ပေါ့ဂ်ဘာကိုရောင်းချမှုတွင် ဂျူဗင်တပ်အသင်း မသမာမှုပြုလုပ်ခြင်းမရှိဟု ဖီဖာဆုံးဖြတ်

ပေါ့ဂ်ဘာကို မန်ချက်စတာယူနိုက်တက်အသင်းထံ ငွေကြေးအမြောက်အများဖြင့် ရောင်းချခဲ့ရာတွင် ဂျူဗင်တပ်အသင်း မသမာမှု တစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဟု အဖြေထွက်ပေါ်လာ ပြီဖြစ်သည်။

ယမန်နှစ်က တူရင်မှ ပရီးမီးယားလိဂ်သို့ ပြင်သစ်ကွင်းလယ်လူပေါ့ဂ်ဘာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး (ယင်းနှစ်က) ပေါင် ၈၉ ဒသမ ၃ သန်းဖြင့်ပြောင်းရွှေ့ခဲ့မှုအပေါ် စစ်ဆေးနေကြောင်း မေလတွင် ဖီဖာက ကြေညာခဲ့သည်။

Read more

အာစင်ဝင်းဂါးကို ရာထူးမှ ထုတ်ပယ်လိုက်ရန်မှာ လွယ်ကူကြောင်း အာဆင်နယ်အသင်းပိုင်ရှင် ခရွန်ကီ ပြော

အာဆင်နယ်အသင်း၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည့် ခရွန်ကီက ၎င်းတို့အနေဖြင့် အာစင်ဝင်းဂါးကို ထုတ်ပယ်ပစ်လိုက်ရန်မှာ အလွန်လွယ်ကူကြောင်း ပြောဆိုလိုက်သည်။

သို့သော် ၎င်းက အာစင်ဝင်းဂါးကို စာချုပ်သက်တမ်းတိုးခဲ့ခြင်းမှာ အနာဂတ်ကိုကြည့်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ယမန်နှစ်ရာသီက အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပြီးနောက် အာဆင်နယ်ပရိသတ်များက အာစင်ဝင်းဂါးကို ရာထူးမှ ထုတ်ပယ်ပြစ်ရန် တောင်းဆိုခဲ့ကြသော်လည်း အသင်းတာဝန်ရှိသူများက ၀င်းဂါးကို ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်။

Read more

ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ အင်္ဂလန်အသင်းတက်ရောက်

လီဗာပူးလူငယ်အ သင်းတိုက်စစ်မှူး ဘရူးစတား၏ ဟက်ထရစ်သွင်းဂိုးနှင့်အတူ အင်္ဂ  လန်က ဘရာဇီးကို ၃-၁ ဂိုးဖြင့် နိုင်ပြီး ယူ-၁၇ ကမ္ဘာ့ဖလားဗိုလ် လုပွဲသို့ တက်ရောက်သွားပြီဖြစ် သည်။

နည်းပြ စတိဗ်ကူးပါး ၏ အင်္ဂလန် အသင်းသည် ဗိုလ်လုပွဲတွင် မာလီ(သို့မဟုတ်) စပိန်နှင့် ရင်ဆိုင်တွေ့မည် ဖြစ်သည်။

Read more

မြောက်ကိုရီးယား – မလေးရှား အာရှဖလားခြေစစ်ပွဲ နှစ်ကျော့စလုံးကို ထိုင်းနိုင်ငံ၌ ကျင်းပမည်

နိုင်ငံရေးအခြေအနေကြောင့် အကြိမ်ကြိမ်ရွှေ့ဆိုင်းနေရသည့် မြောက်ကိုရီးယား – မလေးရှား အာရှဖလားခြေစစ်ပွဲ နှစ်ကျော့စလုံးကို ကြားကွင်းဖြစ်သည့် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ကျင်းပမည့် ပထမအကျော့ပွဲစဉ်အား မတ် ၂၈ ရက်ကတည်းက ယှဉ်ပြိုင် ကစားရမည်ဖြစ်သော်လည်း မလေးရှားနိုင်ငံလေဆိပ်၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူ အမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရသောကြောင့် ဇွန် ၈ ရက်သို့လည်းကောင်း၊ ထို့နောက် အောက်တို ဘာ ၅ ရက်သို့လည်းကောင်း ရွှေ့ဆိုင်းခဲ့သည်။

Read more

ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနပွဲ

ယနေ့ ည ဆယ်နာရီတွင် မီးသဂြိုလ်မယ့် ဘုရင်ကြီး ဈာပနတော်သို့ ထိုင်းပြည်သူ နှစ်သိန်းကျော် ရောက်ရှိနေ

