဆုံးဗုံးကြဲတိုက်ခိုက်မှုအဖြစ် ဆီးရီးယားနှင့် ရုရှားစစ် လေယာဉ်များသည် အလက်ပိုမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အခြေအနေများ ဆိုးရွားသွားခဲ့သည့်အတွက် တနင်္ဂနွေ နေ့တွင် ကုလသမဂ္ဂ၌ ရုရှားကို ဗြိတိန်၊ ပြင်သစ် နှင့် အမေရိကန်နိုင်ငံတို့က ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။

Read more

မူးယစ်ဆေးဝါးစစ်ပွဲတွင် ကမ္ဘာက ဝင်မစွက်ဖက်ရန် ဖိလစ်ပိုင်ပြော

14459019_1245415788815902_1997326126_n

ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ပါဖက်တိုယာဆေး

 

ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ရေးအပေါ် ဝေဖန်မှုများအား တုံ့ပြန်သည့် အနေဖြင့် ကုလသမဂ္ဂအနေဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် စက်တင်ဘာ ၂၄ ရက်က ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး ပါဖက်တိုယာဆေး (Perfecto Yasay) က ပြောသည်။

Read more