ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ လပတ်​အစည်း​ဝေး ပြုလုပ်

 

မွန်ပြည်နယ် ၊ဘီးလင်းမြိုနယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လပတ်​အစည်းအ​ဝေကို (၁၅.၁၀.၂၀၁၇)နေ့ နေ့လည်(၁၁:၀၀)နာရီချိန်တွင်​ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်​နယ်​​ပါတီကော်​မတီဝင်​ ဒေါက်တာခင်​​မောင်​သွင်​၊ တက်​​ရောက်​ခဲ့သည်။

အဆိုပါအစည်း​အဝေးတွင် ​ပြည်​နယ်​​ကော်​မတီဝင် ဒေါက်တာခင်​​မောင်​သွင်​မှာ ပါတီဝင်​များနှင့်​စဉ်​ဆက်​မပြတ်​ထိ​တွေ့​​ရေး၊ ကွင်းဆင်း​ဆောင်​ရွက်​ကြရန်​​ပြောကြားကာ တက်ရောက်လာကြသော ရပ်​​ကျေးစည်းမှူးများမှ သိရှိလိုတာများအား ​​ဆွေး​နွေးတင်​ပြခဲ့ကြသည်။ မြို့နယ်ပါတီ​ဥက္ကဋ္ဌ ဦးမြင့်​​ဆွေမှ ​ကော်​မတီတစ်​ဦးချင်း၏​ရေးရာအလိုက် ကွင်းဆင်း​ဆောင်​ရွက်​ကြရန်​ မှာကြားခဲ့သည်​။

Read more

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပါတ် အစည်းအဝေးပွဲ ကျင်းပ

 

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လပါတ် အစည်းအဝေးပွဲကို (၁၅.၁၀.၂၀၁၇) ရက်နေ့တွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးပွဲတွင် မြို့နယ်ပါတီ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး ၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ကော်မတီ နယ်မြေတာဝန်ခံများက တက်ရောက်လာကြသော ပါတီခေါင်းဆောင်များနှင့်ရှေ့ဆက်လုပ်ဆောင် သွားမည့် ပါတီရေးရာလုပ်ငန်းစဉ်များကို ရင်းရင်းနှီးနှီး ဆွေးနွေး ညှိနှိုင်း ခဲ့ကြပါသည်။

Read more

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များကို ပိတ်ဆို့အရေးယူရန် စီစဉ်နေခြင်းအပေါ် မစိုးရိမ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြော

ရခိုင်အရေးကိစ္စ နှင့်ပတ်သက်၍ အနောက်နိုင်ငံ များက တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များကို ပစ်မှတ်ထားပိတ် ဆို့အရေးယူမှုများ ပြုလုပ်ရန် ဆွေးနွေးနေသည်ဆိုသော သတင်းများအပေါ် စိုးရိမ်မှုမရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌  ကျင်းပသော တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) (၂) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

Read more

အထက်​မြန်​မာပြည်​ တိုင်း​ဒေသကြီးပြည်​နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​များနဲ့​ တွေ့ဆုံပွဲကျင်းပ

၁၆.၁၀.၂၀၁၇ ရက်နေ့ တနလာင်္နေ့ နေ့လည်ပို်င်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အထက်မြန်မာပြည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။

Du WonKyal


Read more

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတောင်သူလယ်သမားများနှင့်တွေ့ဆုံ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဇော်လွင်၊တောင်သူလယ် သမားရေးရာတာဝန်ခံဦးကံရွှေနှင့် မြို့နယ်သတင်းမီဒီယာတာဝန်ခံ ဦးခင်မောင်ရွှေတို့သည် ယမန်နေ့ က ခိုတာကျေးရွာအုပ်စု ခိုတာ ကျေးရွာရှိ နွေစပါးစိုက်တောင် သူများနှင့်တွေ့ဆုံခဲ့သည်။

Read more

နွားထိုးကြီး ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းလောင်းလှူ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနာယကအဖွဲ့ဝင် ပြည် ထောင်စုဝန်ကြီး(ငြိမ်း)ဦးဥာဏ်ထွန်းအောင်နှင့်ဇနီး ဒေါ်ဝေဝေမိသားစု က ဇာတိမြေဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်က နွားထိုးကြီး မြို့နယ် လုံးတောကျေးရွာရှိ နှစ် ၁ဝဝ ကျော်က မိုးကောင်းရှေးဘုရား တွင် ပင့်သံဃာအပါး၁၂ဝကို ဆွမ်းလောင်းလှူပြီး လှူဖွယ်ပစ္စည်းများ လှူဒါန်းသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် စက်ချုပ်သင်တန်းသားများအား တွေ့ဆုံအားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးစောမော်ထွန်း၊ ခရိုင်ပါတီ ဥက္ကဋ္ဌဦးအောင်စိုး နှင့်ကော်မတီဝင်များသည် ယမန်နေ့နံနက် ၁ဝ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖွင့်လှစ်သော မော်တာအပ်ချုပ်စက်(အခမဲ့)သင်တန်းအမှတ်စဉ် ၁၁/၂ဝ၁၇ ၌ တက်ရောက်သင်ကြား နေကြသော သင်တန်းသားများအား တွေ့ဆုံအားပေးခဲ့သည်။

Read more

ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ ကျေးရွာလူထုနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်

 

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်အတွင်းရေးမှူးဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင့်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ဦးအောင်သိန်းဝင်း၊ ခရိုင် ကော်မတီဝင်နယ်မြေတာဝန်ခံဦးသက်ထွေးလွင်နှင့်ဦးအောင်မျိုးထွန်း၊ မြဝတီမြို့နယ်ဥက္ကဋ္ဌ ဦးထွန်းနေအောင်နှင့် မြို့နယ်ကော်မတီဝင်များ တို့သည် ယနေ့နံနက် ၁ဝ နာရီခွဲတွင် မြဝတီမြို့နယ် မဲ့ပလဲ့ကျေး ရွာအုပ်စု စမ္ပါလိုက်ကျေးရွာသို့သွားရောက်၍ ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read more

သာကေတပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးနှင့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီရုံးတွင် ယနေ့နံနက်၁ဝနာရီက ယနေ့ဖြစ် ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲ အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်အေးအေး မြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီ ကော်မတီ ဝင်များ၊ မြို့နယ်ပါတီနာယကအဖွဲ့နှင့် အကြံပေးအဖွဲ့ဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်စည်းအမှုဆောင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ တက် ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Read more

ဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့် ရမည်းသင်းမြို့နယ်ဒေသခံတောင်သူများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်       ရွာတန်းရွာ ဦးမြင့်စိန်-ဒေါ်ဘိုလှတို့၏အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် စပျစ်၊ နဂါးမောက်၊ သံပရာ၊ နှင်းဆီပန်း စိုက်ပျိုးရေးခြံသို့ရောက်ရှိပြီး စပျစ်သီးခူးနေသည့် အမျိုးသမီးလေးများကို     အားပေးခဲ့သည်။

Read more