ရိုဟင်ဂျာဆိုတာ တမင်သက်သက်ဖန်တီးထားတဲ့ နိုင်ငံရေးအရ အမှတ်အသား တစ်ခုသာဖြစ်

 

အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲတွင် နိုင်ငံ တကာရေးရာသုတေသီဦးကိုကိုလှိုင်က နိုင်ငံတကာတွင်ဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်များနှင့် နှိုင်းယှဉ်လေ့လာကာသုံးသပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်း ပညာရှင်ဒေါက်တာရင်ရင်နွယ်ကကုလသမဂ္ဂစနစ်နှင့်နိုင်ငံတကာသဘောတူညီ ချက်များကိုလေ့လာသုံးသပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးမှုအပေါ် တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပညာရှင်များက ပြန်လည်ဖြေကြားခဲ့မှုများ ကိုဖော်ပြပေးလိုက်ပါသည်။

မေး။ ရိုဟင်ဂျာဆိုတဲ့နာမည်ဟာ ဘာ အဓိပ္ပာယ်ပါလိမ့်။ နောက်ရိုဟင်ဂျာ ဘယ်အချိန်က အမည် နာမပေါ်လာပါသလဲ သိချင်ပါ တယ်။

ဒေါက်တာမှုထန်(ချင်းပြည်နယ်)

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီလက်တွေ့လုပ်ငန်းခွင်မော်တာ စက်ချုပ် သင်တန်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး ဖွင့်လှစ်သော လက်တွေ့လုပ်ငန်းခွင်မော် တာစက်ချူပ်သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ တွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက် ======

 

မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် စာသင် ခန်းများ၊ ခန်းမများ၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

Read more

လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/ပါတီဥက္ကဋ္ဌ  များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုလတ်


Read more

နွားနို့ကို ပျားရည်နဲ့ တွဲသောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ

နွားနို့ကို သကြားနဲ့မသောက်ဘဲ ပျားရည်နဲ့သောက်ပေးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲဆိုတာ မျှဝေပေးသွားပါမယ်။ ပျားရည်နဲ့နွားနို့ တွဲသောက်မယ်ဆိုရင်တော့ အရသာ ကလည်း ကောင်းသလို ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း အနွေးဓာတ်ပေးပါတယ်။ အခုလို သောက်ပေးတာဟာ ကျန်းမာရေးအတွက်များစွာ အကျိုးကျေးဇူး ရှိနေပါတယ်။

ဘာလို့လဲဆိုတော့ ပျားရည်နဲ့ နွားနို့မှာ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေ၊ မှိုဆန့်ကျင်ပစ္စည်တွေ၊ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ပါပဲ။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိ တွေလည်းပါဝင်ပြီး အသက်ရှုလမ်းကြောင်းအတွက်လည်း အကျိုးကျေးဇူးများစွာရှိနေပါတယ်။

Read more

ခေါက်နိုင်တဲ့စမတ်ဖုန်းကို လာမည့်နှစ်တွင် ဖြန့်ချိရန် Samsung ရည်မှန်းထား

Samsung Electronics အနေနဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်မျိုးကို လာမယ့်နှစ်မှာ ဖြန့်ချိဖို့ ရည်မှန်းထား တယ်လို့ ကုမ္ပဏီရဲ့ မိုဘိုင်းဌာနအကြီးအကဲ Koh Dong-jin က ပြောကြား လိုက်ပါတယ်။ ဆိုးလ်မြို့မှာ ကျင်းပ ခဲ့တဲ့ Galaxy Note 8 အတွက် မီဒီယာအခမ်းအနားတစ်ခုမှာ Koh က “ကုမ္ပဏီအနေနဲ့ ခေါက်နိုင်တဲ့ display တစ်ခုပါဝင်တဲ့ စမတ်ဖုန်းတစ်မျိုးကို ၂၀၁၈ ခုနှစ်မှာ ဖြန့်ချိသွားဖို့ ရည်မှန်းထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Read more

မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ Samsung Galaxy J7+

Samsung ရဲ့ Galaxy J7+ စမတ်ဖုန်းမြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ Samsung Myanmar က ထုတ်ပြန်ပါတယ်။ သတ္တုကိုယ်ထည်ဒီဇိုင်းနဲ့ အနောက်ကင်မရာ နှစ်လုံး ပါဝင်ပြီး ၅.၅ လက်မ အရွယ်အစား ရှိတယ်လို့ ဆိုပါတယ်။

Read more

ဘင်္ဂါလီပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်နှင့် ဆွီဒင်တောင်းဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းရန် ဗြိတိန်နှင့် ဆွီဒင်တို့က တိုက်တွန်းတောင်းဆို ထားသည်။ ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဘင်္ဂါလီမျိုးနွယ်စုများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်း ရှောင်နေခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် တံခါးပိတ်ဆွေးနွေးရန် ဥရောပနိုင်ငံများက တိုက်တွန်းထား ခြင်းဖြစ်သည်။ ယင်းဆွေးနွေးမှုသည် စက်တင် ဘာ ၁၃ ရက်တွင် ဖြစ်မြောက်လာ ဖွယ်ရှိသည်။

Read more

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို သမ္မတ အမိန့််ဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို လူကယ် ပြန် ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတက စက်တင် ဘာ ၁၂ ရက်တွင် အမိန့်ထုတ်ပြန်ဖွဲ့ စည်းခဲ့သည်။

Read more

ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ပြုလုပ်နေသော ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ မူလက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု 7Day Daily သတင်းစာက စုံစမ်းသိရှိထား သော်လည်း လက်ရှိတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။ ‘‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။

Read more