Author: USDP 2016
ကျေးသီးမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံး ဆောင်ရွက်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် (၂၀၁၇)ကြားဖြတ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံး ရေးအဖြစ် ဖေဖေါ်ဝါရီ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် လုံပုရပ်ကွက် သို့လည်းကောင်း၊ ညပိုင်းတွင် ဟော်ကုန်း ရပ်ကွက်သို့လည်းကောင်း သွားရောက်၍ မဲဆန္ဒရှင် မိဘပြည်သူများနှင့် တွေ့ဆုံပြီး ကိုယ်စားလှယ်လောင်း များ၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မဲဆွယ်စည်းရုံးစကားပြော ကားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ရန်ကုန်ခရီးသွား ဒို့အလေးထားဆွေးနွေးပွဲဖော်ထုတ်ချက်
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖေဖော် ၀ါရီ ၂၄ တွင် Melia Hotel ၌ “ရန်ကုန်ခရီးသွား ဒို့အလေးထား” ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ဆွေးနွေး ပွဲမှ အောက်ပါအချက်များကို ဖော်ထုတ်ရရှိခဲ့ပါသည်-
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်လမ်း ကြောင်း သတ်မှတ်ရာတွင် မီးရထားဘူတာရုံ၊ သဘောင်္ဆိပ်၊ လေဆိပ်များနှင့် တစ်နေရာနှင့်တစ်နေရာ အကူးအပြောင်းတွင် ချိတ်ဆက်မိစေရန် ဆောင်ရွက်သင့်ပါသည်။
ကန် ဒီမိုကရက်တစ်ပါတီဥက္ကဌ Tom Perez ရွေးချယ်ခံရ
အလုပ်သမားရေး ဝန်ကြီးဟောင်း Tom Perez ကို ဒီမိုကရက်တစ်ပါတီ DNC ကော်မတီ ဥက္ကဌအဖြစ် စနေနေ့က ရွေးချယ်တင်မြှောက်ခဲ့ ပါတယ်။ ရွေးကောက်ပွဲမှာRepublican ပါတီက Donald Trump အနိုင်ရသွားတာကြောင့် ဒီမိုကရက်တစ်ပါတီ မျက်နှာမလှပဲဖြစ်နေ ချိန်မှာ ပါတီကိုအားကောင်းလာအောင် ပြန်လည်တည်ဆောက်ဖို့ ကြိးလေးတဲ့ တာဝန်ကို သူထမ်းဆောင်ရမှာ ဖြစ် ပါတယ်။

Read more
အော်စကာဆုကိုပါ သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တဲ့ အမ်မာစတုန်း
ဒီနှစ်ဟာ အမ်မာစတုန်းရဲ့နှစ်လို့ ဆိုရပါမယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့ဆန်းဂျလိစ်ရှိ Dolby ပြဇာတ် ရုံမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ည (မြန်မာစံတော်ချိန် နံနက် ၈ နာရီမှစတင်) မှာ ကျင်းပခဲ့တဲ့ ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ La La Land ရဲ့အောင်ပွဲခံမှုမှာ ယင်းဇာတ်ကားရဲ့မင်းသမီး အမ်မာစတုန်းလည်း ပါဝင်သွားခဲ့ပါပြီ။

Read more



















