Author: USDP 2016
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ထွက်ရှိရေးကို ဦးစားပေးဆွေးနွေးမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(ချင်း) ကို ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ သုံးရက်ကြာ ပြုလုပ်မည်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများထွက်ရှိရေးကို ဦးစားပေး ဆွေးနွေး မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ချင်း) ကို ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်၍ သုံးရက်ကြာ ပြုလုပ် မည်ဖြစ်ကြောင်း ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (CNDJC) က ဖေဖော်ဝါရီ ၂၁ ရက်တွင် မီဒီယာများကို အသိပေးခဲ့သည်။ (more…)
Read more
ဖေဖော်ဝါရီ (၂၀)ရက်မှ(၂၁)ရက်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း(၈၀)ကျော်ဖိုး ဖမ်းဆီးရမိ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းတွေနဲ့ အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့မှာ တင်သွင်း/တင်ပို့ခွင့်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရှာဖွေ အရေးယူမှုတွေ ပြုလုပ်ဆောင်ရွက်ရာ ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီ (၂၀)ရက် ကနေ (၂၁)ရက်အတွင်း မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု(၄)မှု၊ ခန့်မှန်းတန်ဖိုးကျပ်(၇၅)သန်း ခန့်နဲ့ ရေပူစမ်းဆေးရေးစခန်းက တားဆီးမှု(၄)မှု၊ ခန့်မှန်းတန်ဖိုး ကျပ်(၇)သန်းခန့်၊ စုစုပေါင်း (၈)မှု ခန့်မှန်းတန်ဖိုး ကျပ်သန်း(၈၀)ကျော်ခန့် ဖမ်းဆီးရမိခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနက သိရပါတယ်။ (more…)
Read more
ပြည်ထောင်စုကြံ့ခိုင်ရေးနှငိ့ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယက ဦးသိန်းစိန်းအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှငိ့ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်းအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ HE. Mr. Hideo Watanabae ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲက ဖေဖော်ဝါရီလ (၂၂)ရက် နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဌာနချု ပ် ဧည့်ခန်းမ (၁) တွင် လာရောက်တွေ့ဆုံသည်။

Read more
မကွေးခရိုင်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ
မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် တိုင်း အထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး
ပါတီဥက္ကဌ (ဗဟိုအလုပ်အမှုဆောင်) ဒေါက်တာမောင်မောင်ဌေး၊ တိုင်း အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်း ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ ခရိုင်တာဝန်ခံ ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်း မြို့နယ် (၆) မြို့နယ်တို့မှ မြို့နယ်ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

Read more











