ပြည်​​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူးနှင့်​အဖွဲ့များ သင်​တန်းဖွင့်​ပွဲအခမ်းအနားတက်​​ရောက်

 

၁၅.၉.၂၀၁၇ ရက်​​နေ့ ​သောကြာ​နေ့တွင်​ ရှမ်းပြည်​နယ်​(​တောင်​ပိုင်း) ​တောင်​ကြီိးခရိုင်​ နှင့်​ ပင်​​လောင်းမြို့နယ်​တို့ ပူး​ပေါင်းကာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံြ့​ဖိုး​ရေးပါတီမှ အမျိုးသမီး​ရေးရာ  လှုပ်​ရှားမှုကဏ္ဍတစ်​ရပ်​​အ​နေဖြင့်​ “အခမဲ့စက်​ချုပ်​သင်​တန်း” ၊ “ပန်း၊သစ်​သီး အလှ​ဖော်​သင်​တန်း”၊”မြန်​မာ့ရိုးရာမုန့်​လုပ်​နည်း”၊ “ထမင်း၊ဟင်းချက်​ပြုတ်​နည်းအမျိုးမျိုး” သင်​တန်းအား ​​နေ့လည်​ ၁၂ နာရီတွင်​ဖွင့်​လှစ်​​ပေးခဲ့ပါသည်​။

Read more

ငှက်ပျောသီး အခွံ အသုံးချနည်း

ငှက်ပျောသီးစားပြီးရင် အခွံကို ဘယ်လိုလုပ်ကြသလဲ။ ပစ်လိုက်မှာပေါ့။ ဒါပင်မယ့် မပစ်ပါနဲ့ အသုံးဝင်တဲ့ နည်းလမ်းတွေရှိပါတယ်။

၀၁. ပိုးမွှားအကိုက်ခံရရင် ငှက်ပျောခွံနဲ့ ပွတ်နိုင်တယ်။ ဆေးပညာအရဆိုရင်တော့ အစွမ်းရှိတယ်ဆိုတာကို တရားဝင်ပြောကြားထားတာကို မတွေ့ရသေးပါ။ ငှက်ပျောခွံမှာပါတဲ့ သကြားဓါတ်က ယားယံခြင်းကို ပျောက် စေနိုင်ပါတယ်။ အချို့နေရာတွေမှာဆိုရင် ခြင်ကိုက်ခံရတဲ့နေရာတွေကို ငှက်ပျောခွံနဲ့ လိမ်းလေ့ရှိတယ်လို့ သိရပါတယ်။

Read more

မလေးရှားနဲ့ ပွဲအတွက် ၀ှက်ဖဲ ရှိသေးတယ်လို့ဆိုတဲ့ မြန်မာယူ – ၁၈ နည်းပြ ဘန်လာဘီ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ အမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာ အသင်းက အုပ်စုနောက်ဆုံးပွဲတွင် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်တွင် မြန်မာအသင်းအနေနဲ့ မလေးရှားအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်အတွက် မိမိမှာဝှက်ဖဲကစားသမား ရှိသေးတယ်လို့ မြန်မာယူ-၁၈ နည်းပြချုပ် ဘန်လာဘီက ထုတ်ဖော် ပြောခဲ့ပါတယ်။

Read more

Bonfire video chat app ကို Facebook စမ်းသပ်နေ

Bonfire လို့ခေါ်တဲ့ standalone group video chat app တစ်ခုကို Facebook က စမ်းသပ်နေတယ်လို့ ဇူလိုင်လက သတင်းထွက်ပေါ်လာပြီးနောက် အခုအခါ အဲ့ဒီ app က ဒိန်းမတ် Apple App Store ပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို့ The Next Web က ဖော်ပြခဲ့ပါတယ်။

Read more

ပေါ့ဂ်ဘာ ဒဏ်ရာရသွား၍ မော်ရင်ဟို စိုးရိမ်

ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာသည် ဘေဆယ်ကို ၃-၀ ဂိုးဖြင့် နိုင်သောပွဲတွင် ရခဲ့သော တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ်အနည်း ငယ်ကြာအနားယူနိုင်၍ မန်ယူနည်းပြ မော်ရင်ဟိုက စိုးရိမ်နေသည်။

ယင်းပွဲပထမပိုင်းတွင် ပေါ့ဂ်ဘာတံကောက်ကြော ဒဏ်ရာရခဲ့ပြီးနောက် ၎င်းအနားယူရမည့်အချိန်ကို ဆေး စစ်ဆေးမှု ရလဒ် ထွက်ပေါ်ပြီးမှ သိနိုင်မည်ဖြစ်သော်လည်း မော်ရင်ဟိုက ပေါ့ဂ်ဘာသည် သီတင်းပတ် အနည်းငယ်ကြာ နားရလိမ့်မည်ဟု ပြောသည်။

