ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးသောင်းအေး ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲတက်ရောက်

 
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ယမန်နေ့ နံနက်ပိုင်းတွင် ပျော်ဘွယ်မြို့နယ် လက်သဲကြိုးအုပ်စု ဘိုကုန်းကျေး ရွာ၌ ကျင်းပသော ဘိုကုန်းကျေး ရွာနှင့်နတ်တာဆည် ဆက်သွယ် သည့်ကိုယ့်အားကိုယ့်ကိုး မြေသား လမ်းဖွင့်ပွဲသို့တက်ရောက်အားပေး ပြီး အမှာစကားပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်က အမှာစကားပြောကြားရာ တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ဘက်ပေါင်းစုံမှ တတ်နိုင်သမျှကြိုးစားဆောင်ရွက် ပေးနေကြောင်း၊ ယခုကဲ့သို့ မိမိ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ့်ကိုးပြီး စုပေါင်း ဆောင်ရွက်ခြင်းသည် ဂုဏ်ယူရ မည့်အချက်ဖြစ်ပါကြောင်း၊လမ်းဖြစ် မြောက်ရေးအတွက် ငွေအလှူရှင် များ၊ မြေအလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကျေးရွာအတွင်း စည်းလုံးညီညွတ် စွာနေထိုင်ပြီး ရပ်ရွာအကျိုးကို ယခု ထက်ပိုမို၍ ဆောင်ရွက်နိုင်ရန် ဆန္ဒ ပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆိုပါလမ်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုး နှင့် ပျော်ဘွယ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးနိုင်နိုင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။ အဆိုပါလမ်းသည် အရှည် နှစ်မိုင် လေးဖာလုံရှိပြီး အလှူရှင်၂၅ ဦး လှူဒါန်းငွေကျပ် ၈၅သိန်းဖြင့်ဖောက်လုပ်ခဲ့သည့် မြေ သားလမ်းဖြစ်ကြောင်းနှင့်ပြည်ခိုင်ဖြိုး ပါတီကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ငွေကျပ်တစ်သိန်းလှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သည် ပျော်ဘွယ်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော် မတီဝင်များဖြစ်ကြသော ဦးအောင် ဇော်မြင့်၊ ဦးသက်ဦးတို့နှင့်အတူ ဒီးဒုတ်ကုန်းကျေးရွာ၊မြောက်ညောင် ကုန်းကျေးရွာများသို့သွားရောက် ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။

Read more

စက္ခုပါလာဒိဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးဦးနှင့်အဖွဲ့ မျက်စိဝေဒနာရှင်များအား (၁ဝ)ကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲစိတ်ကုသနိုင်ရေးလုပ်ငန်းညှိနှိုင်း

 

Read more

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသောနေအိမ်များကို ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီထောက်ပံ့

 

ပြည်ထောင်စုနယ်မြေ နေပြည် တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်အတွင်း ယခုလ ၁ဝရက် ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ် ၃၈အိမ်တို့ ပြိုလဲပျက်စီးဆုံးရှုံး ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။

Read more

ရှမ်းတိုင်းရင်းသားအဖွဲ့နဲ့ဗဟိုကော်မတီတွေ့ဆုံ

 

ယနေ့ မေ (၁၆) ရက် နံနက် ၁၀း၃၀ နာရီတွင် မိုးညှင်းမြို့နယ် ဟိုပင်ဒသ တကွင်းကျေးရွာတွင် ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံရာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေးမှ အဖွင့်အမှာစကားပြောကြား ခြင်း ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်းမှ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်အတွင်း ရေးမှူး ဦးဌေးဝင်းက တိုင်းရင်းသားလူငယ်ကိစ္စရပ်များကို လည်းကောင်း၊ ကော်မတီဝင် ဦးစိုင်းတင်လှ (တွဲ/တိုင်းရင်းသားရေးရာတာဝန်ခံ) က တိုင်းရင်းသားလူမျိုးဖွံ့ဖြိုးရေးနှင့်စည်းရုံးရေးရာကိစ္စရပ်များ ဆွေနွေးခြင်း ပြုလုပ်ခဲ့သည်။

