မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး၌ online media မွမ်းမံ သင်တန်းဖွင့်​ပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီရုံး၌ online media မွမ်းမံ သင်တန်းဖွင့်​ပွဲအခမ်းအနားကို (၁၄.၁၁.၂၀၁၇) ရက်​​နေ့ နံနက်​ပိုင်းတွင်​ ကျင်းပပြုလုပ်​ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်း​မောင်​နှင့်​ တိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များ၊ ခရိုင်​// မြို့နယ်​ ဥက္ကဌများ၊ အတွင်း​ရေးမှူးများ​ ၊ ကော်​မတီဝင်​များ၊ သင်​တန်း သား/သူများ တက်​​ရောက်​ခဲ့ကြပြါသည်။

Read more

ပဲခူးမြို့ အထက (၃) အမျိုးသားတန်းမြင့်ကျောင်း အာစရိယပူဇော်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ တက်ရောက်ပူဇော်

ပဲခူး နိုဝင်ဘာ ၁၃

ပဲခူးမြို့ ဂရင်းဆိုရှယ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသော (၉၇) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်အတူ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ယခင်အမျိုးသားတန်းမြင့်ကျောင်း၏ ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပသည်။

Read more

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြ သင်​တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်​ကုန်​အ​နောက်​ပိုင်းခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြ သင်​တန်း (၁/၂၀၁၇) သင်​တန်းဆင်းပွဲ အခမ်းအနားကို (၁၂.၁၁.၂၀၁၇)ရက်​​နေ့ ည​နေ (၃း၀၀)နာရီတွင်​ ခရိုင်​ပါတီရုံးတွင်​ ကျင်းပခဲ့ပါသည်​။

အဆိုပါအခမ်းအနားသို့ ဗဟို​ကော်​မတီဝင်​ တိုင်းပါတီ​ကော်​မတီဝင်​ (အနောက်​ပိုင်းခရိုင်​ နယ်​​မြေခွဲတာဝန်​ခံ) ဦးတင်​ဝင်း၊​ ဒေါ်သင်းသင်းမိုး၊ ခရိုင်​ပါတီ​ ဥက္ကဌ၊ ဘဏ္ဏာ​ရေးမှူးနှင့်​ ပါတီ​ကော်​မတီဝင်​များ ၊မြို့နယ်​ပါတီ ဥက္ကဌများ၊ သင်​တန်းသား/သူများ တက်​​ရောက်​ခဲ့ကြပါသည်။

Read more

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မျိုးဆက်သစ် လူငယ်မောင်/မယ်များ တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူ ရရှိခဲ့သည့် ရှေ့လုပ်ငန်းစဉ်များ

(၁) ပြည်သူ့အကျိုးပြုလုပ်ငန်းများ လစဉ် ဆောင်ရွက်ရန် ၊

(၂) မြို့နယ်များတွင် ဖွဲ့စည်းပြီးသော ပရဟိတအသင်းများလှုပ်ရှားမှု တစ်လတစ်ကြိမ် လှုပ်ရှားဆောင်ရွက်ရန်၊

(၃) ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အမျိုးသားရေးဆိုင်ရာ အသင်းအဖွဲ့များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်၊

(၄) လူငယ်ထုအင်အားကျစ်လစ်သိပ်သည်းမှုမှ တိုးချဲ့စည်းရုံးဆောင်ရွက် ရန်၊

Read more

မင်းတုန်းပြည်ခိုင်ဖြိုးလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်သမားရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဦးသန်းဝင်း၊ မကွေးတိုင်းအရန်ကော်မတီဝင် ဦးဝင်းတင်၊ သရက်ခရိုင် ပါတီဥက္ကဌ ဦးဝင်းကျော်တို့သည် မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပသည့် မြို့နယ်နှင့် ရပ်ကျေးအမှုဆောင်များ လစဉ်ပုံမှန်အစည်းဝေးသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ပါတီ၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ အလုပ်သမားရေးရာကော်မတီဖွဲ့ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေး အခြေအနေနှင့်။ ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ အခြားသောနိုင်ငံရေးပါတီများနှင့်အတူ ဥပဒေနှင့်အညီ ဝေဖန်ထောက်ပြဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မင်းတုန်းမြို့နယ် ပါတီဥက္ကဌ ဦးစိုးနိုင် ၊ ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့ပေါ်နှင့်ကျေးရွာ (၈၄)ရွာမှ စည်း/မှူးနှင့်ပါတီဝင်များ စုစုပေါင်းအင်အား (၁၅၉)ဦး တက်ရောက်ကြောင်း သိရှိရသည်။

Read more

ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ သင်တန်း ၁/၂၀၁၇ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး၌ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း ၁/၂၀၁၇ ဖွင့်ပွဲ အခမ်းအနားကို ၁၀.၁၁.၂၀၁၇ ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးသာဝင်းမှ အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား သုံးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းသား သင်တန်းသူ စုစု ပေါင်း ၄၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Read more

ဗဟိုကော်မတီဝင် /တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဌ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စုများမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ

ပေါင်းတည် နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးအောင်ချိုဦးသည် ဗဟိုကော်မ တီဝင်/တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီဥက္ကဌ ဦးအောင်ဇော်ဌေး၊ ပြည်ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ လိုက်ပါ၍ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗန်းမော် နိုဝင်ဘာ ၉

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ဗန်းမော်ခရိုင် ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီကော်မတီဝင်ဦးသန်းဇော်လေးတို့က အမှာစကားပြောကြား၍ ခရိုင်ဦးစီးရုံးအဖွဲ့ဝင်များက ရုံးလုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

Read more

မန်ယူအရန်ကစားသမားများနှင့် ကွင်းလယ်လူ ပေါ့ဘာ လေ့ကျင့်ခန်းဆင်း

ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မန်ယူ အရန်အသင်းကစားသမားအချို့နဲ့အတူ လေ့ကျင့်ခန်း ဆင်းခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၁၂)ရက်က ဘေဆယ်လ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် မန်ယူ နောက်ဆုံး ကစားခဲ့တဲ့ (၁၂)ပွဲကိုပေါ့ဘာလွဲချော်ခဲ့ရပါတယ်။ အသက်(၂၄)နှစ်အရွယ် ကစားသမားဟာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ နည်းပြမော်ရင်ဟိုရဲ့အသင်းမှာ ပြန်လည် ကစားနိုင်ဖို့ ရှိနေပါတယ်။

Read more