အျမန္လမ္းရွိ လမ္းပိုင္းအခ်ိဳ၌ ႏွစ္စဥ္ ေအာက္တိုဘာ လမွ ေဖေဖာ္ဝါရီလအထိ ျမဴထူမ်ားျဖစ္ေပၚေလ့ရွိ၍ အရွိန္ေလ်ာ့ၿပီးဂ႐ုျပဳေမာင္းႏွင္ၾကရန္သတိေပး

အျမန္လမ္းရွိ လမ္းပိုင္းအခ်ိဳ၌ ႏွစ္စဥ္ ေအာက္တိုဘာ လမွ ေဖေဖာ္ဝါရီလအထိ ျမဴထူမ်ားျဖစ္ေပၚေလ့ရွိ၍ အရွိန္ေလ်ာ့ၿပီးဂ႐ုျပဳေမာင္းႏွင္ၾကရန္သတိေပး
=======================

ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ လမ္းပိုင္းေနရာအခ်ိဳတြင္ ႏွစ္စဥ္ ေအာက္တိုဘာလမွ ေဖေဖာ္ဝါရီလအထိ ျမဴထူ/ျမဴ(Fog/Mist)မ်ားျဖစ္ေပၚေလ့ရွိ၍ ယာဥ္ေမာင္းမ်ားအေနျဖင့္ အရွိန္ေလ်ာ့၍ဂ႐ုျပဳေမာင္းႏွင္ၾကရန္ အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီး ၾကပ္ေရးအဖြဲက သတိေပးခဲ့သည္။

အျမန္လမ္းမႀကီး၏ မိုင္တိုင္အမွတ္ ၀/၀ မွ ၁၈၅/၀ အ တြင္း ရန္ကုန္တိုင္းအပိုင္၌ လမ္းပိုင္း(၅)ေနရာ၊ ပဲခူး တိုင္းအပိုင္တြင္ လမ္းပိုင္း(၁၃)ေနရာ၊ မိုင္တိုင္အမွတ္ ၁၈၅/၀ မွ ၃၆၅/၃ အတြင္း ေနျပည္ေတာ္အပိုင္၌ လမ္းပိုင္း(၅)ေနရာ၊ မႏၲေလးတိုင္းအပိုင္တြင္ လမ္းပိုင္း(၅) ေနရာတိုတြင္ျဖစ္ေပၚေလ့ရွိေၾကာင္း သိရသည္။

ျမဴထူ/ျမဴ(Fog/Mist)မ်ားသည္ ညပိုင္းႏွင့္ နံနက္ေစာပိုင္းအခ်ိန္မ်ား၌ အပူခ်ိန္က်ဆင္းျခင္း၊ ေလထုအတြင္းစိုထိုင္းဆမ်ားျပားျခင္းတိုေၾကာင့္ လမ္း​ေပၚႏွင့္ လမ္း​ေဘးဝဲ/ယာ ေျမသားမ်ား​ေပၚတြင္ ေရေငြ႕မ်ားစုဖြဲ၍ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုေၾကာင့္ အျမန္လမ္းမႀကီးအားအသုံးျပဳသြားလာသူ မ်ား သတိျပဳမိေစရန္ ယင္း ေနရာမ်ားမ​ေရာက္မီ အဝါခံ​ေပၚတြင္ အနက္​ေရာင္​ေဆးသားျဖင့္ “ျမဴထူထဲသိုဝင္​ေန​ေသာကားပုံ”လမ္းၫႊန္းအမွတ္အသားမ်ားကိုသတိ​ေပးစိုက္ထူထားေၾကာင္း သိရသည္။

အဆိုပါ ဆိုင္းဘုတ္မ်ားေတြ႕ရွိပါက​ ေရွ႕တြင္ျမဴက်တတ္​ေသာ​ေနရာရွိသည္ဟုသိရွိရမည္ျဖစ္ကာ ျမဴထူမ်ားရွိ​ေနစဥ္ လမ္း၏ျမင္ကြင္းမွာအကန္႔အသတ္ရွိႏိုင္သျဖင့္ ကားေမာင္းသူမ်ားအ​ေနျဖင့္ ႏွင္းခြဲမီး(Fog Light)/ေရွ႕မီးႀကီး(High Beam Headlight)မ်ားဖြင့္၍​အရွိန္​ေလွ်ာ့၍ဂ႐ုျပဳေမာင္းႏွင္ၾကရန္ သတိေပးထားေၾကာင္း သိရသည္။ #Popular


အမြန်လမ်းရှိ လမ်းပိုင်းအချို၌ နှစ်စဥ် အောက်တိုဘာ လမှ ဖေဖော်ဝါရီလအထိ မြူထူများဖြစ်ပေါ်လေ့ရှိ၍ အရှိန်လျော့ပြီးဂရုပြုမောင်းနှင်ကြရန်သတိပေး
=======================

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ လမ်းပိုင်းနေရာအချိုတွင် နှစ်စဥ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ မြူထူ/မြူ(Fog/Mist)များဖြစ်ပေါ်လေ့ရှိ၍ ယာဥ်မောင်းများအနေဖြင့် အရှိန်လျော့၍ဂရုပြုမောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီး ကြပ်ရေးအဖွဲက သတိပေးခဲ့သည်။

အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၀/၀ မှ ၁၈၅/၀ အ တွင်း ရန်ကုန်တိုင်းအပိုင်၌ လမ်းပိုင်း(၅)နေရာ၊ ပဲခူး တိုင်းအပိုင်တွင် လမ်းပိုင်း(၁၃)နေရာ၊ မိုင်တိုင်အမှတ် ၁၈၅/၀ မှ ၃၆၅/၃ အတွင်း နေပြည်တော်အပိုင်၌ လမ်းပိုင်း(၅)နေရာ၊ မန္တလေးတိုင်းအပိုင်တွင် လမ်းပိုင်း(၅) နေရာတိုတွင်ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

မြူထူ/မြူ(Fog/Mist)များသည် ညပိုင်းနှင့် နံနက်စောပိုင်းအချိန်များ၌ အပူချိန်ကျဆင်းခြင်း၊ လေထုအတွင်းစိုထိုင်းဆများပြားခြင်းတိုကြောင့် လမ်း​ပေါ်နှင့် လမ်း​ဘေးဝဲ/ယာ မြေသားများ​ပေါ်တွင် ရေငွေ့များစုဖွဲ၍ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုကြောင့် အမြန်လမ်းမကြီးအားအသုံးပြုသွားလာသူ များ သတိပြုမိစေရန် ယင်း နေရာများမ​ရောက်မီ အဝါခံ​ပေါ်တွင် အနက်​ရောင်​ဆေးသားဖြင့် “မြူထူထဲသိုဝင်​နေ​သောကားပုံ”လမ်းညွှန်းအမှတ်အသားများကိုသတိ​ပေးစိုက်ထူထားကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်များတွေ့ရှိပါက​ ရှေ့တွင်မြူကျတတ်​သော​နေရာရှိသည်ဟုသိရှိရမည်ဖြစ်ကာ မြူထူများရှိ​နေစဥ် လမ်း၏မြင်ကွင်းမှာအကန့်အသတ်ရှိနိုင်သဖြင့် ကားမောင်းသူများအ​နေဖြင့် နှင်းခွဲမီး(Fog Light)/ရှေ့မီးကြီး(High Beam Headlight)များဖွင့်၍​အရှိန်​လျှော့၍ဂရုပြုမောင်းနှင်ကြရန် သတိပေးထားကြောင်း သိရသည်။ #Popular