မြောက်ကိုရီးယားဝါဒဖြန့်ချီရေးလိုင်းကို Youtube စာမျက်နှာမှ ဖယ်ရှား

မြောက်ကိုရီးယားအစိုးရပိုင် ၀ါဒဖြန့်ချီရေးတွေကို ထုတ်လွှင့်နေတဲ့ Uriminzokkiri ရုပ်သံလိုင်းကို လူမှုအဖွဲ့အစည်းတွေ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ချိုးဖောက်တယ်ဆိုပြီး Youtube အင်တာနက် စာမျက်နှာကနေ ဖယ်ရှားလိုက်ပါတယ်။

Uriminzokkiri ရုပ်သံလိုင်းမှ အစီအစဉ်တခု ထုတ်လွှင့်နေစဉ်

Youtube ကနေချမှတ်ထားတဲ့ လူမှုအဖွဲ့အစည်းတွေလိုက်နာရမယ့် လမ်းညွှန်ချက်ကို ချိုးဖောက်လို့ မြောက်ကိုရီးယားအစိုးရရဲ့ အဲဒီရုပ်သံလိုင်းကို ဖျက်သိမ်းလိုက်တယ်လို့ Youtube က ပြောပါတယ်။

Read more

ဟင်္သာတခရိုင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကို ဟင်္သာတခရိုင် ဇလွန်မြို့တွင် ၁၀-၉-၂၀၁၇ရက်နေ့ ၉း၃၀နာရီအချိန်တွင် ကျင်းပခဲ့ ရာ ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာထိန်ဝင်း၊ ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မင်္တီဝင်များ၊ လေးမျက်နှာ အင်္ဂပူဇလွန်မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့်         လူငယ်များ၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မှ ပါင်္တီင်္ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် လူငယ်အဖွဲ့များ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှင်္ီး တွေ့ဆုံ ၍ အတွေ့အကြုံများ ဖလှယ်ခဲ့ကြပါသည်။

Read more

ပြည်သူ့လိုအပ်နေသည့် လယ်ရေရရှိရေး ဆောင်ရွက်ပေးမည်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်​မြို့ (၇.၉.၂၀၁၇) ရက်​​နေ့တွင် ပြည်​သူလွှတ်​​တော်​ ဦးလင်း​ဇော်​ထွန်းနင့်​ ပြည်​နယ်​လွှတ်​​တော်​ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်း​ကျောက်​၊ ဦးအားကို တို့သည် ခရိုင်ပါတီ ဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရီတစ်တို့နှင့်အတူ ပါပူးရွာ ပြည်​သူလူထုနင့်​ ​တွေဆုံခဲ့ပါသည်။

Read more

ပြည်သူ့အကျိုးပြုများ ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေး

 

(၁၁-၉-၂၀၁၇) ရက်နေ့ (၁၀း၀၀)နာရီအချိန် ပြင်ဦးလွင်မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်​ပါတီဥက္ကဌ ဦးလင်း​ဇော်​မင်းနှင့်​​ကော်​မတီများသည်​ ပြည်​ခိုင်​ဖြိုး အမာခံ         လူငယ်မောင်မယ်များနှင့် တွေဆုံ ပြီး ပြည်သူ့အကျိုးပြုများ ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြ ပါသည်။


Read more

ပြည်ခိုင်ဖြိုးပါတီမှ (၇၈) နှစ်မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့ အခမ်းအနား ဂါရ၀ပြု လွမ်းသူ့ပန်းခွေဆက်ကပ်

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၈)နှစ် မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့အား ပြည်ခိုင်ဖြိုးပါတီမှ ဂါရ၀ပြု လွမ်းသူ့ပန်းခွေ ဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြသည်။

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်ဦး ဥတ္တမကြေးရုပ်ထုအား နံနက် (၈း၁၅)အချိန်မှ စတင်၍ ပြည်နယ်ပါတီရုံးမှ ဦးဥတ္တမပန်းခြံသို့ မင်္ဂလာစည်တော် တီးခတ်၍ သွားရောက်ခဲ့ကြပြီး ဂါရ၀ပြုလွမ်းသူ့ပန်းခွေ ဆက်ကပ် ကန်တော့ခဲ့ကြသည်။

