Author: USDP 2016
ရခိုင်ပြည်နယ်ပါတီအတွင်းရေးမှူး တူရကီသံရုံးမှ ဒုတိယသံအမတ်ကြီးနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းဝေမှ ဧပြီလ ၁ ရက်နေ့က တူရကီသံရုံးမှ ဒုတိယသံအမတ်ကြီး Mr-Eymen Ozsahin အား အမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံကာ လက်ရှိမြန်မာနိုင်ငံရေးနှင့် ဒီမိုကရေစီအခင်းများ၊ ရခိုင့်နိုင်ငံရေးအခင်း အကျင်းများ၊ ရွေးကောက်ပွဲများ၏ အခြေအနေအပေါ် ရှေ့ဆက်သွားရမည့် မြန်မာနိုင်ငံရေး အခြေ အနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
Read moreအခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ထိုင်းနိုင်ငံ အိမ်တွင်းမှု သင်တန်းကျောင်းတို့ ပူပေါင်း၍ (၂၄-၃-၂၀၁၇ မှ ၂-၄-၂၀၁၇) ထိဖွင့်လှစ်သည့် အခြေခံ မော်တော် ဆိုင်ကယ်ပြုပြင်နည်း သင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားအား (၂-၄-၂၀၁၇) ရက်နေ့တွင် တာချီလိတ် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် ပြုလုပ်ရာ အခမ်းအနားသို့ တာချီလိတ် ပြည်ခိုင်ဖြိုးနာယက ဦးဘိုလေး၊ ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ခရိုင်ပါတီကော်မတီ ၀င်များ၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကျေးခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အသက်မွေးသင်တန်းကျောင်းမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်းမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
Read more
ဘိုကလေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်းပညာသင်တန်းဖွင့်လှစ်
လူငယ်မျိုးဆက်သစ်များ ဗလ ငါးတန်ဖွံ့ဖြိုးတိုးတက်ပြီးအနာဂတ် ကာလနိုင်ငံတော်တည်ထောင်ရေး နှင့်ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ တွင် ကျန်းမာသန်စွမ်း၍ စွမ်းစွမ်း တမံပါဝင်နိုင်ရန်ရည်ရွယ်၍ ဘို ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သည် နွေရာသီမြန်မာ့ရိုးရာသိုင်း ပညာ သင်တန်းဖွင့်ပွဲကို မတ် ၃၁ ရက် ညနေ ၆နာရီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ပြုလုပ် ခဲ့သည်။

Read more
ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းနှင့်တွေ့ဆုံခြင်း
၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၂၆၂၂၅ ဦးရှိသည့်အနက် လာရောက်ဆန္ဒမဲပေးသူ ၄၈၅၃၅ ဦးရှိခဲ့သည်။ ယင်းဆန္ဒမဲပေးသူများအနက်မှ မဲအရေအတွက် ၁၉၆၆၇ မဲဖြင့် အနိုင်ရရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဦးအောင်ကြည်သိန်းအား ပြည်ထောင်စု နေ့စဉ်သတင်းစာမှ ဆက်သွယ်မေးမြန်းခဲ့မှုများကို ဖော်ပြအပ်ပါသည်။

Read more
ခေတ်သစ်ပြည်သူ့ပါတီ (၇)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက် ဝမ်းမြောက်ကြောင်းအမှာစကားပြောကြား
ခေတ်သစ်ပြည်သူ့ပါတီ၏(၇)နှစ် မြောက်နှစ်ပတ်လည်နေ့အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့Lion City Hall မင်္ဂလာခန်းမ၌ ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး နှင့်ရန်ကုန်တိုင်းဒေသကြီး အတွင်း ရေးမှူး ဦးသာဝင်းတို့ တက်ရောက် ခဲ့ကြသည်။

Read more

















