ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဦးဆောင်ကော်မတီဝင် အခြေခံ အလုပ်သမားအနှေးယာဉ်အဖွဲ့အစည်း(၅၇ဝ) နှစ်ပတ်လည်တွေ့ဆုံပွဲတက်ရောက်

 

ဟင်္သာတမြို့ အခြေခံအလုပ် သမားအနှေးယာဉ်အဖွဲ့အစည်း (၅၇ဝ)နှစ်ပတ်လည်တွေ့ဆုံ ပွဲကို ဟင်္သာနေခြည်ဘက်စုံဖွံ့ဖြိုးရေး စင်တာတွင် ယခုလ ၂ရက် နံနက် ၁ဝ နာရီက ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များ၊ အနှေးယာဉ်ဆိုက်ကားအဖွဲ့ဝင်များ နှင့် မိသားစုဝင်များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။

Read more

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူများအား ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် တွေ့ဆုံအားပေး ဆန်အိတ်များထောက်ပံ့

 

မောင်တောခရိုင်အတွင်းအစွန်း ရောက်ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများ စားသောက်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီဗဟို ကော်မတီဝင်၊ နိုင်ငံရေးနှင့်တိုင်းရင်းသားရေးရာ ကော်မတီဝင် ဦးထွေးလှက ယာယီကယ်ဆယ် ရေးစခန်းများသို့ သွားရောက်ကာ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား များပြောကြားပြီး ထောက်ပံ့ငွေများ၊ ဆန်များနှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

Read more

ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းပါတီဥက္ကဋ္ဌတက်ရောက်

 

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအစည်းအဝေးအား ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက် ချီးမြှင့်အား ပေးခဲ့သည်။

အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ ချမ်းအေးသာစံမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာစည်းမှူးများနှင့် ဒုစည်းမှူးများ၊ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုနယ်မြေ မြို့နယ်ပါတီကော်မတီဝင်သစ်လွင်များ တာဝန်ပေးအပ်

 

ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး (ပြည်ထောင်စုနယ်မြေ) တွင် ပြည်ထောင်စုနယ်မြေ မြို့နယ် ပါတီကော်မတီဝင်သစ်လွင်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ အခမ်း အနားသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီနာယကများဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးခင်မောင်ဌေးနှင့် ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌဦးဝေလွင်နှင့် ပြည်ထောင်စု နယ်မြေ ပါတီကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီ ကော်မတီဝင်များ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

Read more

မြောက်ကိုရီးယားကို စစ်ရေးတုံ့ပြန်ရန်မှာ ဦးစားပေးရွေးချယ်မှု မဟုတ်သော်လည်း စဉ်းစားသည့်အထဲ ပါဟု ထရမ့်ပြော

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၈

မြောက်ကိုရီးယားနိုင်ငံက အတည်ပြုပြောဆိုထားသည့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုအား အမေရိကန်က တုံ့ပြန်ရာတွင် စစ်ရေးအရတုံ့ပြန်မှုကလည်း ဖြစ်နိုင်ခြေ ရှိနေကြောင်း သမ္မတ ထရမ့်က ပြောလိုက်သော်လည်း စစ်ရေးဖြင့် အရေးယူခြင်းသည် ၄င်း၏ ပထမဦးစားပေး ရွေးချယ်မှုတော့ မဟုတ်ကြောင်း ဆိုသည်။

Read more

ဩစတြေးလျတွင် လိုင်စင်မဲ့ သေနတ်များ အပ်နှံမှု အလက်ပေါင်း ၂၆၀၀၀ မျှရှိ

ဩစတြေးလျတွင် လိုင်စင်မဲ့ သေနတ်များ အပ်နှံခွင့် ပေးခဲ့သည့် ကာလအတွင်း လာရောက် အပ်နှံသည့် သေနတ် အလက်ပေါင်း ၂၆၀၀၀ နီးပါးထိ ရှိခဲ့ကြောင်း သိရသည်။

Read more

မက္ကဆီကို မြောက်ကိုရီးယားသံကို နှင်ထုတ်

 

မက္ကဆီကိုက မြောက်ကိုရီးယား သံအမတ်ကို ၃ ရက်အတွင်း နိုင်ငံက ထွက်သွားဖို့ ပြောကြား လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ မကြာခင်က အဏုမြူ စမ်းသပ်မှုကို လုံးဝ ရှုတ်ချလိုက်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရုံသာမက မက္ကဆီကိုရဲ့ မဟာမိတ် ဂျပန်နဲ့ တောင်ကိုရီးယား ကိုပါ ခြိမ်းခြောက် နေတယ်လို့ မက္ကဆီကို နိုင်ငံခြားရေး ရုံးက ထုတ်ပြန် လိုက်ပါတယ်။

Read more

သကြားကို အသုံးပြုပြီး ကိုယ့်အသားအရေကို ဘယ်လိုထိန်းသိမ်းမလဲ

သကြားကို များများစားတာ၊ အချိုရည်များများသောက်တာ မကောင်းဘူးဆိုတာ ကျွန်မတို့ အားလုံးလက်ခံထား ကြပါတယ်။ ဒါပေမယ့် သကြားကို သင့်အသားအရေ အလှပအတွက် အသုံးပြုလို့ရပါတယ်။ သကြားဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆားဝက်ခြံကိုလည်း သက်သာစေပါတယ်။

၁။ အဆီပြန်တဲ့အသားအရေအတွက် သကြား

Read more

ခန္ဓာကိုယ်မှ အဆီများကို လောင်ကျွမ်းစေနိုင်မည့် ဖျော်ရည်

ညအိပ်ရာမဝင်ခင် ဒီအရောအနှောကို သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်မှ အဆီမျာကို ဖယ်ရှားပေး နိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့ချပေးနိုင်ရန်အတွက် အကောင်းဆုံးဖျော်ရည် တစ်ခုလည်းဖြစ်ပါတယ်။

ပါဝင်သောပစ္စည်း

နံနံပင်(၁)စည်း

သံပုရာ (၁)လုံး

ပန်းသီးရှာလကာရည် (၁)ဇွန်း

ပျားရည်(၁)ဇွန်း (သို့) ဂျင်း(၁)ဇွန်း

သစ်ကြံပိုး (၁)ဇွန်း

ရေ(၂)ခွက်

Read more

Surface ထုတ်ကုန်သစ်ကို အောက်တိုဘာလကုန်တွင် Microsoft မိတ်ဆက်မည်

Microsoft ရဲ့ Surface ထုတ်ကုန်သစ်ကို အောက်တိုဘာ ၃၁ ရက် လန်ဒန်မြို့မှာ တရားဝင်မိတ်ဆက် သွားမယ်လို့ သိရပါတယ်။ အဲ့ဒီနေ့မှာ ကုမ္ပဏီရဲ့ Surface ဌာနအကြီးအကဲ Panos Panay က keynote speech ပြောကြားမှာ ဖြစ်ပါတယ်။

အောက်တိုဘာလမှာ Surface ထုတ်ကုန်သစ်မိတ်ဆက်မယ့်အကြောင်းကို ကုမ္ပဏီရဲ့အစီအစဉ်ကို သိရှိသူများက The Verge ထံ အတည်ပြု ပြောကြားခဲ့ပါတယ်။

Read more