Read more

နိုင်ငံကိုတာဝန်ယူသည့်အစိုးရဆိုလျှင် နိုင်ငံသားတိုင်းရင်းသားများ၏အရေးကို ဦးစားပေးရမည်

 

မြန်မာနိုင်ငံကို တာဝန်ယူသည့်အစိုးရဆိုလျှင် မြန်မာနိုင်ငံသားတိုင်းရင်းသားများ၏ အရေးကို ဦးစားပေးရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြား သည်။ ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ‘အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ’အခမ်းအနား၌ နိဂုံးချုပ်     စကားပြောကြားရာတွင် ဦးသန်းဌေးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

Read more

ညောင်ဦးပြည်ခိုင်ဖြိုး လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ညောင်ဦးမြို့ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၉ရက် လပတ်ပုံမှန်အစည်း အဝေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါအစည်းအဝေးပွဲတွင် ရှေးဦးစွာ မန္တလေးတိုင်း   ဒေသကြီးခရိုင် နယ်မြေတာဝန်ခံဦးသန်းဌေးက အဖွင့်အမှာစကားပြော ကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌဦး ညွန့်ဝင်းက ပါတီလုပ်ငန်းတာဝန်များကို ရပ်/ကျေးစည်းမှူးများမှ ကျေပွန်စွာထမ်းဆောင်ပေးရန် ထမ်းဆောင်နိုင်ခြင်းမရှိက လူစားအသစ်လဲလှယ် ပေးရန်           ရှင်းလင်း ပြောကြားသည်။

Read more

ဓမ္မစကူးလ်ကျောင်းသို့ အလှူငွေနှင့် အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အလယ်ရွာကျေးရွာ ရတနသိဒ္ဓိကျောင်းတိုက်၌ ဖွင့်လှစ် သော ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲတွင် ခရမ်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ယနေ့နံနက်က ရတနသိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒကအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး ဓမ္မစကူးလ်သင်တန်းကို တစ်နေ့တာ အာဟာရဒါနအတွက် အလှူငွေကျပ် တစ်သိန်းတိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဇော်ဦး(ခရမ်း)


Read more

ယူအက်စ်အိုးပန်း အမျိုးသမီးတင်းနစ် ဗိုလ်လုပွဲတွင် ဆလိုအန်နီစတက်ဖန်းစ် အနိုင်ရ

 

အမေရိကန်နိုင်ငံ နယူးယောက်မှာ ယှဉ်ပြိုင်သွားတဲ့ ယူအက်စ်အိုးပန်း အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ အမေရိကန်သူ ဆလိုအန်နီ စတက်ဖန်းစ်က ပြိုင်ဘက် မက်ဒီဆန်ကီးစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။

ယူအက်စ်အိုးပန်း ဗိုလ်လုပွဲမှာ အမေရိကန်နိုင်ငံသူ ၂ ဦး ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုံတွေ့တာ ဖြစ်ပါတယ်။

Read more

ရေမွှေးသစ် ကြော်ငြာလိုက်တဲ့ ရော်နယ်ဒို

ရီးရဲမက်ဒရစ် စတား ရော်နယ်ဒိုက ၎င်းရဲ့ ထုတ်ကုန်သစ် တစ်ခုဖြစ်တဲ့ ရေမွှေးအမျိုးအစားတစ်ခုကို ထပ်မံ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ရေမွှေးကတော့ အမျိုးသားများအတွက် သီးသန့် ထုတ်ထားတာဖြစ်ပြီး မုတ်ဆိတ်ရိတ်ပြီးလျှင် အသုံးပြုတဲ့ ရေမွှေးအမျိုးအစားပဲ ဖြစ်ပါတယ်။

အဆိုပါ ရေမွှေး နာမည်ကိုတော့ ရော်နယ်ဒိုက CR7 အမည်ပေးထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ညက ကြော်ငြာ မိတ်ဆက် ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

Read more