Read more

မာဆယ်လိုနှင့် ရီးရဲလ်မက်ဒရစ် ၂၀၂၂ အထိ စာချုပ် သက်တမ်းတိုး

ဘရာဇီးဘယ်နောက်ခံလူ မာဆယ်လိုကို ရီးရဲလ်က ၂၀၂၂အထိ စာချုပ်သက်တမ်းတိုးမည် ဖြစ်သည်။ မာဆယ်လို၏ လက်ရှိစာချုပ်သည်၂၀၂၀ တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအတွက် စာချုပ်သစ် လက်မှတ်ရေးထိုးပွဲ ကို ယနေ့ပြု လုပ်မည်ဖြစ်ကြောင်း ရီးရဲလ်က ကြေညာသည်။

Read more

WLC-3 ပြိုင်ပွဲ၏ ချန်ပီယံလုပွဲ တွဲဆိုင်းများ ထွက်ပေါ်လာ၊ ပြိုင်ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်တွင် တိုက်ရိုက် ထုတ်လွှင့် ပြသမည်

ရန်ကုန် စက်တင်ဘာ ၁၂

လာမည့်နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပရန် စီစဉ်ထားသော မြန်မာ လက်ခမောင်း ကုမ္ပဏီ၏ WLC-3 ပြိုင်ပွဲအတွက် ချန်ပီယံ လုပွဲ တွဲဆိုင်းများထွက်ပေါ်လာခဲ့ပြီး ယင်း ပြိုင်ပွဲကို နိုင်ငံပေါင်း ၄ဝ ကျော်တွင် တိုက် ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာလက်ခမောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သော တွဲဆိုင်းများတွင် တစ်ကျော့ပြန် လက်ဝှေ့ကျော် စောငမန်းနှင့် ဖာရယ်တို့၏ တွဲဆိုင်းအပြင် ချန်ပီယံခါးပတ်ကို လုရမည့် တူးတူးနှင့် ဘာဒါဒို (ဖိလစ်ပိုင်)တို့၏ တွဲဆိုင်းလည်း ပါဝင်သည်။

Read more

အမေရိကန်က ပြည်နှင်ဒဏ်ကိစ္စနှင့် ပတ်သက်၍ လေးနိုင်ငံအား ပြည်ဝင်ခွင့်ကန့်သတ်

ဝါရှင်တန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား၊ အီရီထရီးယား၊ ဂီနီနှင့် ဆီရာယာလီယွန်နိုင်ငံများသည် ပြည်နှင်ဒဏ်ပေးခဲ့ရသည့် ၎င်းတို့၏ နိုင်ငံသားများကို ပြန်လည်လက်ခံရန် ငြင်းပယ်ခဲ့သည့်အတွက် အမေရိကန် နိုင်ငံက ယင်းနိုင်ငံများအပေါ် ပြည်ဝင်ခွင့်ကန့်သတ်လိုက်ကြောင်း သိရသည်။ ယင်းသို့ ပြည်ဝင်ခွင့် ကန့်သတ်ခြင်းသည် စက်တင်ဘာ ၁၃ရက်တွင် စတင်အသက်ဝင်ခဲ့ပြီး အခြေအနေ အချို့အပေါ်စဉ်းစားဆုံးဖြတ်၍ အချို့သောကဏ္ဍများမှ ပြည်ဝင်ခွင့် လျှောက်ထားသူများအပေါ် အကျိုး သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဋ္ဌာနက စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Read more

စင်ကာပူ၌ ပထမဆုံးအမျိုးသမီးသမ္မတကိုရွေးချယ်

စင်ကာပူ စက်တင်ဘာ ၁၃

စင်ကာပူပါလီမန်လွှတ်တော်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ခဲ့သည့် ဟာလီမာ ရာကော့ပ်ကို ဗုဒ္ဓဟူးနေ့တွင် စင်ကာပူနိုင်ငံ၏ ရှစ်ယောက်မြောက်နှင့် ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွင်း၌ စင်ကာပူနိုင်ငံအတွင်းရှိမလေးအဖွဲ့အစည်းအတွက် သီးသန့်ရွေးချယ်ထားသည့် တစ်ဦးတည်းသော အရည်အချင်းပြည့်မီသူဖြစ်သည့် ၄င်းအား သမ္မတရွေးကောက်ပွဲဘုတ်အဖွဲ့က သမ္မတသစ် အဖြစ် ကြေညာခဲ့သည်။

Read more

မလေးရှားတွင် ဘာသာရေးကျောင်း မီးလောင်၍ ကလေး ၂၅ ဦးခန့် သေဆုံး

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄

မလေးရှားနိုင်ငံက ဘာသာရေးကျောင်းတစ်ကျောင်းတွင် စက်တင်ဘာ ၁၄ ရက်က မီးလောင်မှုဖြစ်ရာ ကျောင်းသားကလေးငယ်အများစုအပါအဝင် လူပေါင်း ၂၅ ဦးသေဆုံးသဖြင့် နှစ်များစွာအတွင်း နိုင်ငံမှာ အဆိုးဆုံးကြုံရသည့် မီးဘေးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ မြို့တော် ကွာလာလမ်ပူမြို့လယ်မှာ ရှိသည့် အဆိုပါ ကိုအာန်ကျမ်းစာသင် နှစ်ထပ်အဆောက်အအုံ ကျောင်းတွင် အရုဏ်မတက်ခင်က မီးစတင်လောင်ခြင်း ဖြစ်သည်။

Read more