NCA လက်မှတ်ရေးထိုးမှု ၂ နှစ်ပြည့်အခမ်းအနား နိုင်ငံတော်အဆင့်ပြုလုပ်ရန် စီစဉ်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် နှစ်ပတ် လည် အခမ်းအနားကို နိုင်ငံတော်အဆင့် ပြုလုပ်ရန် သဘောတူညီမှုရရှိပြီး အခမ်းအနားကျင်းပရေးပြင်ဆင် သည့် ဆွေးနွေးပွဲကို ရက်ပိုင်းအတွင်း ပြုလုပ်မည်ဟု အစိုးရနှင့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ကိုယ် စားလှယ်များက ပြောသည်။

Read more

အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) တွင် မြန်မာနိုင်ငံပါဝင်ကြောင်း အတည်ပြု

စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တွင်  မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ကြောင်း အကြောင်းကြားစာ (Instrument of Ratification) နှင့် တရားဝင် ကြေညာချက် (Declaration) တို့အား မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

Read more

မြန်မာရေတပ်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိရေတပ်အကယ်ဒမီတွင် ၇ ရက်ကြာ လေ့လာ

အိန္ဒိယရေတပ်အကယ်ဒမီ (INA) သို့ ခုနှစ်ရက်တာအလည်အပတ် ခရီးစဉ်ဖြင့်ရောက်ရှိနေခဲ့သော မြန်မာ ရေတပ် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ကိုချီမြို့မှ ထွက်ခွာသွားခဲ့သည်။

မြန်မာစစ်တက္ကသိုလ်မှ ဗိုလ်မှူးသိုက်ဇော်ဟိန်းနှင့် ဗိုလ်ကြီးကိုကိုမင်းတို့ ဦးဆောင်၍ရောက်ရှိလာခဲ့သော အရာရှိလောင်းငါးဦး ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယရေတပ် အကယ်ဒမီ (INA) သို့ အောက်တိုဘာ ၁ ရက်နေ့ ကတည်းက အလည်အပတ်ရောက်ရှိနေခဲ့ပြီး INA ရှိ အခြေခံအဆောက်အဦးများ၊ ပညာရပ်ပိုင်းဆိုင်ရာ အထောက်အပံ့ ပစ္စည်းများနှင့်   လေ့ကျင့်ပုံ နည်းစနစ်များကို လေ့လာခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်/ကျေးအဖွဲ့များအား တွေ့ဆုံ

 

ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ ဦးရဲမြင့်​သည်​( ​​( ၆.၁၀.၂၀၁၇) ရက်နေ့ နေ့လည်​( ၀၁း၀၀) နာရီအချိန်​တွင်​ ညောင်​ဦးမြို့နယ်​ပါတီရုံး၌ ​ညောင်​ဦး မြို့နယ်​​ ကော်​မတီအဖွဲ့နှင့်​ညောင်​ဦးမြို့နယ်​အတွင်းရှိ ရပ်​​/​ကျေးအဖွဲ့များ အား​ တွေ့ဆုံပြီး ပါတီ​ရေးရာကိစ္စရပ်​များ လမ်းညွှန်​​ဆွေး​နွေးခဲ့ပါသည်​။

အဆိုပါ​​တွေ့ဆုံပွဲသို့ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးသန်း​ဌေး၊ ခရိုင်​ပါတီဥက္ကဌ ဦးညွန့်​ဝင်း၊ မြို့နယ်​ပါတီဥက္ကဌ ဦး​ဌေးလွင်​နှင့့်​ကော်မတီဝင်များ၊ ရပ်​/​ကျေးအဖွဲ့များ တက်​​ရောက်​ခဲ့ကြ     ​ကြောင်းသိရှိရပါသည်​။

Read more

မြင်းခြံမြို့ ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ် (၃) နှစ်ပြည့် စုံညီပွဲတော်တွင် အာဟာရဒါနများ ပြုလုပ်လှူဒါန်း

 

