ကာဒစ္စတန် လွတ်လပ်ရေး ဆန္ဒခံယူပွဲ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ

ကာဒစ္စတန်၊ စက်တင်ဘာ ၂၈

အီရတ် ကာ့ဒ်လူမျိုးအများစုက အီရတ်မှ ကာဒစ္စတန်ဒေသ ခွဲထွက်သည့် လွတ်လပ်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေါင်း ၉၂ မဲကျော် ပေးခဲ့ကြကြောင်း စက်တင်ဘာ ၂၇ ရက်က ပထမဆုံးတရားဝင် ရလဒ်ကို ထုတ်ပြန်သည်။

Read more

နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ရုရှားတို့ဖျက်ဆီးပစ်မည်ဟု ပူတင်ကြေညာ

မော်စကို၊ ရုရှား၊ စက်တင်ဘာ ၂၈

 ရုရှားနိုင်ငံသည် သမိုင်းဝင်ပြယုဂ်အဖြစ် ၄င်းတို့၏နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ဖျက်ဆီးပစ် တော့မည်ဟု ရုရှားသမ္မတဗလက်ဒီမာပူတင်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းမရှိသည့် အမေရိကန်ပြည်ထောင်စုအား  သူကပြစ်တင်ဝေဖန်ခဲ့သည်။

“ရုရှားလက်နက်တိုက်ထဲမှာ သိုမှီးထားတဲ့ နောက်ဆုံးပိတ်ဓာတုလက်နက်တွေကို ယနေ့မှာပဲ အပြီးတိုင်ဖျက်ဆီး ပစ်တော့မှာဖြစ်ပါတယ်” ဟု ပူတင်က ရုပ်သံမှတဆင့် ကြေညာခဲ့သည်။

Read more

အခွန်ဖြတ်တောက်မှု စီမံကိန်းတွေ သမ္မတထရမ့် ချမှတ်

သမ္မတ ထရမ့်က အမေရိကန်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး အခွန်ဖြတ်တောက်မှုကြီး ဖြစ်လာမယ့် စီမံကိန်း တွေကို သူချမှတ် ရေးဆွဲလိုက်ပြီလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အခွန်ဖြတ်တောက်တဲ့ စီမံကိန်းကြောင့် အလုပ်လုပ်သူတွေ အများဆုံး အကျိုးအမြတ် ခံစားရမယ်လို့ သမ္မတထရမ့်ပြော

Read more

ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လပ်ကို ထောင်ဒဏ်ငါးနှစ်ချ

ဗန်ကောက် စက်တင်ဘာ၂၇

ထိုင်းဝန်ကြီးချုပ်ဟောင်းရင်လပ်ကို နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးက ဗုဒ္ဓဟူးနေ့တွင် ဆန်အမတော်ကြေး သုံးစွဲရာတွင် စီမံခန့်ခွဲရာ၌ ပေါ့ဆသည့်အတွက် ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ရင်လပ်ကို သြဂုတ် ၂၅ ရက်ကစပြီး တရားခွင်၌ တရားစွဲဆိုခဲ့ရာ ရင်လပ်မှာ ရုံးတော်သို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ အံ့သြဖွယ်ရာပင် ၎င်းးကိုထောက်ခံသူများက တရားရုံးတွင် စုဝေးခဲ့ကြသည်။ ၄င်း၏ လက်ထောက်များက ရင်လပ်မှာ ထိုင်းနိုင်ငံမှ ထွက်ပြေးသွားပြီဖြစ်ကြောင်း ပြောခဲ့ကြသည်။

Read more

ခါရာဘိုရာဇီ အမျိုးသားဥယျာဉ် တိုးချဲ့ သတ်မှတ်မှုအပေါ် ပူတာအိုခရိုင် ဒေသခံထောင်ချီ ကန့်ကွက်

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့တိုးချဲ့ပြီး ကမ္ဘာ့သဘာဝအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ဖို့ အစိုးရက ဆောင်ရွက်နေတာကို ရပ်ဆိုင်းပေးဖို့ ကချင်ပြည်နယ် ပူတာအို၊ နောင်မွန်နဲ့ မချမ်းဘော မြို့နယ် ၃ ခုက ဒီကနေ့မှာ လှည့်လည်ဆန္ဒပြနေကြပါတယ်။

