မ ေလးရွားမွ ျမန္မာႏိုင္ငံသား ၁,၄၇၆ ဦးကို ျပန္လည္ ေခၚ ေဆာင္လာသည့္ စစ္ေရယာဥ္မ်ား ျမန္မာ့ေရပိုင္နက္သို႔ ဝင္ေရာက္


မ ေလးရွားမွ ျမန္မာႏိုင္ငံသား ၁,၄၇၆ ဦးကို ျပန္လည္ ေခၚ ေဆာင္လာသည့္ စစ္ေရယာဥ္မ်ား ျမန္မာ့ေရပိုင္နက္သို႔ ဝင္ေရာက္
=======================
မေလးရွားႏိုင္ငံရွိ လူဝင္မႈႀကီးၾကပ္ေရးထိန္းသိမ္းေရးစခန္းမ်ားတြင္ ထိန္းသိမ္းခံထားရသည့္ စိစစ္ၿပီး ျမန္မာႏိုင္ငံသား ၁,၄၇၆ ဦးကို တပ္မေတာ္ေရယာဥ္မ်ားျဖင့္ ျပန္လည္ေခၚေဆာင္လာရာ ေအာက္တိုဘာ ၁ ရက္ နံနက္ပိုင္းတြင္ ျမန္မာ့ေရပိုင္နက္သို႔ စတင္ဝင္ေရာက္လာၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ မေလးရွားႏိုင္ငံ၌ တရားမဝင္ေနထိုင္မႈႏွင့္ အျခားလူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ စည္းကမ္းခ်က္မ်ား ခ်ိဳးေဖာက္မႈေၾကာင့္ ျပစ္ဒဏ္က်ခံၿပီးေနာက္ ထိန္းသိမ္းေရးစခန္းမ်ားတြင္ ထိန္းသိမ္းခံထားရသူမ်ားျဖစ္သည္။
၎တိုကို ျပန္လည္ေခၚေဆာင္ရန္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္(မုတၱမ)၊ ပင္လယ္သြားေဆး႐ုံေရယာဥ္(သံလြင္)ႏွင့္ စစ္ေရယာဥ္(ဆင္ျဖဴရွင္)တိုသည္ စက္တင္ဘာ ၂၄ ရက္တြင္ ရန္ကုန္ၿမိဳမွ ထြက္ခြာခဲ့ၿပီး စက္တင္ဘာ ၂၈ ရက္တြင္ မေလးရွားႏိုင္ငံ လူမြတ္ဆိပ္ကမ္းသို ေရာက္ရွိခဲ့သည္။
ျမန္မာႏိုင္ငံသား ၁,၄၇၆ ဦးကို မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးႏွင့္ စစ္သံ႐ုံးတိုက မေလးရွားလူဝင္မႈႀကီးၾကပ္ေရးဌာနမွ လႊေျပာင္းလက္ခံခဲ့ၿပီးေနာက္ စစ္ေရယာဥ္မ်ားသည္ စက္တင္ဘာ ၂၉ ရက္ ညပိုင္းတြင္ လူမြတ္ဆိပ္ကမ္းမွ ရန္ကုန္ၿမိဳသို ျပန္လည္ထြက္ခြာလာခဲ့ျခင္းျဖစ္သည္။
ျပန္လည္ေခၚေဆာင္လာသူမ်ားကို ခရီးစဥ္အတြင္း လိုအပ္သည့္ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ေနထိုင္စားေသာက္ေရးတို စီစဥ္ေပးထားေၾကာင္း သိရသည္။
အဆိုပါ စစ္ေရယာဥ္မ်ားသည္ မၾကာမီရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳသို ေရာက္ရွိမည္ျဖစ္ၿပီး ျပန္လည္ေရာက္ရွိလာသူမ်ားကို သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲမ်ားက ေနရပ္အသီးသီးသို ျပန္လည္ပိုေဆာင္ေပးရန္ စီစဥ္ထားေၾကာင္း သိရသည္။
မလေးရှားမှ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို ပြန်လည်ခေါ်ဆောင်လာသည့် စစ်ရေယာဉ်များ မြန်မာ့ရေပိုင်နက်သို့ ဝင်ရောက်
=======================
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် စိစစ်ပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို တပ်မတော်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လာရာ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် မြန်မာ့ရေပိုင်နက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုနှင့် အခြားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသူများဖြစ်သည်။
၎င်းတိုကို ပြန်လည်ခေါ်ဆောင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နှင့် စစ်ရေယာဉ်(ဆင်ဖြူရှင်)တိုသည် စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြိုမှ ထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂၈ ရက်တွင် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတိုက မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ လွှပြောင်းလက်ခံခဲ့ပြီးနောက် စစ်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြိုသို ပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ပြန်လည်ခေါ်ဆောင်လာသူများကို ခရီးစဉ်အတွင်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်ရေးတို စီစဉ်ပေးထားကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဉ်များသည် မကြာမီရက်ပိုင်းအတွင်း ရန်ကုန်မြိုသို ရောက်ရှိမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိလာသူများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲများက နေရပ်အသီးသီးသို ပြန်လည်ပိုဆောင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။




