ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ရပ်ကွက်ပါတီခေါင်းဆောင်များ၊ ပါတီအမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင်ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း (မြို့နယ်ဘဏ္ဍာရေးမှူး) ဦးစိုးကျော်အောင်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်၊ ဦးဘိုဘိုမောင်တို့သည် အောက်တိုဘာ (၂၆) ရက် နံနက် (၉) နာရီခွဲအချိန်က တာချီလိတ် ခရိုင်/မြို့နယ်ပါတီရုံး၌ ပုန်းထွန်၊ ၀မ်ကောင်း၊ မကာဟိုခမ်းရပ်ကွက် ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ ပါတီအမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံ၍ ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိပ်များကို ရပ်ကွက်အလိုက် ဖွဲ့စည်းမည့် ပါတီကဏ္ဍများကို ဆွေးနွေးခဲ့သည်။

14856167_692837807558451_3590120121914683424_o

(more…)


Read more

သန်လျင်ပြည်ခိုင်ဖြိုးပါတီ ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းငွေအား သွားရောက်လှူဒါန်းပူဇော်

thanlyin1

အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း) ၏ ရာဇသင်္ဂဟ ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် အသက်တစ်ရာကျော် သက်ကြီးဘိုးဘွားများအား လိုက်လံဂါဝရပြု ကန်တော့လျက်ရှိရာ အောက်တိုဘာ (၂၅) ရက်က သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးကျော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီစည်းရုံးရေးမှူးနှင့် အမှုဆောင်အဖွဲ့များမှ သန်လျင်မြို့နယ် ဖားကူး အရှေ့ကျေးရွာရှိ ပုပ္ပါရုံကျောင်းတိုက်ဆရာတော် သက်တော် (၁၀၆) နှစ်ထံသို့ သွားရောက်၍ ငွေကျပ် နှစ်သိန်း တိတိနှင့် ရာဇသင်္ဂဟဖောင်ဒေးရှင်၏ ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ဆရာတော်ကြီး၏ ကိုယ်စား တိုက်အုပ် ဆရာတော်အား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

မာန်အောင်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ်အရံကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေး ခေါင်းဆောင်များ အောက်တိုဘာ (၂၆) ရက်က တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

4

(more…)


Read more

ပုသိမ်ကြီးပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ

ပုသိမ်ကြီးမြို့နယ် မြို့နယ်နှင့် ရပ်/ကျေးပါတီဝင်များ ပုံမှန်အစည်းအဝေးကို မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၂၅) ရက် နံနက် ၁ဝ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင်များအင်အား ၈၁ ဦး တက်ရောက်ခဲ့ကြ သည်။

pathein-gyi

(more…)


Read more

ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်ခရိုင်၊မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာ ပါတီကော်မတီများနှင့် တွေ့ဆုံ၊လမ်းညွှန်

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် မြစ်ကြီးနားခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာ ပါတီကော်မတီများ တွေ့ဆုံပွဲကို အောက်တိုဘာ (၂၆) ရက် နေ့လည်(၁)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

14650275_335278110181251_5416952490099016597_n

(more…)


Read more

ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် ဆရာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (စီးပွားရေးရာကော်မတီတာဝန်ခံ) ဦးသူရိန်ဇော် သည် အောက်တိုဘာ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ကော့ကရိတ်မြို့နယ်ပေါ်ရှိ မြို့မကျောင်း၊ မင်္ဂလာဇေယျံကျောင်း၊ ကျုံဒိုးမြို့ပေါ်ရှိ ဓမ္မသူခကျောင်း၊ တောင်ပေါ်ကျောင်း၊ ရန်ကုတ်၊ နောင်ဟင်၊ ကော့ပလံ၊ ၀ဲကင်းအံ၊ နောင်လီကျေးရွာများမှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

14883408_1873853369502441_8095841387245455130_o

(more…)


Read more

ဗဟိုအတွင်းရေးမှူး အောင်လံမြို့ သီတဂူစက္ခုဒါနဆေးရုံတော်အတွက် အလှူငွေလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် မိသားစုမှ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ သီတဂူစက္ခုဒါနဆေးရုံတော်အတွက် အလှူငွေတစ်သိန်းကျပ်ကို အောက်တိုဘာ (၂၃) ရက် နေ့လည်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

14523278_381327945531557_609938737600685732_n

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးအားမြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး H.E Mr. Andrew Partick မှ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Partick ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ (၂၆) ရက် မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

13879434_446332665541866_5957125759712604628_n

(more…)


Read more

အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ပါတီဝင်လူငယ်များ ပါဝင်ဆင်နွှဲ

(၂၅-၁၀၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၆-ခုနှစ်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး (ဖလား) ကလပ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ် များနှင့် ပါတီအပေါ် စိတ်ဝင်စားသည့်လူငယ်များမှ စုဖွဲ့၍ Lion Fc အမည်ဖြင့် အသင်းတစ်သင်းအဖြစ်ပါဝင်ကစားသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် NGWE KYAL PHYO CO;LTD Nearamit Contraction ကုမ္ပဏီတို့မှ အသင်းကို Sponsor ပေးထားကြောင်း သိရသည်။

phuse1

(more…)


Read more

မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ကျေးရွာခွဲ အမာခံပါတီဝင်များနှင့်တွေ့ဆုံမှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် သည် အောက်တိုဘာ (၂၂) ရက် ​နေ့လည်ပိုင်းက မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ လိုက်ပါလျက် အင်္ဂမော် ကျေးရွာအုပ်စုရှိ ကျေးရွာစည်းရုံးမှူးနှင့် ကျေးရွာခွဲပါတီဝင်အား ကွင်းဆင်းသွားရောက် တွေ့ဆုံခဲ့သည်။

myeik

(more…)


Read more