မိုင်းဆတ်ပြည်ခိုင်ဖြိုး လယ်ယာများ ပိုးသတ်ဆေးဖျန်းခြင်း တောင်သူ လယ်သများအား ပိုသတ်ဆေးဖြန့်ဝေပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များသည် မိုင်းဆတ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်း၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့်အတူ စက်တင်ဘာလ (၂၆) ရက်က မိုင်းဆတ်မြို့နယ် ထူးဒေါ့ (၈)မိုင်ကျေးရွာ မှ လယ်ယာမြေ (စပါးခင်းများ) တွင် ရွက်လိပ်ပိုး၊ ရွက်ကပ်ပိုး၊ ကြက်သွန်မြိတ်ပိုးများ ကျရောက်နေသော လယ်ဧကပေါင်း (၂၀)ခန့်အား သွားရောက်ကြည့်ရှုပြီး လယ်ယာများ အား လက်တွေ့ ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်း၊ တောင်သူလယ်သမားများအား ပိုးသတ်ဆေးများ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Read more

ပုဂံဒေသလုပ်အားပေး မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့အား မန္တလေးတိုင်းပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တွေ့ဆုံနှုတ်ဆက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်း ဒေသကြီးပါတီ ဥက္ကဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့သို့ ရောက်ရှိနေကြသော မိုးညင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပုဂံဒေသ လုပ်အားပေး လူငယ်အဖွဲ့အား စက်တင်ဘာလ (၂၆) ရက် နေ့လည် (၂) နာရီခွဲအချိန်က တိုင်းဒေသကြီးပါတီရုံးခန်းမ၌ တွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

Read more

မာလကာသီး စိုက်ပျိုးထုတ်လုပ်ခြင်း လေ့လာကြရအောင်

မာလကာသီးကို လူတန်းစားမရွေး နှစ်သက်စွာ စားသုံးလေ့ရှိပါတယ်။ မာလကာသီးမှာ အူနီမျိုးနဲ့ အူဖြူမျိုးဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ မိုးရေချိန် လက်မ ၄၀ မှ မိုးရေချိန် လက်မ ၆၀ အတွင်းရရှိတဲ့ အရပ်ဒေသတွေမှာဆိုရင်တော့ မာလကာပင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းပါတယ်။

images

(more…)


Read more

ခရမ်းမြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၆) ရက်နေ့လည် ၁ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကို တိုင်းပါတီ၏ညွှန်ကြားချက်အရ ခရမ်းမြို့နယ်ပါတီ မြို့နယ်အလုပ်အမှုဆောင် လိုအပ်ချက် ဖြည့်တင်းရန် ပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးမျိုးဇော်ဦးနှင့် ဦးအောင်ကိုကိုဦး တို့အား မြို့နယ်အလုပ်အမှု ဆောင်များအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

Read more

ပျော်ဘွယ်မြို့နယ် အေးသန်းကုန်းရွာ မီးလင်းပြီ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တက်ရောက်ဖွင့်လှစ်ပေး

ပျော်ဘွယ်မြို့နယ် တောတွင်လှအုပ်စု အေးသန်းကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို စက်တင်ဘာလ (၂၅) ရက် ညနေပိုင်းတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲသို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကြည်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ၊ ရွာမိရွာဖများနှင့် ကျေးရွာနေပြည်ျား တက်ရောက် ခဲ့ကြသည်။

Read more

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၆၇)နှစ်မြောက် အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့် အဖွဲ့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၆၇) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး HE. Mr. HONG Liang မှ တည်ခင်းဧည့်ခံသော ညစာစားပွဲ အခမ်းအနားကို (၂၆-၉-၂၀၁၆)ရက် (တနင်္လာနေ့) ညနေ (၆) နာရီအချိန်က နေပြည်တော်ရှိ MICC-2 တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဦးခင်ရီ၊ ဦးသောင်းအေး နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Read more

ဒေါ်လာ ၁၃၀ တန် ကင်မရာပါ နေကာမျက်မှန်ကို Snapchat ထုတ်လုပ်

14469284_1245416828815798_1831131748_n

အမေရိကန်အခြေစိုက် ဆိုရှယ်မီဒီယာကုမ္ပဏီ Snapchat က ဗီဒီယိုရိုက်ကူးနိုင်သည့် ကင်မရာပါ နေကာမျက်မှန် တစ်မျိုးကို ထုတ်ဖော်ပြသလိုက်သည်။

အဆိုပါ နေကာမျက်မှန်ကိုကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်သွားမည်ဖြစ်ပြီး ဈေးနှုန်းကို ဒေါ်လာ ၁၂၉ ဒသမ ၉၉ ဖြင့်   ရောင်းချသွားမည် ဖြစ်ကြောင်း   ဝေါစထရိဂျာနယ်က ထုတ်ဖော် တင်ပြသည်။

Read more

iPhone တက်ခ်မက်ဆေ့ခ်ျတွေမှာ စတစ်ကာတွေ စတင် အသုံးပြုနိုင်ပြီ

14463679_1245416712149143_1493690608_n

မကြာသေးမီက Apple ဟာ သူ့ရဲ့ Messages app ကို စတစ်ကာတွေ၊ အင်နီမီးရှင်းတွေ၊ OpenTable နဲ့ Fandango တို့လို ဝန်ဆောင်မှုတွေနဲ့ တွဲဖက်သုံးနိုင်အောင် ထည့်သွင်းကာ မဟာပြုပြင်မွမ်းမံမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို Apple ထုတ် မိုဘိုင်းလ်ပစ္စည်းကိရိယာတွေအတွက်တော့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ iPhone နဲ့ iPad တွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Read more

ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်မည်

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာနှင့်ပတ်သက်၍ ဖြေလျှော့မှုများ နှစ်ပတ်အတွင်း အတည်ပြုထုတ်ပြန်နိုင်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင် က ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဗီဇာကြေးပြင်ဆင်သတ်မှတ်ခြင်း၊ နေခွင့်ကာလတိုးမြှင့်ခြင်း၊ ဗီဇာလျှောက်ထားရာတွင် လိုအပ်သည့် သတ်မှတ်ချက်များ ဖြေလျှော့ခြင်း များပြုလုပ်နိုင်ရန် ဗဟိုအဆင့်သို့ တင်ပြထားပြီးဖြစ်ကာ အတည်ပြု ဆုံးဖြတ်ရန် အဆင့်သာ ကျန်တော့ကြောင်း ၎င်းက ပြောကြားသည်။

Read more

တစညပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင် မဝင် မဆုံးဖြတ်ရသေးဟုဆို

13081804_1136480829709399_320826700_n

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီအနေနှင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မပြိုင်ကို ဆုံးဖြတ်ထားရခြင်း မရှိသေး ကြောင်း တစည ပါတီဗဟိုကော်မတီဝင် ဦးအောင်သိန်းက ပါတီ၏ တည်ထောင်ခြင်း ၂၈ နှစ်မြောက် အခမ်းအနားတွင် ပြောကြားသည်။

လက်ရှိအခြေအနေအရ ပါတီတွင်း အောက်ခြေအဖွဲ့အစည်းများ ခိုင်မာရေးကို လုပ်ဆောင်နေပြီး ကြားဖြတ် ရွေးကောက်ပွဲထက် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် အခြေအနေ ကောင်းမွန်ရေးကို ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Read more