ထိုင်းနိုင်ငံမှာ နတ်ရွာစံ ဘုရင်ကြီး ဘူမိဘော အဒူယာဒက်ရဲ့ ၅ ရက်ကြာ ဈာပန အခမ်းအနား အဓိက နေ့ရက် ရောက်ရှိလာပြီဖြစ်လို့ ပူဆွေးဝမ်းနည်းနေတဲ့ ထိုင်းပြည်သူ အများ ဘန်ကောက်မြို့တော်မှာ စုဝေး နေကြပါတယ်။

Read more

မြေပေါ်ရေပေါ် နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှု ပြုလုပ်နိုင်ကြောင်း မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယား အနေဖြင့် မြေပေါ်ရေပေါ် နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက ခြိမ်းခြောက် ကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းအတွင်းက ၎င်းတို့၏ ဆဋ္ဌမအကြိမ် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲမှုကို မြေအောက်တွင် စမ်းသပ်ပြုလုပ်ခဲ့သည်။ သို့သော် အမေရိကန်နှင့် နိုင်ငံတကာက ယင်းကိစ္စအပေါ် အလေးအနက် ပူပန်မှု မရှိသည့် သဘောမျိုး တုံ့ပြန်ခဲ့ခြင်းအပေါ် မြောက်ကိုရီးယားက ဒေါသထွက်နေဟန် ရှိသည်။

Read more

အချေအတင် အငြင်းပွားစရာ ကင်ညာ သမ္မတ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်

အတိုက်အခံခေါင်းဆောင် ရေလာ အိုဒင်ဂါ ကို ထောက်ခံသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်

ကင်ညာနိုင်ငံမှာ ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ အခွင့်အရေးအတိုင်း ဆောင်ရွက်ကြဖို့နဲ့ ဒီကနေ့ ပြန်လည် ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ သမ္မတ အူရူ ကန်ညက်တာက တိုက်တွန်းလိုက်ပါတယ်။

Read more

အကြမ်းဖက်ဝါဒကို အိန္ဒိယနှင့်လက်တွဲ၍ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု အမေရိကန်ကတိပေး

နယူးဒေလီ၊ အောက်တိုဘာ ၂၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သူ၏နိုင်ငံအနေဖြင့် အိန္ဒိယအစိုးရနှင့်လက်တွဲ၍ အကြမ်းဖက်ဝါဒကို ပူးပေါင်း တိုက်ဖျက်သွားမည်ဖြစ်ပြီး အကြမ်းဖက်သမားများကို ခိုလှုံခွင့် ပေးထားမှုအပေါ်လည်း သည်းခံသွား မည်မဟုတ်ကြောင်း ပါကစ္စတန်ကိုရည်ညွှန်းသွယ်ဝိုက်၍ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးရေးဝန်ကြီး ရက်စ်တေလာဆန်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆက်ရှ်မာဆွာရတ်ခ်ျနှင့် တွေ့ဆုံ ပြီးနောက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

Read more

ပါတီဝင်လူငယ်များ၏ လတ်တလောအခြေအနေဆွေးနွေးပွဲသို့ ဗဟို အတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြား

မန္တလေး အောက်တိုဘာ ၂၅

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်သည့် ခရိုင်အတွင်းရှိ ပါတီ ဝင်လူငယ်များတွေ့ဆုံ၍ လတ်တလော ဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ စကားဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Read more

လူငယ်တွေ့ဆုံပွဲနှင့် အ.ထ.က (ခွဲ) ကျောင်းသို့ သွားရောက်လုပ်အားဒါန ပေးလှူခြင်း/ ကေဂျီကလေးငယ်လေးများအား မုန့်ပဲသရေစာ ကျွေးမွေးခြင်း

(၂၅.၁၀.၂၀၁၇) ရက်နေ့ ၊ နံနက်(၉း၀၀) နာရီအချိန် ၊ မိုင်းပျဉ်း ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးမှ ပါတီချစ် လူငယ်မောင်မယ်များနှင့် လူထုချစ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရင်းနှီးချစ်ခင်စွာ တွေ့ဆုံပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်အရန် ပါတီကော်မတီဝင် ဒေါ်နန်းဝိုးစိန် ၊ ခရိုင်ပါတီကော်မတီဝင် ဦးချာဟူ ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းလောင်းနှင့် မြို့နယ်ပါတီ လူငယ်တာဝန်ခံ ဒေါ်မေနှင်းသက်တို့က အသီးသီးနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို တစ်ခန်းတစ်ကဏ္ဍရပ်နား၍ စီးတော်ယာဉ်များ ကိုယ်စီ ဖြင့် အ.ထ.က(ခွဲ) ကျောင်းသို့ ဆက်လက်ချီတက်သွားကြရာ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/မများက လှိုက်လဲပျူငှာစွာ ကြိုဆို၍ လူငယ်မောင် မယ်များ လုပ်အားဒါနပေးလှူရန် မြေနေရာများကို လိုက်လံပြသပါသည်။

Read more