Author: USDP 2016
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အသင့်ပြင်ဆင်ထားဟု ရခိုင်ပါတီပြော
ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် အသင့်ပြင်ဆင်ထားသည်ဟု ရခိုင်အမျိုးသား ပါတီ (ANP) တာဝန်ရှိသူများက ပြောသည်။ ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီတွင် ပါဝင်ရန် ကိုယ်စားလှယ် လျာထားပြီးဖြစ်သည်ဟု ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။ (more…)
Read more
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် သက်သေခံ လက်မှတ်များကို ဇန်န၀ါရီ ၁၆ ရက်တွင် စတင် ထုတ်ပေးမည်
ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) များကို ဇန်န၀ါရီ ၁၆ ရက်၌ ထိုင်းနိုင်ငံတစ်ဝန်း စခန်းခြောက်ခုဖွင့်လှစ်၍ ထုတ်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။ (more…)
Read more
ပြည်နယ်ပါတီရုံးအဖွဲ့မှ နှစ်သစ်ကိုကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကလေး သူငယ်ပြုစု စောင့်ရှောက်ရေး ဖောင်ဒေးရှင်း တွင် အလှူငွေများလှူဒါန်း
နှစ်သစ်ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) နံနက်ပိုင်းက ရခိုင ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဖွဲ့မှူး ဦးဆောင်သော ရုံးဝန်ထမ်းများသည် စစ်တွေမြို့ မင်းဂံ ရပ်ကွက် (အကွက်-၁၃)ရှိ ABC ကလေးသူငယ် များ ပြုစုစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ သွားရောက်၍ အလှူငွေများနှင့် ကလေးသူငယ်များအတွက် အချိုရည်ဘူးများ၊ မုန့်များသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Read moreပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌မီဒီယာသင်တန်းဖွင့်လှစ်
(၂.၁.၂၀၁၇)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ Social Media အခြေခံသင်တန်း (၁/၂၀၁၇)ဖွင့်လှစ်ရာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးစိုင်းအောင်ကြည်၊ ဦးတင့်လွင်ဦး၊ ပြင်ဦးလွင်ခရိုင်ဥက္ကဌ ဦးဝင်းကြည်နှင့်ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ် အတွင်းရေးမှူး၊ သင်တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးမှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Read more
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ နှစ်သစ်အကြိုနှုတ်ခွန်းဆက်စကား
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့သည် ရုံးလုပ်ငန်းသုံးပြက္ခဒိန်တစ်နှစ်၏ နှစ်သစ်အစ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ရက်မြတ်တစ်ရက် ဖြစ်ပါသည်။
ကျွန်တော်တို့ပါတီဝင်များသည် နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးအား ကျရာနေရာက သယ်ပိုးလိုသည့် မွန်မြတ်သော စိတ်ထားကို အခြေခံပြီး စေတနာအား၊ ပညာအား၊ စည်းလုံး ညီညွတ်မှုအင်အားဖြင့် ပြည်သူတို့နှင့်အတူ လက်တွဲဆောင်ရွက်ကြ ပါမည်။
နိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးအတွက် အရေးကြီးကိစ္စရပ်များကိုဆွေးနွေးခြင်း၊ သုံးသပ်ခြင်းနှင့် စီမံခြင်းများပြုလုပ်ရာ၌ ပြည်တွင်းရှိ ပကတိအခြေအနေများ၊ ပကတိအရှိတရားများကို အခြေခံ စဉ်းစား၍ လက်တွေ့အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစဉ်များဖြစ်အောင် ဆောင်ရွက်ကြပါမည်။
ကော့မှူးမြို့နယ်ပါတီနှင့် “ဖြိုးစေတနာ” နယ်လှည့် ဆေးကုသအဖွဲ့ ကျေးရွာအရောက် ကွင်းဆင်းကုသ
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ နှင့် ‘ဖြိုးစေတနာ’ ဒေါက်တာ သိန်းဇော်မြင့် ဦးဆောင်သော ဆေးကုသရေးအဖွဲ့ (တွံတေး) တို့ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ကော့မှူး မြို့နယ်အတွင်း သွားလာရခက်ခဲ သော ကျေးရွာများအရောက် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျက် ရှိရာ ကော့မှူးအနောက်ခြမ်း ရေ ကျော်ကျေးရွာအုပ်စု ကျုံဖာကျေး ရွာပါတီခေါင်းဆောင်ဦးခင်တိုး၏ နေအိမ်၌ ဒီဇင်ဘာ (၃၁) ရက် နံနက် ၈နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေး ရွာများဖြစ်သော ပျဉ်းကတိုးကျေး ရွာ၊ ကွမ်းခြံကုန်းလေးကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေကျော်ကျေး ရွာများမှ လူနာ (၁၅၅) ဦးကို ကုသပးခဲ့သည်။
Read moreပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးခေါင်းဆောင်သော အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CPCပါတီ (Communist Party of China)၏ဖိတ်ကြားချက်အရ ဒီဇင်ဘာ (၂၇) ရက်မှ (၃၁) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရာမှ ဒီဇင်ဘာ (၃၁) ရက်ညနေပိုင်းတွင် နေပြည်တော်လေဆိပ် သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Read more










