ဖိလစ္ပိုင္တြင္ တရားမဝင္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ား ႏွိမ္နင္း၊ ႏိုင္ငံျခားသား ၂၀၀ ေက်ာ္ ဖမ္းဆီး

ဖိလစ္ပိုင္တြင္ တရားမဝင္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ား ႏွိမ္နင္း၊ ႏိုင္ငံျခားသား ၂၀၀ ေက်ာ္ ဖမ္းဆီး
==========================
ဖိလစ္ပိုင္ႏိုင္ငံတြင္ တရားမဝင္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားကို ပစ္မွတ္ထား၍ ၂၀၂၆ ခုႏွစ္အတြင္း အႀကီးမားဆုံး စီးနင္းဖမ္းဆီးမႈ ျပဳလုပ္ခဲ့ရာ ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ ႏိုင္ငံျခားသား ၂၀၀ ေက်ာ္ကို ဖမ္းဆီးခဲ့ေၾကာင္း ဖိလစ္ပိုင္ လူဝင္မႈႀကီးၾကပ္ေရးဌာနက ထုတ္ျပန္သည္။
ဖိလစ္ပိုင္စစ္တပ္ႏွင့္ အျခားဥပေဒစိုးမိုးေရးအဖြဲမ်ားက ေအာက္တိုဘာ ၂ ရက္တြင္ မင္ဒါနာအိုေတာင္ပိုင္းရွိ ေနရာႏွစ္ခုကို ဝင္ေရာက္စီးနင္းခဲ့ျခင္းျဖစ္သည္။
စီးနင္းမႈတစ္ခုတြင္ တ႐ုတ္ႏိုင္ငံသား ၁၀၁ ဦး၊ ကေမာၻဒီးယားႏိုင္ငံသား ႏွစ္ဦးႏွင့္ ေဟာင္ေကာင္မွ တစ္ဦးတိုကို ဖမ္းဆီးခဲ့ၿပီး အျခားတစ္ေနရာတြင္ ႏိုင္ငံျခားသား ၁၃၁ ဦးကို ထပ္မံဖမ္းဆီးခဲ့သည္။ ဒုတိယေနရာမွ ဖမ္းဆီးခံရသူအမ်ားစုမွာ တ႐ုတ္ႏိုင္ငံသားမ်ားျဖစ္ၿပီး မေလးရွား၊ အင္ဒိုနီးရွားႏွင့္ ျမန္မာႏိုင္ငံသားမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
စီးနင္းမႈမ်ားအတြင္း ကြန္ပ်ဴတာပစၥည္းမ်ား၊ မိုဘိုင္းဖုန္းမ်ား၊ လက္ပ္ေတာ့မ်ားႏွင့္ ဆင္းမ္ကတ္အမ်ားအျပားကိုလည္း သိမ္းဆည္းရမိခဲ့သည္။
ဖမ္းဆီးခံရသူအခ်ိဳသည္ လူကုန္ကူးမႈႏွင့္ ဆက္စပ္သည့္ ျပစ္မႈမ်ား က်ဴးလြန္ထားျခင္း ရွိ၊ မရွိကို အာဏာပိုင္မ်ားက စုံစမ္းစစ္ေဆးေနၿပီး က်န္သူမ်ားကို ႏိုင္ငံမွ ႏွင္ထုတ္သြားမည္ျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးဌာနက ဆိုသည္။
ဖိလစ္ပိုင္အစိုးရသည္ POGO ဟု လူသိမ်ားသည့္ ဖိလစ္ပိုင္အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားကို ရာဇဝတ္ဂိုဏ္းမ်ားက လူကုန္ကူးမႈ၊ ေငြေၾကးခဝါခ်မႈ၊ အြန္လိုင္းလိမ္လည္မႈ၊ လူျပန္ေပးဆြဲမႈႏွင့္ လူသတ္မႈမ်ားအတြက္ အသုံးခ်ေနေၾကာင္း ေတြ႕ရွိခဲ့ၿပီးေနာက္ ၂၀၂၄ ခုႏွစ္တြင္ ပိတ္ပင္ခဲ့သည္။
လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ စည္းမ်ဥ္းမ်ား ခ်ိဳးေဖာက္သည့္ ႏိုင္ငံျခားသားမ်ားကို ဥပေဒအရ ဆက္လက္အေရးယူမည္ျဖစ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံကို တရားမဝင္လုပ္ငန္းမ်ားအတြက္ အေျခစိုက္စခန္းအျဖစ္ အသုံးမျပဳႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးဌာန အႀကီးအကဲ Joel Viado က ေျပာၾကားသည္။
ယခုစီးနင္းဖမ္းဆီးမႈသည္ ၂၀၂၆ ခုႏွစ္အတြင္း POGO လုပ္ငန္းမ်ားႏွင့္ဆက္စပ္၍ အႀကီးမားဆုံး ဖမ္းဆီးမႈျဖစ္ေၾကာင္း သိရသည္။ #popular
ဖိလစ်ပိုင်တွင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှိမ်နင်း၊ နိုင်ငံခြားသား ၂၀၀ ကျော် ဖမ်းဆီး
==========================
ဖိလစ်ပိုင်နိုင်ငံတွင် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ပစ်မှတ်ထား၍ ၂၀၂၆ ခုနှစ်အတွင်း အကြီးမားဆုံး စီးနင်းဖမ်းဆီးမှု ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။
ဖိလစ်ပိုင်စစ်တပ်နှင့် အခြားဥပဒေစိုးမိုးရေးအဖွဲများက အောက်တိုဘာ ၂ ရက်တွင် မင်ဒါနာအိုတောင်ပိုင်းရှိ နေရာနှစ်ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
စီးနင်းမှုတစ်ခုတွင် တရုတ်နိုင်ငံသား ၁၀၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား နှစ်ဦးနှင့် ဟောင်ကောင်မှ တစ်ဦးတိုကို ဖမ်းဆီးခဲ့ပြီး အခြားတစ်နေရာတွင် နိုင်ငံခြားသား ၁၃၁ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။ ဒုတိယနေရာမှ ဖမ်းဆီးခံရသူအများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
စီးနင်းမှုများအတွင်း ကွန်ပျူတာပစ္စည်းများ၊ မိုဘိုင်းဖုန်းများ၊ လက်ပ်တော့များနှင့် ဆင်းမ်ကတ်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးခံရသူအချိုသည် လူကုန်ကူးမှုနှင့် ဆက်စပ်သည့် ပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေပြီး ကျန်သူများကို နိုင်ငံမှ နှင်ထုတ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဆိုသည်။
ဖိလစ်ပိုင်အစိုးရသည် POGO ဟု လူသိများသည့် ဖိလစ်ပိုင်အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းလိမ်လည်မှု၊ လူပြန်ပေးဆွဲမှုနှင့် လူသတ်မှုများအတွက် အသုံးချနေကြောင်း တွေ့ရှိခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ပိတ်ပင်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်သည့် နိုင်ငံခြားသားများကို ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကို တရားမဝင်လုပ်ငန်းများအတွက် အခြေစိုက်စခန်းအဖြစ် အသုံးမပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲ Joel Viado က ပြောကြားသည်။
ယခုစီးနင်းဖမ်းဆီးမှုသည် ၂၀၂၆ ခုနှစ်အတွင်း POGO လုပ်ငန်းများနှင့်ဆက်စပ်၍ အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ကြောင်း သိရသည်။ #popular




