မြန်မာလိဂ်အမှတ်ပေးဇယားကို ရှမ်းယူနိုက်တက် ဆက်လက်ဦးဆောင်
မြန်မာလိဂ်ပွဲစဉ် (၁၇) ဒုတိယနေ့တွင် ရှမ်းယူနိုက်တက် အသင်းက ဧရာဝတီအသင်းကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ စက်တင်ဘာ ၁၀ ရက်က ပုသိမ်ကွင်းတွင် ယှဉ်ပြိုင်သည့် ယင်းပွဲ၌ အကြိတ်အနယ်ရှိပြီး ရှမ်းအသင်းအတွက် ဂိုးများကို ပွဲချိန် ၃၁ မိနစ်တွင် တိုက်စစ်မှူး ခရစ္စတိုဖာနှင့် ပွဲချိန် မိနစ် ၈၀ တွင် ဒွေးကိုကိုချစ်တို့က သွင်းယူခဲ့ သည်။ အိမ်ရှင် ဧရာဝတီ အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲ ချိန် ၈၆ မိနစ်တွင် သီဟဇော်က သွင်းယူသည်။
Read more




