ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒဿနိကဗေဒပထမနှစ် မသန်စွမ်းကျောင်းသူ နော်ထားခူအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်၌ လွိုင်ကော်တက္ကသိုလ် ဒဿနိက ဗေဒ ပထမနှစ်တွင် ပညာသင်ကြားလျက်ရှိသော မသန်စွမ်းကျောင်းသူ နော်ထားခူအားတက္ကသိုလ်ပညာသင်စရိတ် ငွေကျပ် ၁ဝသိန်းကိုထောက်ပံ့ ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။
နော်ထားခူသည် ဘယ်၊ညာ လက်နှစ်ဖက်စလုံးမပါရှိသော်လည်း ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင် ခဲ့ပြီး ယခုအခါ လွိုင်ကော်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားလျက် ရှိရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပညာသင်ထောက်ပံ့စရိတ် အဖြစ် ငွေကျပ် ၁ဝ သိန်းကို သူမတည်းခိုရာဟိုတယ်သို့သွားရောက်ပေး အပ်ခဲ့ခြင်းဖြစ်သည်။ နော်ထားခူမှာ လွိုင်ကော်မြို့နေ တပ်ကြပ် စောသာဒေါနှင့် နော်ဖောခူ တို့၏သမီးဖြစ်ပြီး မွေးချင်းညီအစ်ကိုမောင်နှမ ငါးဦးအနက်အငယ်ဆုံးဖြစ်ကြောင်းသိရသည်။
ထောက်ပံ့ငွေပေးအပ်ရာသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အတူ ဒုတိယ ဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမအတွင်း ယနေ့ နံနက် ၉နာရီခန့်က လစဉ် ပုံမှန်စည်းဝေးပွဲ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ဥက္ကဋ္ဌဦးတင်စိုးက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးကာ အတွင်းရေးမှူးဦး စည်သူအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး ရပ်/ ကျေးစည်းမှူးများက ပြန်လည်ဆွေးနွေးခြင်းများပြုခဲ့ကြောင်း သိရ သည်။ အစည်း အဝေးသို့ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေး စည်းမှူးများ တက်ရောက်ကြသည်။

Read more

ကော့မှူးပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည် ကော့မှူးပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ၌ ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ မြို့နယ်နာယကဦးမြင့်ကြိုင်၊ မြို့နယ်ပါတီ ယာယီဥက္ကဋ္ဌ ဦးကြည်ငြိမ်း၊ မြို့နယ်ကော်မတီဝင်များ၊ ကော့မှူး မြို့နယ်တွင်းရှိ ရပ်ကျေးပါတီဝင်များ စုစုပေါင်းပါတီဝင် ၁ဝ၅ဦး တို့ တက်ရောက်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်းက ပထမဦးစွာ မိတ်ဆက် စကားပြောကြား၍ ပါတီရှေ့လုပ်ငန်းစဉ်များ၊ပါတီမူဝါဒများ၊ ဖြတ် သန်းခဲ့ရသည့်အတွေ့အကြုံများ၊ ပါတီဝင်များ၏ ပါတီဆောင်ရွက်မှု များအပေါ် အခက်အခဲများမေးမြန်းကာ လုပ်ဆောင်ရမည့်ပါတီ မူဝါဒများကို အားပေးပြောကြားခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် တွေ့ဆုံပွဲအခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

Read more

ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး မြောက် ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၂)ရပ်ကွက်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးတင်ယု၏လမ်းညွှန်မှုဖြင့် လှိုင် သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ခေတ္တ) ဥက္ကဋ္ဌ ဦးဇေယျာအောင် ဦးဆောင် ၍ ဦးအောင်ကျော်ဦး၊ ဦးသက် စိုးဦး၊ ဦးသိန်းဌေး၊ ဦးစိုးနိုင်ဦး တို့နှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲ က အမှတ်(၁၂)ရပ်ကွက် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးဌေးလွင်၊ ကော်မတီဝင် အင်အား ၃ဝ တို့နှင့် ရပ်ကွက်အပြင် ပဲခူးလမ်းမကြီးတို့ ကိုလည်းခြင်ဆေးဖျန်းခြင်းလုပ်ငန်း အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read more

ဖြိုးစေတနာဆေးကုသအဖွဲ့ လှိုင်သာယာမြို့နယ် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အတွင်းရှိ အမှတ်(၉)ရပ်ကွက် အပိုင်(၃) စပ်စံထွန်းလမ်း”အောင် သုခ”ဓမ္မာရုံကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ(အခမဲ့)ဆေးကုသရေးအဖွဲ့ သည် ယမန်နေ့နံနက် ၉နာရီက ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းဖွင့်ပွဲသို့တက်ရောက်အဖွင့်အမှာစကားပြောကြား

 

Read more