ဆမ်အလာဒွိုက်စ်နှင့် အက်ဖ်အေတို့ နှစ်ဦးသဘောတူ လမ်းခွဲ

sam-allardyce

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်သည် ၎င်း၏ရာထူးဂုဏ်ပုဒ်ကို မလျော်ကန်စွာ အသုံးချ ခဲ့ခြင်း၊ အက်ဖ်အေက ထုတ်ပြန်ချမှတ်ထားသည့် ဥပဒေကို မည်သို့မည်ပုံ လက်တစ်လုံးခြားလုပ်၍ ရနိုင်ကြောင်း နည်းပေးလမ်းပြခဲ့ခြင်းများအတွက် အရေးယူခံလိုက်ရပြီဖြစ်ကာ အက်ဖ်အေတာဝန်ရှိသူများက ဆမ်အလာဒွိုက်စ် ကို ခေါ်ယူတွေ့ဆုံအပြီးတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူ၍ လမ်းခွဲရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း BBC က ဖော်ပြထားသည်။

Read more

ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမည့် နည်းပြဂွါဒီယိုလာကို ဆဲလ်တစ်နည်းပြရော်ဂျာ ချီးကျူးပြောကြားမှုများပြုလုပ်

guadiola

စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသင်း၏ နည်းပြ ရော်ဂျာ သည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ တွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့် မန်စီးတီးအသင်း၏ နည်းပြ ဂွါဒီယိုလာအပေါ် ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဘောလုံးလောက၏ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ကြောင်း ဖွင့်ဟချီးကျူးသွားခဲ့သည်။

Read more

ဂျူပီတာရဲ့ ဂြိုဟ်ရံလ ယူရိုပါမှ အာကာသအတွင်း ရေများပန်းထွက်

38a4d9f100000578-3808419-this-is-an-artist-s-concept-of-a-plume-of-water-vapour-thought-t-a-75-1474921777571

၂၀၁၃ ခုနှစ်မှာ ဟာဘယ်တယ်လီစကုပ်ဖြင့် လေ့လာမှုအရ ယူရိုပါမှာ ရေရှိနိုင်တဲ့ အခြေအနေကို သိပ္ပံပညာရှင် တွေက စတင်တွေ့ရှိခဲ့ထားခဲ့ပါတယ်။

ဂျူပီတာဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ယူရိုပါ (Europa) မှရေများ အာကာသအတွင်း ပန်းထွက်ကြောင်း နောက်ထပ် အထောက်အထားများ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Read more

အင်ဒိုမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသွားများကို ရွှေ့ပြောင်းပေးရ

indo

အင်ဒိုနီးရှားနိုင်ငံရှိ အပျော်ခြေလျင်ခရီးထွက်မှု များပြားတဲ့ နေရာတစ်ခုမှာ မီးတောင်ပေါက်ကွဲခဲ့မှုကြောင့် နိုင်ငံခြားသားအများစု အပါအဝင် ခရီးသွား ၄၀၀ နီးပါးကို ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွမ်ဘွတ်ခ်ကျွန်းပေါ်ရှိ ဘာရူဂျာနီမီးတောင်မှာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ စတင်ပေါက်ကွဲခဲ့ပြီး မီးတောင်အထက် ၁.၂ မိုင်အကွာအထိ မီးခိုးနဲ့ ပြာမှုန်များ ထွက်ရှိခဲ့ကြောင်း သိရပါတယ်။

