အာဆီယံနှင့် တရုတ်နိုင်ငံကြား လေယာဉ် မတော်တဆထိခိုက်မှုဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး MoU ၌ မြန်မာပါဝင်ရန် လွှတ်တော်သို့ တင်ပြ

လေယာဉ်ထိခိုက် မှုဖြစ်စဉ်များတွင် အာဆီယံနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ၌ မြန်မာနိုင်ငံပါဝင် ရေးထိုးနိုင်ရေး အောက်တိုဘာ ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အစိုးရအဖွဲ့က တင်ပြခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာသည် မြန်မာနိုင်ငံအပါအ၀င် အပြည်ပြည်ဆိုင်ရာမြို့ပြလေ ကြောင်းအဖွဲ့ချုပ် (ICAO) အဖွဲ့ဝင် နိုင်ငံများ လိုက်နာရသည့် နိုင်ငံတကာစံချိန်စံညွန်း၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ လေယာဉ် မတော်တဆ ထိခိုက်မှု၊ စုံစမ်းစစ်ဆေးရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ချုပ်ဆိုသည့် နားလည်မှု စာချွန် လွှာဖြစ်ကြောင်း အစိုးရအဖွဲ့ကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
Read more










