ယူအီးအက်ဖ်အေအကြံပေးပုဂ္ဂိုလ်အဖြစ် ပေါ်တူဂီဂန္ထ၀င်ကစားသမားဟောင်း ဖီဂို ခန့်အပ်တာဝန်ပေးခံရ
ရီးရဲလ်အသင်းနှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့သည့် ပေါ်တူဂီဂန္ထ၀င် က စားသမားဟောင်းဖြစ်သူ ဖီဂိုသည် ဥရောပ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဖာ ရင်၏ ထောက်ခံမှုနှင့်အတူ ယူအီးအက်ဖ်အေ၏ ဘောလုံးနည်းစနစ်ပိုင်း ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်၏ အတည်ပြုသတင်း ထုတ်ပြန်ချက်အရ သိရသည်။












