နီပေါနိုင်ငံ‌ တွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၅၉ ဦး သေဆုံး၊ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိ

နီပေါနိုင်ငံ‌တွင် ရေကြီးရေလျှံမှုကြောင့် လူ ၃၅၉ ဦး သေဆုံး၊ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိ
==================
ဩဂုတ် ၂၈ ရက်

ဩဂုတ် ၂၇ ရက် ညနေအထိ နီပေါနိုင်ငံ ရေကြီးရေလျှံမှု ဖြစ်ပွားသောဒေသမှ သေဆုံးသူဦးရေ ၃၅၉ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ အခြားသူ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီကော်မတီအဆင့်ဆင့် ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိင်းအစည်းအ ဝေးသို့ တက်ရောက်

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပါတီကော်မတီအဆင့်ဆင့် ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိင်းအစည်းအ ဝေးသို့ တက်ရောက်
=============================
ဩဂုတ် ၂၇၊ နေပြည်တော်

Read more

အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ချယ်လ်ဆီးအသင်း ခေါ်ယူမည်

အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ချယ်လ်ဆီးအသင်း ခေါ်ယူမည်
=======================
ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကို ပေါင်(၇.၅)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက မာတီနက်ဇ်ကို (၂)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဖူလ်ဟမ်နဲ့ပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို စိန်ခေါ်နိုင်မယ့်ဂိုးသမား ခေါ်ယူအားဖြည့်ဖို ဆုံးဖြတ်ခဲ့ပြီးနောက် မာတီနက်ဇ်ကို ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မာတီနက်ဇ်(၃၃ နှစ်)ကလည်း အက်စတွန်ဗီလာအသင်းရဲ့ နံပါတ်(၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေပေမဲ့ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းက ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိဖို နီးစပ်ခဲ့ပါသေးတယ်။
ပြောင်းရွှေ့ကြေးညှိနှိင်းမှု အဆင်မပြေတာကြောင့် ဂျူဗင်တပ်စ်အသင်းက လက်လျှော့သွားခဲ့တာပါ။
မာတီနက်ဇ်က အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်တာကြောင့် လန်ဒန်ထိပ်သီးနှစ်သင်းမှာ ကစားခွင့်ရတဲ့ဂိုးသမား ဖြစ်လာတော့မှာပါ။

Read more

၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် စာမေးပွဲဝင်ကြေး စက်တင်ဘာ ၁ ရက်မှ စတင်လက်ခံမည်

၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် စာမေးပွဲဝင်ကြေး စက်တင်ဘာ ၁ ရက်မှ စတင်လက်ခံမည်
=======================
ဩဂုတ် ၂၈

၂၀၂၇ ခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများနှင့် စာမေးပွဲဝင်ကြေး ငွေသွင်းတံဆိပ်ခေါင်းများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဩဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

Read more

MFF Charity Shield 2026 ပြိုင် ပွဲမှ ကျပ် ငွေသိန်း (၁၀၀၀) အား ရေ ဘေး သင့်ပြည်သူများအတွက် လှူဒါန်း

MFF Charity Shield 2026 ပြိုင်ပွဲမှ ကျပ်ငွေသိန်း (၁၀၀၀) အား ရေ ဘေး သင့်ပြည်သူများအတွက် လှူဒါန်း
========================
သြဂုတ် (၂၅) ရက်က ကျင်းပခဲ့တဲ့ MFF Charity Shield 2026 ပြိုင်ပွဲကနေ ကျပ်ငွေသိန်း (၁၀၀၀) အား ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Read more

ဘဏ်စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်းမရှိဟု က မ္ဘောဇဘဏ်ထုတ်ပြန်

