ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ် နေပြည်တော်တွင် ကျင်းပမည်

ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တွင် တိုင်းရင်းသားအရေး အပါအ၀င် လူမှုစီးပွားကဏ္ဍများကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အရပ်ဘက်အဖွဲ့အစည်းများ က ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။ (more…)


Read more

ပါတီဥက္ကဋ္ဌဦးသန်းဌေး သံတွဲ ကျောက်ဖြူခရိုင်ရှိပါတီဝင်များနှင့် တွေ့ဆုံစဉ်ပြောကြားသော အမှာစကား မှကောက်နုတ်ချက်များ

 

(၁) ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ မူလတိုင်းရင်းသား များနှင့် ပြည်ထောင်စုဝင် ကျန်တိုင်းရင်းသားအားလုံး ရေပက်မဝင်သော စည်းလုံးညီညွတ်မှု ရှိရန် အထူး လိုအပ် နေပြီဖြစ်။

(၂) ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ လုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပြည်ထောင်စု၏ စုပေါင်းအားဖြင့်သာ ဖော်ဆောင်နိုင်မည်။

Read more

မန္တလေးတိုင်းဒေသကြီးပါတီ တိုင်း/ခရိုင်/မြိုနယ်ကော်မတီဝင်များ လပတ် လုပ်ငန်းညှိနှိုင်းစည်းဝေး

 

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ဖေဖော်ဝါရီ (၁၆) ရက် နံနက်ပိုင်း (၉) နာရီအချိန်က ပါတီဝင်နှစ်စဉ်ကြေးများပေးအပ်ပွဲနှင့် တိုင်း/ခရိုင်/မြို့နယ်ကော်မတီများ လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်များမှ ဥက္ကဌများ၊ ကော်မတီဝင် များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်မှ အဖွင့်အမှာစကားပြောကြားကာ ခရိုင် အလိုက် ပါတီဝင်ကြေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

Read more

မိုးညှင်းမြို့နယ်နှင့်ရပ်/ကျေး ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များလုပ်ငန်းညှိနှိုင်းစည်းဝေး

 

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်ရပ်/ကျေးပါတီ ခေါင်းဆောင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပရာခရိုင်ပါတီဥက္ကဋ္ဌ ကော် မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ရပ်/ကျေးခေါင်း ဆောင်များ စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြသည်။

Read more

ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးလူငယ်ရေးရာများ အဆင့်ဆင့်ဖွဲ့စည်းပုံဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက် )ပြည်ခရိုင် ပေါင်းတည်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၁၄ ရက် နံနက် ၁ဝနာရီက ပဲခူးတိုင်းဒေသကြီး(အနောက်)ခြမ်းရှိ (၁၄)မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးမှ တိုင်းဒသကြီး၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးလူငယ်ရေးရာများ အဆင့်ဆင့် ဖွဲ့စည်းပုံ ဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပသည်။

Read more

သီတဂူဆရာတော်ဘုရားကြီးအားဗဟိုဦးဆောင်ကော်မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် ဝင်ရောက်ဖူးမြော်

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မဟာဂန္ဓာရုံကျောင်းတွင် ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီနာယက နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့်အဖွဲ့ နေ့ဆွမ်းလောင်းလှူစဉ်။

Union daily


Read more

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ၁၈၆ ခုကို အင်အားဖြည့်တင်း

ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ စခန်း ၁၈၆ ခုအား နယ်ကြားစောင့်ရဲတပ်ဖွဲ့ခွဲ ၄၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ၂ တို့ဖြင့် ထပ်မံ အင်အားဖြည့်တင်းပြီး တပ်မတော်နှင့်ပူးပေါင်းပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောကြားသည်။ (more…)


Read more

နိုင်ငံတော်သြဝါဒါစရိယ စုဒ္ဒသမရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအဂ္ဃိယ အန္တိမဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပနိုင်ရေး ပြည်ခိုင်ဖြိုးပါတီဝင်များ တစ်တပ် တစ်အား ပါဝင်၍လုပ်အားဒါနပြု

 

နိုင်ငံတော်သြဝါဒါစရိယစုဒ္ဒသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တအဂ္ဃိယ၏ အန္တိမဈာပနသာဓုကီဠနပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်မှုများကို အဆိုပါ ပူဇော်ပွဲပြုလုပ်မည့် အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ ရွှေ မန်းတောင်အားကစားကွင်း၌အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်မှတပ်မတော်သာ များနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းများ စုပေါင်းဆာင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ (၁၆) ရက် နံနက်ပိုင်းတွင် တိုင်းမှူးနှင့် တာဝန်ရှိသူ များက သွားရာက်ကြည့်ရှု၍ ဗဟိုမဏ္ဍပ်နှင့် ဆရာတော်ကြီးအား မီးပူဇော်မည့် လောင် တိုက်ပြာသာဒ်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး သံတွဲ ကျောက်ဖြူခရိုင်ရှိ ပြည်နယ် ခရိုင် မြို့နယ် ပါတီကော်မတီဝင်များ ပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ ပါတီဝင်များ၊ ရပ်မိရပ်ဖများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၃နာရီက သံတွဲခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတိုင်ပင်ခံဦးမောင်မောင်အုန်း၊ ဗဟို ကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်၊ သံတွဲခရိုင်ရှိ ပါတီ ဝင်များ၊ ရပ်မိရပ်ဖများ ၁၅ဝ ခန့်တက် ရောက်ခဲ့ကြသည်။

Read more

မြန်အောင်ပြည်ခိုင်ဖြိုးတွင် ခရိုင်နှင့် မြို့နယ်နှစ်ခုရှိ ပါတီရေးရာတာဝန်ခံများနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးဧည့်ခန်းမ၌ ဟင်္သာတခရိုင်ပြည်ခိုင်ဖြိုး၊ ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုး နှင့် မြန်အောင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ရေးရာကော်မတီများ တွေ့ဆုံပွဲကို ယခုလ ၁၃ ရက်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပါတီ ဥက္ကဋ္ဌဦးညွန့်လှိုင်၊ ခရိုင်အမျိုးသမီး ရေးရာတာဝန်ခံဒေါ်တင်မြင့်၊ ခရိုင်လူငယ်ရေးရာတာဝန်ခံ ဒေါ်ထား ထားလှိုင်၊ ခရိုင်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးအောင်ကြည် နှင့်မန်းတင်စိုးတို့ ဦးဆောင်ကာဆွေးနွေးကြပြီး ကြံခင်းနှင့် မြန်အောင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ၊အမျိုးသမီးရေးရာ၊လူငယ်ရေးရာတာဝန်ခံ များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ယခုလိုဆွေးနွေးပွဲများ ကို ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်ခြောက်ခု၌ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် မြန်အောင်မြို့နယ်တွင် ပထမဦးဆုံးကျင်းပခြင်းဖြစ် သည်ဟု ခရိုင်ပါတီဥက္ကဋ္ဌကပြောသည်။

Read more