Read more

တောင်တရုတ်ပင်လယ်၌ ဂျပန်-အမေရိကန် ပူးပေါင်း ကင်းလှည့်မည်

japan-american

ဂျပန်နှင့် အမေရိကန်တို့အနေဖြင့် တောင်တရုတ်ပင်လယ်ရှိ ဗီယက်နမ်၊ ဖိလစ်ပိုင်အစရှိသည့် ဒေသတွင်း ရေတပ်များနှင့် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်ခြင်း၊ ကင်းလှည့်ခြင်းများကို ပိုမိုထိတွေ့တိုးမြှင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါက ပြောလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ရှိ ကမ်းရိုးတန်းနိုင်ငံများ၏ ကာကွယ်ရေးစွမ်းရည်တည်ဆောက်ရာ၌ ဂျပန်က ကူညီမည် ဖြစ်ကြောင်း မနေ့က၀ါရှင်တန်မြို့ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန၌ ပင်တာဂွန် စစ်ဌာနချုပ် အကြီး အကဲ အက်ရှ်ကာတာနှင့် ပထမအကြိမ်တွေ့ဆုံစဉ် ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါက ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

Read more

အီရန်သမ္မတဟောင်း ၂၀၁၇ ရွေးကောက်ပွဲ ၀င်မည်မဟုတ်

iran

အီရန်သမ္မတဟောင်း Mahmoud Ahmadinejad က နောက်နှစ်ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်ဆိုရင် သဘောထားကွဲပြားမှုတွေ ကြီးထွားလာလိမ့်မယ်လို့ နိုင်ငံ့ဥသျှောင် Ayatollah Ali Khamenei က သတိပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Read more

တရုတ်နိုင်ငံရှိ တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်နေသည့် ဒေသများတွင် ကျောင်းများကို ပိတ်လိုက်ရပြီး ငါးဖမ်းစက်လှေ များကို ပြန်ခေါ်

thaiwan

တိုင်ဖုန်းမုန်တိုင်းကြောင့် တွေ့ရသော အပျက်အစီးအချီူ့

ရှန်ဟိုင်း စက်တင်ဘာ ၂၈

တရုတ်နိုင်ငံတောင်ပိုင်းရှိ ဖူဂျီအန်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့၌ တိုင်ဖုန်းမုန်တိုင်း မဂ္ဂီ ကုန်တွင်းပိုင်းသို့ ၀င်ရောက် ခဲ့မှုကြောင့် ကျောင်းများကို ပိတ်လိုက်ရပြီး လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းလိုက်ရကြောင်း၊ လေပြင်းများသည်လည်း တစ်နာရီလျှင် ၇၅ မိုင်အထိ တိုက်ခတ်လျှက်ရှိကြောင်း ဆင်ဟွာသတင်း ဌာနက ထုတ်ပြန်သည်။

Read more

အစ္စရေးသမ္မတဟောင်း ရှီမွန်ပဲရက်စ် အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်

israel

ဂျေရုစလင် စက်တင်ဘာ ၂၈

အစ္စရေးသမ္မတဟောင်းနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ရှီမွန်ပဲရက်စ်သည် လေဖြတ်ရောဂါဝေဒနာကို သီတင်း နှစ်ပတ်ကြာခံစားခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း မိသားစုဆရာဝန်က ပြောကြားသည်။

အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်းသည် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သားမက်ဖြစ်သူ ရာဖီဝဲဒန်က ပြောသည်။

Read more

ဆပ်ပြာတိုက်သည့် ပလတ်စတစ်ဖတ်များကို မသုံးသင့်သည့် အကြောင်းရင်း

ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပြီး ဆရာဝန်တွေ လုံးဝမသုံးခိုင်းတဲ့ အရာဖြစ်ပါတယ်။

Read more

လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တွေ့ဆုံပွဲကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ အမျိုးသမီးရေးရာ တွေ့ဆုံပွဲကို စက်တင်ဘာ (၂၇) ရက် နံနက် (၁၀) နာရီအချိန်က လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူးဦးဌေးရယ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးလူရယ်ဖိုးလူ၊ ဦးကိုးရယ်၊ ဒေါ်မေရီယန် ပြည်နယ်/ လွိုင်ကော်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်း အင်အား ( ၈၀)ဦးတက်ရောက်ခဲ့ကြ သည်။

Read more