ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ်စဉ်ကြေးပေးအပ်

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခု လ ၈ရက် နံနက်၁ဝနာရီက ခရိုင်၊မြို့နယ်၊ ရပ်/ကျေးလစဉ်ပုံမှန်တွေ့ဆုံညှိနှိုင်းအစည်းအဝေး   ကျင်းပရာ ရပ်/ကျေးပါတီကော်မတီဝင်စည်းရုံးရေးမှူးများက မိမိတို့ကျေးရွာအလိုက် နှစ်စဉ် ပါတီဝင်ကြေးရရှိငွေများကို ဒက္ခိဏသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်ထံပါတီဝင် ၈၇၄ ဦး       အတွက် ကောက်ခံ ရရှိငွေပေါင်း ၈၇၄ဝဝဝ ပေးအပ်ခဲ့ကြောင်း သိရသည်။
USA

Read more

ဖာပွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီဝင် မိသားစုများ၏ သားသမီးများ ဂုဏ်ပြုချီးမြှင့်ပွဲကို ကမမောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးနိုင်သန်းနိုင်နှင့် ဒေါ်နန်းနီနီအေးတို့က အမှာစကားပြောကြားပြီး လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ နှင့်      မြို့နယ်ပါတီဥက္ကဋ္ဌ တို့က ထူးချွန်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Read more

အကြမ်းဖက်တိမ်းရှောင်သူများ နေရပ်ကျန်နေသူများ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုးပါတီ ဝိုင်းဝန်းကူညီကယ်ဆယ် မှုများ ဆောင်ရွက်

 

သြဂုတ် ၂၅ ရက်မှ စတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ဘင်္ဂါလီအကြမ်းဖက်များက ဒေသခံတိုင်းရင်းသားများအား တိုက်ခိုက်မှုဖြစ် စဉ်များ ဖြစ်ပွားခဲ့သော ကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာပြီး မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်နှင့် စစ်တွေမြို့များရှိ ကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံလာကြ ရာ ဘူးသီးတောင်မြို့နှင့် မြို့နယ် ကျေးရွာများအတွင်း အကြမ်းဖက်တိမ်းရှောင်သူများ၊ နေရပ်ကျန်နေသူများ၊ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်နှင့်ပြည်နယ်၊        မြို့နယ် ပါတီတို့က အကူအညီလိုအပ်လျက် ရှိသော ဒေသခံတိုင်းရင်းသား များ အားဝိုင်းဝန်းကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိကြသည်။

Read more

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များရန်ကုန်မြောက်ပိုင်းခရိုင်ရေးရာကော်မတီဝင် များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်နှင့် ခရိုင် အတွင်းရှိ မြို့နယ်များမှ ရေးရာကော်မတီများ အလိုက် တာဝန်ရှိသူများတွေ့ဆုံပွဲအားယမန်နေ့ (စနေနေ့)တွင် ကျင်းပခဲ့ သည်။ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာဒေါ်စန်းစန်းနွယ်၊ဗဟိုကော်မတီဝင်ဒေါ်ခင်ရွှေမြင့်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ် ပါတီ များမှ ပါတီဥက္ကဋ္ဌများ၊ ရေးရာကော် မတီအလိုက် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

Read more

ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မိုးညိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးမှုအပေါ် သတင်းစာ ရှင်းလင်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ခွဲ ပါတီဌာနချုပ်(ရန်ကုန်)တွင် ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ညနေပိုင်းတွင် ကျင်းပ ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့်ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲမှ ကောက်နုတ်ချက်များ

 

Read more

ဂျပန်နပန်းသမားဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ကန်ဂျီအီနိုကီ မြောက်ကိုရီးယား သွားရောက်

ဂျပန်နပန်းသမားဘဝကနေ ထင်ပေါ်တဲ့ နိုင်ငံရေးသမားဖြစ်လာတဲ့ ကန်ဂျီအီနိုကီဟာ မြောက်ကိုရီးယားနိုင်ငံကို စက်တင်ဘာ ၇ ရက်မှာ အလည်အပတ် ရောက်ရှိသွားခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရ သတင်းမီဒီယာ ကေစီအန်အေကနေ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ ဗွီဒီယိုဖိုင်မှာ ကန်ဂျီအီနိုကီနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြုံယမ်း နိုင်ငံတကာလေဆိပ်ကို ရောက်ရှိသွားတာ တွေ့ရပါတယ်။

Read more

ပေါင်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်

 

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ စက်တင်ဘာ ၇ ရက်နေ့ နံနက် ၁၁နာရီက ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မြို့နယ် ကော်မတီများအစည်းအဝေးခန်းမတွင် သထုံခရိုင် ပေါင်မြို့နယ်မှ မြို့နယ်ပါတီကော်မတီဝင်များမှ ပါတီလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြဲ့ကကြောင်း သိရသည်။

Read more

သံတမန်ဆက်ဆံရေးထက် ပိုလွန်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကို ထိန်းသိမ်း အားဖြည့်သွားမည် ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌပြော

 

တရုတ်ပြည်သူ့  သမ္မတနိုင်ငံအား သံတမန်ဆက်ဆံရေးထက် ပိုလွန်သည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကို ထူထောင်ထိန်းသိမ်း အားဖြည့်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်      ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ယနေ့  ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ ပြောကြားခဲ့သည်။

Read more