ကြားဖြတ်ရွေးကောက်ပွဲဝင် မုံရွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စည်းရုံးပွဲများသို့ ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် လိုက်ပါ အားပေး

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် သည် ဖေဖော်ဝါရီ (၂၂) ရက် ညနေ (၁၅:၀၀) အချိန်တွင် မုံရွာမြို့နယ် ရေကန်စုကျေးရွာ ရပ်မိရပ်ဖ ဦးအောင်တင်ပေါ၏ နေအိမ်တွင်လည်းကောင်း၊ ညနေ (၁၆:၀၀) အချိန်တွင် ကျောက္ကာ (မြောက်) ကျေးရွာ ရပ်မိရပ်ဖ ဦးကျော်သူ၏နေအိမ်တွင် လည်းကောင်း ကျင်းပပြုလုပ်သည့် ၂၀၁၇- ကြားဖြတ်ရွေးကောက်ပွဲ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲများသို့ လိုက်ပါအားပေးခဲ့သည်။

 

(more…)


Read more

ပြည်ငြိမ်းအောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ ပြည်ငြိမ်းအောင် ဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်တွင် ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲတွင် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ် ပူဇော်သော သံဃာတော် အရှင်သူမြတ် တို့အား စေတီတော်ပရိဝုဏ်အတွင်း၌ ဆွမ်းဆန် စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ရာ ပေါင်းတည်မြို့နယ် ပြည်ထောင်စြု ကံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။

 

 

(more…)


Read more

ပိုက်ကျော်ခြင်းပြိုင်ပွဲဆုရရှိအသင်းများအားပြည်ခိုင်ဖြိုးပါတီမှဆုများချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှကြီးမှူး၍ လူငယ်လှုပ်ရှားမှုအနေ ဖြင့်ဆောင်ရွက်လာခဲ့ပြီး ပိုက်ကျော် ခြင်းပြိုင်ပွဲကိုကျင်းပကာ ယမန်နေ့ မွန်းလွဲ ၁နာရီက ပြိုင်ပွဲတွင် ဆုရရှိ သောအသင်းများအားပါတီရုံးခန်းမ အတွင်းဆုများချီးမြှင့်ခဲ့ရာ ဆုရရှိသူ များအားဗဟိုကော်မတီဝင်ဦးကျော် မြင့်၊ မြို့နယ်ဥက္ကဋ္ဌဦးသန်းဇော်တို့ က ဆုများ အသီးသီးပေးအပ်ခဲ့ ကြောင်းသိရသည်။ ယင်းအခမ်း အနားသို့ အင်အား ၃ဝ ခန့် တက် ရောက်ခဲ့သည်။

Read more

မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိအခမဲ့ကုသရေးညှိနှိုင်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် မိုးညိုမြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမအတွင်း လူငယ်လှုပ်ရှားမှု အသွင်ဖြင့် လှုပ်ရှားဆောင်ရွက် နိုင်ရေး ဒေသခံတို့အား မိုးညိုမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ မျက်စိ အခမဲ့ကုသရေးလုပ်ငန်းအတွက် ညှိနှိုင်းဆောင်ရွက်မှုကို ယမန်နေ့ မွန်းလွဲပိုင်း၌ကျင်းပရာ ပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်အတွင်းရေးမှူး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်လွင်၊ လူငယ်များနှင့် မြို့နယ်အလုပ်အမှုဆောင်များမှ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

အလုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အလုံမြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ရက် ညနေက မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ အတွင်းရေးမှူး ဒေါ်ဥမ္မာ ကြည်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များသည် စောရန်ပိုင် အနောက်ရပ်ကွက်နှင့် ဆင်မင်းရပ်ကွက်များသို့ အဖွဲ့နှစ်ဖွဲ့ခွဲ၍ အောင်နိုင်ရေးအလံများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မဲဆန္ဒရှင်များကို ရင်းနှီး နွေးထွေးစွာကွင်းဆင်းစည်းရုံးခဲ့ကြောင်းသိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