မြင်းခြံမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ် (၃) နှစ်ပြည့် စုံညီပွဲတော်ကို (၈.၁၀.၂၀၁၇) ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​​ခဲ့ပါသည်။

မြင်းခြံမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်း(၃)နှစ်ပြည့် စုံညီပွဲတော်တွင်​ မြင်းခြံမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စုံညီပွဲတော်သို့ ကြွရောက်ချီးမြှင့်ကြသော မိဘပြည်သူများနှင့် ဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူများကို အဟာရဒါနအဖြစ် မုန့်ဖက်ထုပ်၊ ရေသန့်ဗူး၊ ကိတ်မုန့် ထုပ်များဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

crd;

Read more

သီတွင်းကျွတ်လပြည့်နေ့ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်း လောင်းလှူ

 

ရခိုင်ပြည်နယ် စစ်တွေမြို့ ဝင်္ကဘာကွင်းကြီး၌ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါး (၅၀၀) ပါး သီလရှင် အပါး (၁၀၀) ပါးတို့ကို ၁၃၇၉ခုနှစ် သီတင်းကျွတ်လပြည့် ၂၀၁၇ခုနှစ် အောက်တိုဘာလ (၅) ရက် ကြာသပတေးနေ့နံနက် (၉းဝဝ) နာရီအချိန် တွင် စစ်တွေမြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ပြည်ခိုဖြိုးပါတီ၏ ပံ့ပိုးကူညီမှုဖြင့် ဆွမ်းတော်ကြီး လောင်းလှူခဲ့ကြပါသည်။

Read more

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့ ဆီမီးတစ်ထောင် လှူဒါန်းပူဇော်

 

သီတင်းကျွတ်လပြည့် နေ့ (အဘိဓမ္မာ အခါတော်နေ့  ) ည (၁၉.း ၀၀)နာရီ အချိန်တွင် တာချီလိတ်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ စုပေါင်းပြုလုပ်သည့် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်း
ကို တာချီလိတ်မြို့၊ ရွှေတိဂုံစေရင်ပြင်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည် ။

Read more

ဇီးကုန်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် အောက်တိုဘာ ၆ရက် မွန်းလွဲ ၃နာရီက ဇီးကုန်းမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်အပါး ၂၅ဝအား ဇီးကုန်းမြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူ ခဲ့ ကြကြောင်း သိရသည်။

စိုးသစ္စာ၊ တင့်ဆွေ(ဇီးကုန်း)


Read more

(၁၃၅)ကြိမ်မြောက်ဝါကျွတ်ဆွမ်းကြီးလောင်းပွဲတော်တွင် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးမိသားစု လှူဖွယ်ပစ္စည်းများလှူဒါန်း

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် မြို့နယ်ပါတီဝင်များမှ ဘာသာသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်သန်၍ သီတင်းကျွတ်       လပြည့်ကျော် ၁ ရက်နေ့ နံနက်ပိုင်းက (၁၃၅)ကြိမ်မြောက် ဝါကျွတ်ဆွမ်းကြီးလောင်းပွဲတော်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် (၁၄၄)ပါးတို့အား လှူဖွယ် ပစ္စည်းများလှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)

Read more

ပါတီဗဟိုအလုပ်အမှုဆောင် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းနှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာပါတီကော်မတီဝင်များတွေ့ဆုံပွဲကို ယခုလ ၁၄ ရက် နံနက် ၁၁ နာရီက ကျိုက်မရော ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ပြည်နယ်ပါတီအတွင်းရေးမှူးဦးဝင်း မော်ဦး၊ ပြည်နယ်ပါတီကော်မတီ ဝင်များ၊ မော်လမြိုင်ခရိုင်ပါတီ ဥက္ကဋ္ဌဦးစိုးထွန်း၊ ခရိုင်ပါတီ ကော် မတီဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းအောင်မွန်၊ မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှစည်းရုံးရေးမှူးများ၊  ကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။

Read more