ပူတာအိုမြို့မှာ လူဦးရေ ၈၀၀၀ လောက်နဲ့ ဒီကနေ့မနက် မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ကြပြီး အဓိကအားဖြင့် ကမ္ဘာ့သဘာဝအမွေအနှစ်နယ်မြေ သတ်မှတ်ဖို့ လုပ်ဆောင်နေတာကို ရပ်ဆိုင်းဖို့ တောင်းဆိုတာလို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးယောရှုက ပြောပါတယ်။

Read more

မောင်တောမြို့အတွင်း ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ဆက်လက်ရှာဖွေ

 ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)  

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ပျောက်ဆုံးနေသည့် ဟိန္ဒူဘာသာဝင်များအား ဆက်လက်ရှာဖွေ ဆောင်ရွက်မှုပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများတွေ့ရှိရာပြ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

Read more

ကုလလုံခြုံရေးကောင်စီက ရခိုင်အရေးဆွေးနွေးရန် ကိုဖီအာနန်ကို ဖိတ်ကြားထား

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်နိုင်ငံက ဖိတ်ကြားထား ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေ စိုက် Daily Star သတင်းဌာနက ဖော်ပြသည်။

 ပြင်သစ်သည် လာမည့် အောက်တိုဘာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရာထူး ရယူမည်ဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာကိုဖီအာနန်အား လာမည့် သီတင်းပတ်အတွင်း တွေ့ဆုံ ရန် ဖိတ်ကြားခြင်းဖြစ်သည်။

Read more

မြန်မာလုပ်သားများထံမှ ငွေတောင်းသော ပွဲစားများကို ဖမ်းဆီးရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြားထားဟုဆို

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်နေသော မြန်မာလုပ်သားများထံမှ ငွေတောင်းခံနေသော မြန်မာနှင့် ထိုင်းနိုင်ငံသားပွဲစားများကို ဖမ်းဆီးအရေးယူရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်က ညွှန်ကြားခဲ့ကြောင်း မြန်မာသံရုံးတာဝန်ရှိသူက ပြောသည်။

CI လက်မှတ်ပြုလုပ်နေ သော မြန်မာလုပ်သားများကို မြန်မာနှင့်ထိုင်းနိုင်ငံသား ပွဲစားများက CI စခန်းအတွင်း ဝင်ခွင့်နှင့် ပြုလုပ်ခများ အဆမတန် တောင်းခံနေကြောင်း တိုင်ကြားမှုများ ဖြစ်ပေါ်နေသောကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က စက်တင်ဘာ ၂၆ ရက်တွင် ညွှန် ကြားခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံ အရာရှိ ဦးမိုးအောင်ခိုင်က ပြောကြားသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်အဖွဲ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲသို့တက်ရောက်

 

၂၈.၉.၂၀၁၇ ရက်နေ့ ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ယဉ်ကျေးလိမ္မာသော မြန်မာအမျိုးသမီးလေးများရဲ့ ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေနှင့်တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ခရိုင်များအား ကိုယ်စားပြုယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ အမျိုးသမီးများ စုစုပေါင်းအင်အား (၂၅၀)ခန့်တို့တက်ရောက်ခဲ့ကြပါသည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စာလှယ်အဖွဲ့နှင့် နိုင်ငံတကာရေးရာဌာနမှ ဒုတိယဝန်ကြီး တွေ့ဆုံ

 

တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၇)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၀၉း၀၀)နာရီချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး Mr. Guo Yezhou မှ လက်ခံတွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ဟာ နှစ်ကာလကြာရှည်စွာ ချစ်ခင်ရင်နှီးစွာ ဆက်ဆံလာတဲ့ ပါတီတွေဖြစ် သည်။ ပါတီ(၂)ခုရဲ့ ဆက်ဆံရေးနှင့် ပါတီ(၂)ခုမှ ခေါင်းဆောင်များရဲ့ ဆက်ဆံရေး အခြေအနေကောင်းများကို ထိန်းသိမ်းရမည်ဖြစ်သည်။

Read more