မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်

မကွေးမြို့နယ် သမန်းတောအုပ်စု ပုတီးကုန်းကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၇) ရက်နေ့က ကျင်းပရာ မကွေးမြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းမှူးများနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများ တက်ရောက် အားပေးကြပြီး ပါတီရှေ့လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ပူပေါင်းလုပ်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။

ကိုစိန်မြင့်

Read more

မြစ်ကြီးနားမြို့နယ်ပါတီကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာပါတီကော်မတီများ တွေ့ဆုံ၊ စာရေးကိရိယာများ လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းသည် စက်တင် ဘာလ (၂၆) ရက် နေ့လည် (၁) နာရီတွင် ဆင်ဘိုပါတီရုံး ၌ စည်းရုံးရေး နယ်မြေ ဂွင် (၇) တာဝန်ခံ မြို့နယ်ပါတီ ကော်မတီဝင် ဦးစိုးညွန့်နှင့်အတူ ဆင်ဘိုမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပါတီ စည်းရုံးရေးမှူးးများ၊ ကော်မတီ ဝင်များနှင့် တွေ့ဆုံလျှက် ဒုတိယအကြိမ် ပါတီညီလာခံတွင် ပါတီဥက္က္ကဋ္ဌကြီး မိန့်ကြားလမ်းညွှန်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရေး၊ ပါတီတွင်း စည်းလုံး ညီညွတ်ရေး၊ ကျစ်လစ်ခိုင်မာရေးတို့အား အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

Read more

ဘီးလင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းစဉ်များ ဆွေးနွေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဒေါက်တာ ခင်မောင်သွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီလုပ်ငန်းစဉ်များဆွေးနွေးခြင်းနှင့် ရေးရာကော်မတီကိစ္စရပ်များ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

Read more

မကွေးတိုင်းဒေသကြီးပါတီကော်မတီ အပတ်စဉ် လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီးပါတီကော်မတီအဖွဲ့၏ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ က တိုင်းဒေသကြီးပါတီအစည်း အဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက ပါတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ် စွာဖြင့် လုပ်ကိုင်ပါက ပိုမိုအောင်မြင်သည်မှာ လက်တွေ့ဖြစ်ကြောင်း၊ ပါတီ ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်များအကြား လုပ်ငန်းဆက်သွယ်မှု ချောမွေ့စေရေး အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ပါတီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ တက်ရောက်လာသော ကော်မတီဝင်များက အကြံပြု ဆွေးနွေး မှုများ ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

Read more

သံဖြူဇရပ်ပြည်ခိုင်ဖြိုးပါတီကော်မတီ အစည်းအဝေုးပြုလုပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးစိုးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီလုပ်ငန်းစဉ်များဆွေးနွေးခြင်း၊ ရေးရာကော်မတီကိစ္စရပ်များအားဆွေးနွေးကြကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Read more

တိုင်း၊ ခရိုင်၊ အမရပူရမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ စက်တင်ဘာလ (၂၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က တိုင်း/ခရိုင်/မြို့နယ်ကော်မတီမျာတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ်ပါတီဥက္ကဌ ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး အနောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင် များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော် မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းသင်းမိုးတို့သည် စက်တင် ဘာလ (၂၇)ရက် နေ့လည် (၁) နာရီအချိန်က အနောက်ပိုင်းခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၃)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

Read more

Iron Maiden ၂၀၁၇ ဗြိတိန် ဖျော်ဖြေရေး ရက်များကို ကြေညာ

14445802_1246245828732898_1635592920_n

ဗြိတိန်တေးဂီတအဖွဲ့ Iron Maiden သည် ၎င်းတို့၏ ဥရောပဖျော်ဖြေပွဲ “ The Book Of Souls” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ၂၀၁၇ နွေဦးတွင် ဆက်လက် ကျင်းပသွား မည် ဖြစ်ကြောင်း နှင့် ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘယ်လ်ဂျီယံ နိုင်ငံ အန်ထရပ်မြို့တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

Read more

အသားအရေအတွက် အရေပြား ဆရာဝန်တွေကိုယ်တိုင် လိုက်နာတဲ့အချက် (၅) ချက်

14483731_1246244622066352_206914646_n

() မျက်လုံးအတွက် သီးသန့်ခရင်မ် (Eye Cream) သုံးပါ

မျက်လုံးတစ်ဝိုက်က အရေပြားဟာ အနုနယ်ဆုံးနဲ့ အပါးလွှာဆုံးဖြစ်ပြီး အိုမင်းရင့်ရော်မှု အမြန်ဆုံး နေရာလည်း ဖြစ်တယ်လို့ အရေပြား အထူးကုဆရာဝန် ဒီဘရာဂျာလီမန်က ဆိုပါတယ်။  မျက်လုံးတစ်ဝိုက် အရေပြားကို ကိုယ်နဲ့ သင့်တော်မယ့် Eye Cream တစ်ခုခု အချိန်ပေးပြီး ဂရုတစိုက် လိမ်းပေးသင့်ပါတယ်။

Read more

အိမ်မွေး တိရစ္ဆာန် ချစ်သူတွေ သတိပြုရမယ့် အချက် ငါးချက်

14483673_1246244582066356_1219169259_n

တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူတွေဟာ အိမ်မှာ ခွေး၊ ကြောင်တွေကို မွေးလေ့ရှိတဲ့အပြင် တယုတယနဲ့ အတူတူ အိပ်စက်တတ်သူတွေလည်း ရှိတဲ့အတွက် အိမ်မွေးတိရစ္ဆာန်ချစ်သူတွေ ကျန်းမာရေးအတွက် သတိပြုရမယ့် အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Read more