Author: USDP 2016
ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တင်ပြီး စတင်ဖြတ်သန်းခွင့်ပြု
မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း)အမည်ဖြင့် ဧပြီ ၂၆ ရက် ည ၉ နာရီတွင် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ခရီးသွားပြည်သူများအား ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။ (more…)
Read more
#ရန်ပုံငွေကျပ်၇ဘီလီယံကိစ္စ_နိုင်ငံရေးအရတိုက်ခိုက်မှုဖြစ်ဟုကြံ့ခိုင်ရေးပါတီတုံ့ပြန်
ယခင် မကွေးတိုင်းဒေသကြီးအစိုးရ လက်ထက်က ရေနံလက်ယက်တွင်းတွေကရတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၇ဘီလီယံကျော် စုံစမ်းဖော်ထုတ်မှုကိစ္စ ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကျန်ရစ်သူမိသားစုများထံသို့ ဆန်တစ်အိတ်၊ ငွေကျပ်(၁၀၀၀၀ိ/-)နှင့်ဗလာစာအုပ်များထောက်ပံလှူဒါန်း
စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ရေတွင်းတူးဖေါ် ပရဟိတလုပ်ရင်း ရေတွင်းထဲ၌အောက်ဆီဂျင်ပြတ်ကာသေဆုံးသွားသော စဥ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာမှ ဦးသန်းမြတ်စိုး(၃၅-နှစ်)နှင့်ဦးသိန်းလင်း(၅၄-နှစ်)တို့၏ကျန်ရစ်သူမိသားစုများထံသို့ စဥ့်ကိုင်မြို့ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်အဖွဲ့မှ (၂၆.၄.၂၀၁၇)ရက်နေ့ (၁၃း၃၀)အချိန်တွင် သွားရောက်မေးမြန်းအားပေးစကားပြောကြားခဲ့ပြီး ကျန်ရစ်သူမိသားစုအတွက်ဆန်တစ်အိတ်၊ ငွေကျပ်(၁၀၀၀၀ိ/-)နှင့်ဗလာစာအုပ်များထောက်ပံလှူဒါန်းခဲ့ပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး
Read more
(၁၀၉) ကြိမ်မြောက် ရန်အောင်မြင် ရွှေဘုံသာမြို့နယ်လုံးကျွတ် သံဃာ့ ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ
အိမ်မဲ ပြည်ခိုင်ဖြိုး မိသားစု မှ 23-4-2017 (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီ အချိန်က (၁၀၉) ကြိမ်မြောက် ရန်အောင်မြင် ရွှေဘုံသာ မြို့နယ်လုံးကျွတ် သံဃာ့ ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၌ ဘုန်းတော်ကြီးကျောင်း ၁၇၅ ကျောင်း ၊ သီလရှင်စာသင်တိုက် ၇ တိုက်မှ သံဃာ ၁၀၆၄ ပါးနှင့် သီလရှင် ၇၄ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပါသည်။
Read moreပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက်
(26.4.2017) နေ့ ညနေ (၄) နာရီမှ စတင်၍ လမ်းမတော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဋ္ဌ – အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့မှ အမှတ်
(၁) ရပ်ကွက်အတွင်းသို့ ပါတီဝင်အင်အားစီစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ် ကြေး ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသတင်းရရှိပါ သည်။
မျိုးသန့် (လမ်းမတော်)
အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီနှစ်စဉ်ကြေးပေးအပ်
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသို့ မြို့နယ် ၁၃ မြို့နယ်မှ ပါတီဥက္ကဋ္ဌများက ပါတီနှစ်စဉ်ကြေးကျပ် ၉၄၈ဝဝဝ ကို ယမန်နေ့က ခရိုင်ပါတီရုံးသို့ လာရောက်ပေးအပ် ကြရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်၊ စည်းရုံးရေးရာတာဝန်ခံ ဒေါ်အိအိ လှိုင်နှင့် ခရိုင်ကော်မတီဝင် ဒေါ်စန်းစန်းဝင်းတို့က လက်ခံရယူခဲ့ ကြကြောင်း သိရပြီး ပါတီဝင် စိစစ်ပြီး အင်အား ၅၈၁၈ ဦးနှင့် ပါတီဝင်အသစ်အင်အား ၃၃၅ ဦး ထပ်မံစည်းရုံးနိုင်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေး အင်အားစာရင်းစိစစ်ဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်း မြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဦးကိုကိုနိုင် (နယ်မြေတာဝန်ခံ)တို့သည် ယမန် နေ့ညနေ၆နာရီခွဲတွင် (င/က) ရပ်ကွက်သို့ လမ်းအလိုက်အပိုင် (၅)ပိုင်သို့ ငယ်စာရင်းဇယားများ စိစစ်ခြင်း၊ ပါတီဝင်လူငယ်အသစ် စုဆောင်းခြင်း၊နှစ်စဉ်ကြေးကောက်ခံ ရန်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
SL
Read more
Gmail ကနေ Unroll.me Account ကို ဘယ်လို ဖယ်ရှားမလဲ
Gmail Inbox ထဲမှာ ရာနဲ့ထောင်နဲ့ချီတဲ့ newsletters တွေကြောင့် စိတ်ရှုပ်နေရပါသလား။ ဒီပြဿနာ တွေကို Unroll.me ကနေ အလွယ်တကူနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။ Unroll.me ကို Gmail account နဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာ Gmail ထဲမှာရှိတဲ့ newsletters တွေကို Unroll.me service က ဖယ်ရှား ရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ Unroll.me ဟာလည်း အခြားသော ကုမ္ပဏီများကို အသုံးပြုသူများရဲ့ အချက်အလက်တွေကို ရောင်းချတာကြောင့် Unroll.me account ကို Gmail ကနေ ဖယ်ရှား ရှင်းလင်း ချင်တယ်ဆိုရင် ဖော်ပြပါနည်းလမ်း အတိုင်းပြုလုပ်နိုင် ပါတယ်။

Read more












