ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း (၁/၂၀၁၇) ဖွင့်လှစ်

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် ရန်ကုန်မြောက်ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း (၁/၂၀၁၇ ) ဖွင့်ပွဲအခမ်းအနား အစီအစဉ် အား ယမန်နေ့ ၁၈.၁၀.၂၀၁၇ ရက်နေ့ ၀၈း၃၀ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီရုံး၌ ကျင်းပခဲ့ပါသည်။

Read more

“Asean Youth Leaders Traing Program ” သင်​တန်းသို့ ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​ (၃) ဦး တက်​​ရောက်

တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံ နန်​နင်းပြည်​နယ်​ ကွမ်းရှီးမြို့ နိုင်​ငံတကာလူငယ်​များဖလှယ်​ရေး​ကောလိပ်​၏ (၄၈) ကြိမ်​မြောက်​ နိုင်​ငံတကာလူငယ်​အရာရှိများ သင်​တန်းဖွင့်​ပွဲအခမ်းအနားကို ယ​နေ့ ​အောက်​တို ဘာလ (၁၉) ရက်​​နေ့ ​ဒေသစံ​တော်​ချိန်​ နံနက်​( ၀၉း၃၀) ချိန်​တွင်​ ဖွင့်​လှစ်​ခဲ့သည်​။

* Asean Youth Leaders Traing Program * သင်​တန်းအား ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ လူငယ်​ကိုယ်​စားလှယ်​( ၃) ဦး တက်​​ရောက်​လျှက်​ရှိသည်​။

Read more

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ

၁၇.၁၀.၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကန်​ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ (၂၀၁၇- ၂၀၁၈) ခု ဘဏ္ဍာနှစ်မှ စတင်အကောင်အထည် ဖော်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ရေးဆွဲခြင်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

Read more

NCA လက်မှတ်ထိုးရေး ဆက်လက်ညှိနှိုင်းရန် အစိုးရနှင့် UNFC လာမည့်အပတ်တွင် တွေ့ဆုံမည်

 အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့၏ ကိုယ်စားလှယ် အဖွဲ့များ သည် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းရန် သဘောတူခဲ့ကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ (DPN) တို့၏ (၆)ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို ဩဂုတ်လက ပြုလုပ်ပြီးနောက် နှစ်လကျော်အ ကြာတွင် (၇)ကြိမ်မြောက် ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီခဲ့သည်။

Read more

Woodside က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများတွင် နောက်ဆုတ်ခြင်းမရှိဟု ကုမ္ပဏီ ပြန်ကြားရေး တာဝန်ရှိသူပြော

သြစတြေးလျရေနံကုမ္ပဏီ Woodside သည် မြန်မာနိုင်ငံ၏ရေနံနှင့် သဘာဝဓာတ်ငွေ့တူး ဖော်ရေးလုပ်ငန်းများ တွင် နောက်ဆုတ်ခြင်းမရှိကြောင်း ယင်းကုမ္ပဏီ အကြီးတန်းမီဒီယာ အကြံပေး Christine Forster က ပြောကြားသည်။ Woodside ကုမ္ပဏီသည် ရခိုင်မြောက်ပိုင်းရှိ AD-7 လုပ်ကွက်ကို တင်ဒါပယ်ဖျက်ကြောင်း၊ ရိုက်တာ သတင်းဖော်ပြချက်အပေါ် ကုမ္ပဏီဘက်က အထက်ပါ အတိုင်း ပြန်လည်ရှင်းလင်းဖြေ ကြားသည်။

Read more

တရားမဝင် လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များ အမြန်ဆုံး လာရောက် အပ်နှံရန် ပြည်ထဲရေးအသိပေး

တရားမဝင်လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များနှင့် လိုင်စင်မဲ့ယာဉ်များကို နီးစပ်ရာ တပ်၊ ရဲစခန်း၊ ရဲတပ်ဖွဲ့မှူးရုံးများ သို့ အမြန်ဆုံးလာရောက်အပ်နှံကြ ရန် နိုင်ငံပိုင်ရုပ်သံက ယမန်နေ့ည ၈ နာရီတွင် ထုတ်ပြန်ကြေညာသည်။ လာရောက်အပ်နှံခြင်းမပြုဘဲ လက်ဝယ်ထားရှိကြောင်း စုံစမ်းဖော်ထုတ် ရရှိပါက တရားဥပ ဒေနှင့်အညီ အရေးယူမည်ဟုပြည် ထဲရေးဝန်ကြီးဌာနက အသိပေး ကြေညာခြင်းဖြစ်သည်။

Read more

မြန်မာ စစ်တပ်ခေါင်းဆောင်ပိုင်းကို ကန်နိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အနေနဲ့ အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ရက်ဇ် တေလာဆင်က ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး မြန်မာ စစ်တပ် ခေါင်းဆောင်တွေမှာ တာဝန် ရှိတယ်လို့လည်း ဝန်ကြီး တေလာဆင်က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

Read more

၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ၌ သမ္မတရှီကျင်းပင် အဖွင့်အမှာစကားပြောကြား

ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ သမ္မတရှီကျင်းပင်သည် ဗုဒ္ဓဟူးနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ကြိမ်မြောက် အမျိုးသားညီလာခံ၌ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လွန်ခဲ့သောငါးနှစ်အတွင်း ဆိုရှယ်လစ် ၀ါဒ တိုးတက်လာမှုနှင့် ပတ်သက်၍ အလေးပေးပြောဆိုခဲ့သည်။

ရှီကျင်းပင်သည် သူ၏ မိန့်ခွန်းထဲ၌ လွန်ခဲ့သော ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ပါတီညီလာခံ၏ နောက်ပိုင်းနှစ် များအတွင်း လုပ်ဆောင်ခဲ့သည် ပါတီခေါင်းဆောင်ပိုင်းလုပ်ငန်းများကို အစီရင်ခံခဲ့သလို ထိုကာလအတွင်း တရုတ်နိုင်ငံသည် သမိုင်းဝင်ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရပြီး ထိုပြောင်းလဲမှုများထဲမှ ထင်ရှားသောတစ်ခုမှာ လူပေါင်းသန်း ၆၀ခန့်ကို ငါးနှစ်အတွင်း ဆင်းရဲတွင်းမှလွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

Read more

အွန်လိုင်းက မဖွယ်မရာပုံတွေအရေး သြစတြေးလျ ကိုင်တွယ်

သြစတြေးလျနိုင်ငံမှာ မဖွယ်မရာ ဓာတ်ပုံတွေ အွန်လိုင်း ဖြန့်ချိခံရသူတွေကို ကူညီနိုင်ဖို့ နိုင်ငံတဝှမ်း တိုင်ကြားနိုင်မယ့် အွန်လိုင်း ဝက်ဘ်ပေါ်တဲလ် တခုကို ပထမဆုံးအဖြစ် တည်ထောင်လိုက်ပါတယ်။

ဒီ ပေါ်တဲလ်ကနေ ဓာတ်ပုံတွေကို ဖယ်ရှားနိုင်ဖို့ အပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားနိုင်ဖို့နဲ့ တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့ကိုပါ အကြံပေး ကူညီနိုင်မှာပါ။

Read more