ဘဏ်စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်းမရှိဟု က မ္ဘောဇဘဏ်ထုတ်ပြန်
======================
ကမ္ဘောဇဘဏ်အနေဖြင့် ဆိုင်ဘာလုံခြုံရေး စစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ နောက်ဆုံးစစ်ဆေးတွေ့ရှိချက်များအရ ဘဏ်၏စနစ်များ လုံခြုံရေးကျိုးပေါက်ခြင်း သို့မဟုတ် ထိုးဖောက်ဝင်ရောက်ခံရခြင်း လုံးဝမရှိကြောင်း မနေ့က သတင်းထုတ်ပြန်လိုက်ပါသည်။

ဘဏ်၏ ထုတ်ပြန်ချက်တွင် သုံးစွဲသူများ၏ လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များကို အစဉ်အမြဲ အလေးထား ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ဖော်ပြထားပြီး၊ သုံးစွဲသူများနှင့် အများပြည်သူအနေဖြင့် မိမိတို၏ ဘဏ်အကောင့်နှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် အောက်ပါအချက်များကို အထူးသတိပြု လိုက်နာကြရန် နှိုးဆော်ထားသည်။

Read more

အုန်းချော သာမဏေကျော်ကျောင်းတိုက်၌ အပါး ၉၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

အုန်းချော သာမဏေကျော်ကျောင်းတိုက်၌ အပါး ၉၀ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
======================
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ်လ၂၆ရက်နေ့ နံနက်ပိုင်းအချိန်တွင် အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော်ကျောင်း၌ အပါး၉၀ ကျော်သည် အာရုဏ်ဆွမ်းအတွက် လက်ဖက်ထမင်း ၊ ငါးဖယ်သုပ်၊ ငရုတ်သီးကြော်၊ ရိုးရိုးဟင်းရည်တို့ကို ဘုဉ်းပေးခဲ့ပြီး‌နောက် အစာအဆိပ်သင့်သည့်လက္ခဏာများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

နီပေါရေကြီးမှု သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် Balendra Shah ပြော

နီပေါရေကြီးမှု သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် Balendra Shah ပြော
============================
နီပေါနိုင်ငံ ရာဆူဝါ (Rasuwa) ခရိုင်ရှိ ဘိုတေကိုရှီ (Bhotekoshi) မြစ်တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရေကြီးမှုကြောင့် သေဆုံးသူ ၉၅ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း နီပေါရဲတပ်ဖွဲ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

Read more

နှစ်ကျော့ပေါင်းရလဒ်ဖြင့် ဗီယက်နမ်အသင်းအာဆီယံ Hyundai Cup ချန်ပီယံဆုဆွတ်ခူး

နှစ်ကျော့ပေါင်းရလဒ်ဖြင့် ဗီယက်နမ်အသင်းအာဆီယံ Hyundai Cup ချန်ပီယံဆုဆွတ်ခူး
=========================
အာဆီယံ Hyundai Cup ဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ယနေ့ည ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပြီး ဗီယက်နမ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိကာ အာဆီယံ Hyundai Cup ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားခဲ့သည်။ပွဲစဉ်အတွင်း ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးများကို ပွဲချိန် ၁၂ မိနစ်တွင် ယော့ဆာကွန်းဘူရဖာနှင့် ၈၅ မိနစ်တွင် ဝမ်ချိုင်တို့က သွင်းယူပေးခဲ့သည်။

Read more

PFA အကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ရရှိ

PFA အကောင်းဆုံးကစားသမားဆုကို ဘရူနိုဖာနန်ဒက်စ် ရရှိ
=====================
မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ခေတ်မှာ PFA အကောင်းဆုံးကစားသမားဆုကို ရရှိပြီး အသင်းရဲ့ ရှစ်ဦးမြောက်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်မတိုင်ခင် ကန်တိုနာ(၁၉၉၄)၊ ရွိင်ကင်း(၂၀၀၀)၊ ရှရင်ဂမ်(၂၀၀၁)၊ နစ္စတယ်ရွိင်း(၂၀၀၂)၊ စီရော်နယ်လ်ဒို(၂၀၀၇၊ ၂၀၀၈)၊ ရိုင်ယန်ဂစ်(၂၀၀၉)၊ ရွန်နီ(၂၀၁၀)တိုက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Read more