မက်ဒီးရားလေဆိပ်ကို ရော်နယ်ဒို လေဆိပ်လို့ အမည်ပြောင်း ဂုဏ်ပြု

ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုကို ဂုဏ်ပြုပြီး သူ့မွေးရပ်ဇာတိ မက်ဒီးရားမြို့က လေဆိပ်ကို သူ့အမည်ပြောင်းခဲ့ပါတယ်။ Aeroporto Cristiano Ronaldo လို့ ခေါ်တဲ့ မက်ဒီးရား လေဆိပ် အမည်သစ် ကင်းပွန်းတပ်ပွဲကို ခရစ္စတီယာနိုကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

(more…)


Read more

မြောက်ကိုရီးယား၏ မြေအောက်နျူကလီးယားစမ်းသပ်ရန် ပြင်ဆင်မှုက အတော်ခရီးရောက်နေနိုင် ဟုဆို

မြောက်ကိုရီးယား၏ မြောအောက်နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ရန် ပြင်ဆင်နေမှုက အတော်ခရီး ရောက်နေဟန်ရှိကြောင်း 38North ဝက်ဘ်ဆိုက်တွင် မတ် ၂၉ ရက်က ဖော်ပြသည့် ဂြိုဟ်တုဓာတ်ပုံများနှင့် ပညာရှင်များ၏ အကဲဖြတ်ချက်အရ သိရသည်။

(more…)


Read more

မိုင်းရှူးမြို့နယ်တွင် လုံခြုံရေး အခြေအနေကြောင့် အုပ်စုသုံးစုမှမဲရုံများ ရွှေ့ပြောင်းခဲ့ရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကျေးရွာအုပ်စုသုံးစု၊ ကျေးရွာပေါင်း ၄၀ ကျော်ရှိ မဲရုံပေါင်းခြောက်ရုံကို လမ်းပန်းဆက်သွယ်ရေး ကောင်းသည့်နေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။ (more…)


Read more

မိုင်းရှူးမဲဆန္ဒနယ်တွင် ကျေးရွာအုပ်စုသုံးစုရှိ ပြည်သူများ မဲရုံပြောင်းရွှေ့မည့်နေရာများသို့ သွားရောက်နိုင်ရေး ဥပဒေနှင့်အညီ သယ်ယူပို့ဆောင်ပေးရန် ကော်မရှင်အား SNLD ပါတီ အထွေထွေအတွင်းရေးမှူး တောင်းဆို

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မိုင်းရှူးမဲဆန္ဒနယ်တွင် ကျေးရွာအုပ်စုသုံးစုရှိ ပြည်သူများ မဲရုံပြောင်းရွှေ့ မည့်နေရာများသို့ သွားရောက်နိုင်ရေးဥပဒေနှင့်အညီ သယ်ယူပို့ဆောင်ပေးရန် ရွေးကောက်ပွဲကော်မရှင်အား တောင်းဆိုကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ (more…)


Read more

လစာအခွန် မဆောင်သူများကို အရေးယူမည်

သက်မွေးပညာရပ်တစ်ခုခုဖြင့် လစဉ်ရရှိသည့် လစာအပေါ်မှ အခွန်ငွေမပေးဆောင်သူများကို အခွန်ဥပဒေ များအရ အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။ (more…)


Read more

သင်္ကြန်ကာလတွင် ပုံမှန်ရထားများအပြင် သင်္ကြန်အထူး ရထားများတိုးချဲ့ ပြေးဆွဲမည်

၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် ပုံမှန်ရထားများအပြင် သင်္ကြန်အထူးရထားများကို ခရီးသွားများသော သင်္ကြန် မတိုင်မီနှင့် သင်္ကြန်ပြီးကာလများ၌ ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၇) သွားလာပို့ဆောင်ရေး ဌာနခွဲမှ သိရသည်။ (more…)


Read more

လဟာပြင်ဈေးဟောင်းနေရာရှိ Junction City စင်တာ မတ်လကုန် ဖွင့်မည်

ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ယခင် လဟာပြင်ဈေးဟောင်းနေရာ၌ တည်ဆောက်နေ သည့် Junction City စင်တာကို မတ်လ ၃၁ ရက်တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်သည်။ ၂၃ ထပ်အမြင့် ရုံးခန်းတာဝါတစ်ခု၊ Junction City ဈေးဝယ်စင်တာနှင့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တို့ပါဝင်သည့် စီမံကိန်းဖြစ်ပြီး Junction City ဈေးဝယ်စင်တာတွင်  ရုပ်ရှင်ရုံနှင့်  စားသောက်ဆိုင်များပါဝင်ကာ အချို့ ဆိုင်ခန်းများ စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ (more…)


Read more

အန္တိမ အဂ္ဂိဈာပနပူဇာကျင်းပရေးအတွက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သထုံပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ များ ပေးအပ်လှူဒါန်း

 

မွန်​ပြည်​နယ်​ ၊သထုံမြို့ မူလမင်းကွန်း​ဇေတဝန်​ပဋိပတ္တိကမ္မဌာန်းတိုက်​နှင့်​လယ်​ဝန်​ပရိယတ္တိစာသင်​တိုက်​ တို့၏ ဦးစီးပဓာန နာယက လဇ္ဇီ​ပေသလ၊ သိက္ခာ ကာမ၊ ဝိနယဂရုက၊ သံသာရဘီရုက၊နိုင်​ငံ​တော်​သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိ တ၊ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ၊ သိရီပဝရ​ဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ၊နိုင်​ငံ​တော်​သံဃမဟာနာယကအဖွဲ့ ဒု_ဥက္ကဌ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ၏ အန္တိမ အဂ္ဂိ ဈာပနပူဇာကျင်းပ​ရေးအတွက်​ ပြည်ခိုင်ဖြိုးပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်းမှ အလှူ​တော်​​ငွေ ၃_ သိန်း ၊သထုံပြည်​ခိုင်​ဖြိုးပါတီမှ အလှူ​တော်​​ငွေ ၁_သိန်း လှူဒါန်း​ပေးခဲ့​ကြောင်းသတင်းရရှိပါသည်။

Read more

တောင်ပေါ်တိုင်းရင်းသားအများစု လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်တွေ ဆက်လက်လုပ် ဆောင်ပေးချင်တဲ့ ကျိုင်းတုံမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်

 

ယခင်ရွေးကောက်ပွဲနဲ့ အရင်အစိုးရသက်တမ်းမှာ လားဟူလူမျိုးစုများအတွက်ကို လူမှုရေး၊ စီးပွားရေး၊ လူနေမှု ဘဝမြှင့်တင်ရေးကို အဓိကဆောင်ရွက်ခဲ့ပါတယ်။ ယခုနှစ်ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ်(၂) ရှမ်း၊ လားဟူ၊ အာခါ၊ လွယ်လ၊ ဝ၊ ပလောင်၊ အဲန်၊ ကချင်စတဲ့ လူမျိုးပေါင်းစုံ နေထိုင်လျက်ရှိကြတဲ့အတွက် တောင်ပေါ်တိုင်းရင်းသားအများစု လိုအပ်နေတဲ့ ပညာရေး၊ သောက်သုံးရေ ရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

Read more

မန္တလေးတိုင်းဒေသကြီး (ဒုတိယ)အကြိမ် ပါတီနှစ်စဉ်ကြေး စုပေါင်းပေးအပ် ပွဲပြုလုပ်

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (ဒုတိယ)အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲကို ယနေ့ (၃၀-၃-၂၀၁၇) နံနက် (၀၉း၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေး မှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

Read more