ဖော်မြူလာဝမ်းချန်ပီယံဆုကို လူးဝစ္စဟာမီလ်တန် ၄ ကြိမ်မြောက် ဆွတ်ခူး

မက္ကဆီကိုဂရင်းပရီအပြီးတွင် မာစီဒီးအသင်းမှ ဗြိတိန်ပြိုင်ကားမောင်းသမား လူးဝစ္စဟာမီလ်တန်သည် ဖော်မြူလာ ၀မ်း ချန်ပီယံဆုကို လေးကြိမ်မြောက် ဆွတ်ခူးရရှိသွားခဲ့ပြီ ဖြစ်သည်။

ဟာမီလ်တန်သည် မက္ကဆီကိုဂရင်းပရီတွင် အဆင့် ၉ နေရာသာ ရရှိခဲ့ပြီး ဘရာဇီးဂရင်းပရီနှင့် အဘူဒါဘီ ဂရင်းပရီ ပြိုင်ပွဲနှစ်ခုကျန်နေသေးသော်လည်း ဒုတိယနေရာမှ ဗက်တဲလ်နှင့် ရမှတ် ၅၅ မှတ်အထိ ကွာဟ နေသည့်အတွက် ချန်ပီယံဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ (ဂရင်းပရီတစ်ခုတွင် ချန်ပီယံဖြစ်ပါက ရမှတ် ၂၅ မှတ် ရရှိသည်)

Read more

ပီအက်စ်ဂျီနှင့် မန်စီးတီး စည်းကမ်းချိုးဖောက်ပါက ချန်ပီယံလိဂ်မှ ထုတ်ပယ်ပေးရန် လာလီဂါဥက္ကဋ္ဌတိုင်ကြား

 ပြီးခဲ့သည့်အပြောင်း အရွှေ့ကာလများအတွင်း ငွေအမြောက်အမြားသုံးစွဲခဲ့သည့် ပီအက်စ်ဂျီနှင့် မန်စီးတီးအသင်း တို့သည် ဘဏ္ဍာငွေမျှတစွာ ယှဉ် ပြိုင်ရေး (FFP) စည်းကမ်းကို ချိုးဖောက်ခြင်းသေချာပါက ယင်းနှစ်သင်းကို ချန်ပီယံလိဂ်မှ ထုတ်ပယ် ပေးရန် လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘတ်စ်က ကြိုးပမ်းမည်ဟု ပြောသည်။

Read more

မြန်မာ-ထိုင်း စိန်ခေါ်ပွဲများ ပါဝင်သည့် ရိုးရာလက်ဝှေ့ပွဲ ဘားအံတွင် ကျင်းပမည်

(၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဘားအံမြို့တွင် ကျင်းပ မည် ဖြစ်ပြီး မြန်မာ-ထိုင်း စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်သည်။

Read more

ရှရှားနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ဖေ့စ်ဘွတ်ခ် ဖွင့်ချ

ရုရှားကပို့စ်တွေ အမေရိကန် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၂၆ သန်းဆီ ရောက်ရှိခဲ့

လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ရုရှားကနေ တင်နေတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေဟာ အမေရိကန် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ၁၂၆ သန်းဆီ အထိ ရောက်ရှိခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

Read more

အတိုက်အခံက သပိတ်မှောက်ထားသည့် ကင်ညာရွေးကောက်ပွဲတွင် ကင်ယတ်တာက ၉၈ ရာခိုင်နှုန်းဖြင့် အနိုင်ရ

နိုင်ရိုဘီ၊ အောက်တိုဘာ ၃၁

သဘောထားကွဲလွဲမှုများ ကြီးမားနေသော ကင်ညာရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ကင်ယတ်တာက မဲ ၉၈ ရာခိုင်နှုန်း ရရှိကာ အနိုင်ရကြောင်း အောက်တိုဘာ ၃၀ ရက်က ကြေညာသည်။

