Author: USDP 2016
ထိုင်းအိုးပင်း ကရာတေးဒို ပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ်သုံးခု အပါအ၀င် ဆုတံဆိပ် ၁၀ ခု ရရှိ
၂၀၁၇ ထိုင်းအိုးပင်း ကရာတေးဒို ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကရာတေးဒိုအဖွဲ့က ရွှေတံဆိပ်သုံးခု အပါအ၀င် စုစုပေါင်း ဆုတံဆိပ် ၁၀ ခုရရှိခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၌ မြန်မာ ကရာတေးဒိုအဖွဲ့က ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်ခြောက်ခု ဆွတ်ခူးနိုင်ခဲ့သည်။

Read more
ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးပြုလုပ်ရန်နှင့် ၂၁ ရာစုပင်လုံ တက်ရောက်မည့်သူများ သတ်မှတ်ရေး ကိစ္စများအား ဆွေးနွေးရန် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး ယနေ့ပြုလုပ်မည်
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များကို စုစည်းဆွေးနွေးသည့် ကဏ္ဍအလိုက် လုပ်ငန်းကော် မတီများ အစည်းအဝေးပြုလုပ်ရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး တက်ရောက်မည့်သူများ သတ်မှတ်ရေးကိစ္စများအား ဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ယနေ့ (ဧပြီ ၂၆) ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲY၀င် စိုင်းကျော်ညွန့်ထံမှ သိရသည်။ (more…)
Read more
မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းပြပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
မြန်မာ့သစ်တောထွက်ပစ္စည်းများအား ပြည်သူလူထုကို အသိပညာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် သစ်တောသယံဇာတ ရေရှည်တည်တံ့ အသုံးချနိုင်ရေး ဆောင်ရွက်နေမှုများ သိရှိရန်ရည်ရွယ်၍ သစ်တောထွက် ပစ္စည်းပြပွဲ ၂ဝ၁၇ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် မေ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (more…)
Read more
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပါဝင်လှူဒါန်းနိုင်
နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်အား ချစ်ခင်လေးစားသူ ပရဟိတအသင်းအဖွဲပေါင်း (၂၈) ဖွဲ့ခန့်က နေပြည်တော်၊ ညောင်ပင်ကြီးစု ရှေးဟောင်းသိမ်ကျောင်းကျောင်းတိုက်တွင် ကဆုန်လပြည့်အခါသမယ၌ ကျင်းပမည့် ကဆုန်ညောင်ရေသွန်းပွဲနှင့် သံဃာတော် (၅၀၀) ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ပါဝင် လှူဒါန်းသွားမည်ဖြစ်ပါသည်။

Read more










