ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဝေးလွင် မန္တ​လေးတိုင်း​ဒေသကြီးပါတီဝင်များနှင့် တွေ့ဆုံ

 

(၁.၂.၂၀၁၇)ရက်​​နေ့ နံနက်​(၀၉း၀၀)အချိန်​တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအလုပ်​အမှု​ဆောင်​ ဦး​ဝေလွင်​သည်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး၌ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများနှင့်​​တွေ့ဆုံပြီး လူထု​ဟော​ပြောစည်းရုံးခြင်းဘာသာရပ်​​ကိုဆွေး​နွေးခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်း​မောင်​နှင့်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိခရိုင်​များမှ ခရိုင်​ဥက္ကဌများနှင့်​ခရိုင်​​​ကော်​မတီဝင်​များ၊ တိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​များမှ မြို့နယ်​ဥက္ကဌများ၊ မြို့နယ်​​အတွင်း​ရေးမှူးများနှင့်​စည်းရုံးတာဝန်​ခံများတက်​​ရောက်​ခဲ့ကြပါသည်​။

Zaw Aung Htet


Read more

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက လွတ်လပ်ရေးရပ်ကွက်တွင် တစ်လမ်းဝင်တစ်လမ်းထွက် ခြင်ဆေး မှုတ်ခြင်းကို အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေး၊ လူငယ်တာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ မြို့နယ်ကော်မတီဝင်များဖြစ်ကြသော ဒေါ်စန်းကြည်၊ ဒေါ်အေးအေးမြင့်၊ ဦးစိုင်းနှင့် ရပ်ကွက်ပါတီခေါင်း ဆောင်ဦးမောင်စိန်တို့အပါအဝင်အင်အား၂ဝတို့နှင့်အတူ ခြင်းဆေး မှုတ်ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)

Read more

ဆေးကုသမှုခံယူနေသည့် ကလေးငယ်နှစ်ဦးအား တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီထောက်ပံ့ကူညီ

 

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်(ခရိုင်နယ်မြေတာဝန်ခံ) ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်၊ တောင်သာမြို့နယ်ပါတီအတွင်းရေးမှူး ဦးသန့်ဇော်ဦးနှင့်မြို့နယ် ပါတီကော်မတီဝင်များသည် တောင်သာမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာမှ မိသားစုအတွက် ထောက်ပံ့ငွေကျပ်သုံးသိန်းအား ယနေ့မွန်းလွဲ ၂နာရီတွင် သွားရောက်လှူဒါန်းခဲ့သည်။

Read more

အမရပူရပြည်ခိုင်ဖြိုးပါတီမှ လပတ်အစည်းအဝေးပြုလုပ်

 

ယနေ့ နံနက်(၀၉း၃၀)အချိန်တွင် အမရပူရ မြို့နယ်ပါတီရုံး၌ လပတ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရာ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရာများမှ ပါတီခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းမှုပြည့်စုံမှန်ကန်ရေးကိစ္စ၊ ပါတီနှစ်စဉ်ကြေးကိစ္စ၊ online media သင်တန်းဖွင့်လှစ်နိုင်ရေးကိစ္စတို့ကိုဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အစည်းအဝေးပြုလုပ်

 

ယမန်နေ့ နံနက်(၁၀း၀၀)အချိန်တွင် မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ကော်မတီဝင်များနှင့်အရန်ကော်မတီဝင်များပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဥက္ကဌ ဦးလှမြင့်မှအဖွင့်ပြောကြားခဲ့ပြီး တက်ရောက်လာသောမြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များမှ ပါတီစည်းရုံးရေးရာကိစ္စရပ်များ၊ ပါတီရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Read more

သာသနာအရေးလက်မနေးတဲ့မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

 

ဇန်နဝါရီလ ၂၉ရက် နံနက်၁၁း၀၀နာရီတွင် မိုးညှင်းခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ဝင်းထွန်း အတွင်းရေးမှူးဦးစိန်ဝင်း ဘဏ္ဌာရေးမှူးဦးကျော်ဌေးလှိုင်အရန်ကော်မတီဦးဖုန်းမြင့် မြို့နယ်ဥက္ကဋ္ဌဦးကြည်စိုး အတွင်းရေးမှူးဦးဌေးဝင်း နှင့် ကော်မတီဝင်များ ရပ်ကျေး စည်းမှူးများက အရှေ့ကျောင်းကြီးတိုက် လောကမာန်အောင်ရွှေဘုန်းရောင်း မြတ်စွာဘုရားကြီးတွင် ပဌာန်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Usdp Mohnyin


Read more

ဆီဆိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ဆီဆိုင်မြို့နယ် မြို့နယ်အား ကစားကွင်းတွင် နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆီဆိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲကကျင်းပရာ ပြိုင်ပွဲ ဝင်ဘောလုံးအသင်းများ ကွင်း အတွင်းနေရာယူပြီးနောက် ရှမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သူရအောင်နှင့်ဆီဆိုင်မြို့နယ် ပါတီဥက္ကဋ္ဌဦးတင်မိုးအောင်တို့က အဖွင့်အမှာစကားပြောကြားပြီး နောက် အားကစားသမားများက အားကစားအဓိဋ္ဌာန်(၄)ချက်ကိုရွတ် ဆိုကြပြီး အခမ်းအနားအစီအစဉ်ကို ခေတ္တရပ်နားကာ တိုင်းရင်းသား များက ရိုးရာအကများဖြင့်ဖျော်ဖြေ ကြသည်။

Read more

ကော့မှူးမြို့နယ်ပါတီရုံးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ကော့မှူးပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်မြို့နယ် ကော်မတီအဖွဲ့အစည်းများ၊ မြို့နယ် အတွင်းပါတီဝင်များနှင့် စဉ်ဆက် မပြတ်ထိတွေ့မှုများ ပြုလုပ်လျက် ရှိရာ ယနေ့နံနက် ၈ နာရီတွင် ကော့မှူးမြို့နယ် ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့သည်။

Read more

တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ပုသိမ်မြို့ပေါ်အခြေစိုက်နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့်ထောင်ကုန်း လမ်းထောင့်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ တွင် ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်မြို့ပေါ် အခြေစိုက်နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်ခြောက်ရပ်ဖြင့်ပြုလုပ်ခဲ့သည်။ ဦးစွာ တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဗဟိုကော်မတီဝင် ဦးÓဏ်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ ယနေ့ပြုလုပ်သည့်တွေ့ဆုံပွဲသို့ တက် ရောက်လာကြသည့် နိုင်ငံရေးပါတီများအား ကြိုဆိုပါကြောင်း၊ ကိုယ် ရည်သွေးတာထက် မိမိပါတီရဲ့အကြောင်းကိုသိရှိပြီး ပူးပေါင်းဆောင်ရွက် နိုင်ရန်ဖြစ်ကြောင်း၊ ပိုမိုတိုးတက်ကောင်းမွန်သော မြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်စေရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသည့်ပါတီများက တစ်ဦးချင်းအပြန် အလှန်မိတ်ဆက်ပေးသည်။ ဆက်လက်၍ မိမိပါတီ၏ရည်ရွယ်ချက် သဘောထားများကို ဆွေးနွေးပြောကြားသည်။

Read more