အတိုက်အခံများ၏ အမာခံမြေတွင် ဆူပူအကြမ်းဖက်မှုများ ထပ်ဖြစ်လာမည် စိုးရိမ်မှုများကြား ယခုထပ်မံ ကျင်းပ သော ရွေးကောက်ပွဲတွင် ကင်ယတ်တာ၏ အဓိကပြိုင်ဖက်ဖြစ်သူ ရိုင်လာအိုဒင်ဂါက သပိတ်မှောက် နုတ်ထွက်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။

Read more

ကိုရီးယား ကျွန်းဆွယ်အနီး၌ အမေရိကန် B-2 ဗုံးကြဲလေယာဉ်တစ်စီး ပျံသန်း

သမ္မတ ဒေါ်နယ်လ်ထရမ့်၏ တောင်ကိုရီးယား ခရီးစဉ် မတိုင်မီတွင် အမေရိကန်က B-2 မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီး တစ်စီးကို ကိုရီးယား ကျွန်းဆွယ်အနီး၌ ပျံသန်းစေခဲ့သည်။

အဆိုပါ လုပ်ရပ်သည် နျူကလီးယား လက်နက်နှင့် ဒုံးကျည်နည်းပညာများ အရှိန်မြှင့် တီထွင်နေသည့် မြောက်ကိုရီးယားကို တိုက်ရိုက်ကျကျ သတိပေး ခြိမ်းခြောက်သည့် သဘောလည်း ဆောင်သည်။ အောက်တိုဘာ ၃၀ က ကိုရီးယား ကျွန်းဆွယ်အနီး ပျံသန်းခဲ့သည့် B-2သည် နျူကလီးယားဗုံးများ ကြဲချပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထားမျိုး ပြင်ဆင်ထားကြောင်း သိရသည်။

Read more

ဆော်ဒီမှာ စက်ရုပ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အမျိုးသမီးတဦးအဖြစ် တီထွင်ထားတဲ့ ဆိုဖီယာစက်ရုပ်လူသားကို ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့အတွက် ကမ္ဘာပေါ်မှာ စက်ရုပ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်သွားခဲ့ပါတယ်။

သူ့ကိုဒီလိုအသိအမှတ်ပြုတဲ့အတွက် ဆော်ဒီဘုရင့်နိုင်ငံတော်ကို ကျေးဇူးတင်တယ်လို့ ဆိုဖီယာစက်ရုပ် လူသားက တုံ့ပြန်ပြောလိုက်ပါတယ်။

Read more

ရခိုင်ဒေသမှာ NVC ကတ်ထုတ်တဲ့သူ ရာကျော်တိုးလာ

ရခိုင်ပြည်နယ်အတွင်း NVC ခေါ် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးရေးအတွက် လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ကွင်းဆင်း ဆောင်ရွက်နေရာမှာ NVC ကတ်တွေ မထုတ်ယူကြဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အခုအခါ NVC ကတ်ထုတ်ယူမှု အခြေအနေ အနည်းအပါး တိုးတက်လာတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။

NVC ကတ်လုပ်ရာမှာ ပူးပေါင်းကူညီတဲ့ ရွာသူကြီးတွေ အသတ်ခံရတာ ၁၇ယောက် ရှိပြီး ၃ယောက် ပျောက်နေတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

Read more

မထိပါးရဲသည့်နိုင်ငံ ဖြစ်လာစေရေး ခေါင်းဆောင်များက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 

နိုင်ငံတကာအလယ်တွင် မည်သူမျှ ထိပါးစော်ကားခြင်း မပြုလုပ်ရဲသည့်နိုင်ငံ ဖြစ်လာစေရေး လက်ရှိ ခေါင်းဆောင် များအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

Read more

နိုင်ငံတော်စီမံကိန်းများအတွက် မြေသိမ်းရန်လိုလျှင် တရားမျှတစွာ ဆောင်ရွက်နိုင်ရန် မြေသိမ်းဥပဒေကို အမျိုးသားလွှတ်တော်သို့တင်သွင်း

နိုင်ငံတော်၏စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်စီမံကိန်းများတွင် မြေသိမ်းရန်လိုအပ်ပါက တရားမျှတစွာ သိမ်းဆည်းနိုင်ရေး အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီက ၂၀၁၇ မြေသိမ်း ဥပဒေကို အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

Read more