Read more

“အပြုသဘောဆောင် အကောင်းမြင်ဝါဒနဲ့ နိုင်ငံတော်နဲ့ နိုင်ငံအကျိုးအတွက် ဦးတည်ဆောင်ရွက်မယ်”

 

ဒီနေရာမှာ တင်ပြလိုတာက ၂ဝ၁၆ ဒုတိယအကြိမ် ပါတီညီလာခံမှာ ပါတီခေါင်းဆောင်အသစ်ကို ရွေးချယ် တင်မြှောက်ပြီးတော့မှ ခေါင်းဆောင်သစ် ဦးသန်းဌေးရဲ့ ဦးဆောင်မှုနဲ့ စိတ်သစ်လူသစ်၊ မူဝါဒအသစ်၊ အတွေး အခေါ်အသစ်၊ လုပ်နည်းလုပ်ဟန်အသစ်တွေနဲ့ ပါတီသည် ပြည်သူ့အတွက် ဖြစ်ရမယ်။ ပြည်သူ့ပါတီဖြစ်ရမယ်။ ယခင့်ယခင်ကဖြစ်ခဲ့တာတွေအပေါ်မှာ နမူနာယူပြီးတော့ ဒီကနေ့ ပြည်သူနဲ့တစ်သားတည်းဖြစ်ပြီးတော့ ပြည်သူ့အကျိုးသယ်ပိုး ဆောင်ရွက်နိုင်တဲ့ပါတီဖြစ်ရေးကို အစဉ်တစိုက် အလေးအနက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Read more

” နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားတွေ ထိခိုက်လာမယ်ဆိုရင် အတိုက်အခံကောင်း တစ်ယောက်အနေနဲ့ ရပ်တည်မယ်”

 

ကျွန်တော်တို့အစိုးရ တာဝန်ယူထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်လုံး သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူ လူထုရဲ့အကျိုးစီးပွားကို တတ်နိုင်သမျှ အကျိုးတူပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ ခွန်အားတွေနဲ့ ကျွန်တော်တို့ ရုန်းကန်ကြိုးစားဆောင်ရွက်ခဲ့တာ၊ သို့သော်လည်းပဲ ကျွန်တော်တို့အပေါ်မှာ အထင်မှားလား၊ အမြင်မှားလား၊ သံသယတွေနဲ့ ကျွန်တော်တို့ကိုလုပ်တိုင်း ကျွန်တော်တို့အပေါ်မှာ သက်သက်မဲ့ အပုပ်ချ၊ အဲ့ဒီအတွက် ကျွန်တော်တို့ရဲ့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ အများ ကြီး ရှိခဲ့တယ်။ သို့သော် အဲဒီအခက်အခဲတွေကြားထဲကပဲ အားလုံးမြင်တဲ့ အတိုင်းပဲ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးမှာ အားလုံးပူးပေါင်းဆောင်ရွက် ခဲ့တယ်။

Read more

ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်အောက်တွင် ထိုင်းနိုင်ငံ က လမ်းပန်း ဆက်သွယ်မှုများကို ပိုမိုလုပ်ဆောင် သွားမည်ဟု တာဝန်ရှိသူပြောကြား

ထိုင်းနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးမှု မူဘောင်အောက်တွင် ပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်ပေါ်လာရေး အစိတ်အပိုင်းတစ်ခုအနေဖြင့် လမ်းမကြီးများ နှင့် ရထားလမ်းများအား ပိုမို အလေးပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

(more…)


Read more

ပြင်သစ်လိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီရရှိ

ပြင်သစ်လိဂ်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီက ဆွတ်ခူး ရရှိ သွားခဲ့သည်။

 

(more…)


Read more

APK ဖိုင်တွေမှာ Virus ရှိ မရှိ ဘယ်လိုစစ်မလဲ

Play Store ကနေ download လုပ်လို့မရတဲ့ apk ဖိုင်တွေကို အခြားနေရာကနေ download လုပ်ယူတဲ့အခါ ဖြစ်ဖြစ်၊ Play Store မှာ မတင်ထားတဲ့ apk ဖိုင်တွေကို ထည့်သွင်းသုံးစွဲလိုတဲ့ အခါမှာပဲဖြစ်ဖြစ် apk ဖိုင်တွေမှာ virus တွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီးမှ သုံးစွဲသင့်ပါတယ်။

 

(more…)


Read more