Read more

ဇလွန်ပြည်ခိုင်ဖြိုးပါတီ လူငယ်များအတွက် အတတ်ပညာသင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သင်ကြားသော ကွန်ပျူတာ LCCI Level (1,2) သင်တန်းဆင်းပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယခုလ ၁၉ ရက် ညနေ ပိုင်းက ကျင်းပခဲ့သည်။

 

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့မှုများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်ရှိ (၁၈-၂-၂၀၁၇) နေ့လည် (၁) နာရီ အချိန်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများ (အိမ်ခြေ ၁၄/ အိမ်ထောင်စု ၂၀ / လူဦးရေ ၁၁၄ ဦး) အတွက် မန်းခရိုင်နှင့် ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဖေဖော်ဝါရီ (၂၂) ရက် နံနက် ၁၀ နာရီ အချိန်တွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော သာသနာ့ဝေပုလ္လ ဒီပါအေးမြ ဓမ္မာရုံသို့ သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ သား၊ ဆား ၅၀ သား နှင့် ကြက်သွန်နီ ၁ ပိဿာစီ ထောက်ပံ့ ကူညီပေးကာ မီးဘေးသင့်ပြည်သူများ၏ အခက်အခဲများအား တတ်အားသရွေ့ ဖြည့်ဆည်းပေးခဲ့ကြပြီး အားပေး စကားများပြောကြားပေးခဲ့ကြကြောင်း သိရှိရသည်။

Read more

ရပ်​/​ကျေး ပြည်​ခိုင်​ဖြိုးပါတီ ဆိုင်းဘုတ်​အသစ်​တင်

 

မွန်​ပြည်​နယ်​ မုဒုံမြို့နယ်​ မှိန်​ကနိမ်း​ကျေးရွာ ဦးမြင့်​​အောင်​​နေအိမ်​၌ ​ဖေ​ဖော်​ဝါရီ (၂၂) ရက်​​နေ့ နံနက်​( ၀၇း၀၀) နာရီချိန်​တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ ရပ်​/​ကျေး ဆိုင်းဘုတ်​အသစ်​အား စိုက်​ထူပြီး အ​မွှေးနံ့သာရည်​များ ပတ်​ဖျန်းခဲ့ကြသည်​။

အဆိုပါအခမ်းအနားကို ​မော်​လမြိုင်​ခရိုင်​ ပါတီ​ကော်​မတီဝင်​ ဦးမင်း​အောင်​မြင့်​၊ ဦးသန်းစိုး​အောင်​၊ မုဒုံမြို့နယ်​ ပါတီဥက္ကဌ ဦး​ကျော်​​ကျော်​လွင်​၊ အတွင်း​ရေးမှူး ဦး​အောင်​သက်​တင်​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ဦးမြတ်​ထွန်းနှင့်​ ရပ်​/​ကျေး စည်းမှူးနှင့်​ အဖွဲ့ဝင်​များမှ တက်​​ရောက်​ခဲ့​ပြီး စု​ပေါင်းမှတ်​တမ်းတင်​ ဓါတ်​ပုံရိုက်​ကူးခဲ့​ကြောင်း သိရှိရသည်​။

Read more

ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မိတ်ဆက်

 

အမည် – —————–ဦးခင်မောင်အေး
ပါတီ ——————– ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အဖအမည် —————– ဦးအောင်ဥာဏ်
ပညာအရည်အချင်း – ———– MA (English); M.P.A; DIR; DOS;
Diploma in English; B.Sc (Physics)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် —————– အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း

Read more

အဇာဘိုင်ဂျန်သမ္မတက ၎င်း၏ ဇနီးကို ဒုတိယသမ္မတအဖြစ် ခန့်အပ်

အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ် အလီယက်ဗ်က ၎င်း၏ဇနီးဖြစ်သူ မီဟရီဘန် အလီယက်ဗ်ကို နိုင်ငံ၏ ဒုတိယသမ္မတ (၁)အဖြစ်ခန့်အပ်သည့် အမိန့်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် လက်မှတ်ရေးထိုး လိုက်ကြောင်း သမ္မတရုံး ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

 

(more…)


Read more