လက္ေ႐ြးစင္အသင္းေတြထဲမွာ ပြဲ(၄၀)ဆက္တိုက္ ရႈံးပြဲမရွိတဲ့ ပထမဆုံးအသင္းအျဖစ္ စပိန္အသင္း စံခ်ိန္သစ္မွတ္တမ္းဝင္

လက္ေ႐ြးစင္အသင္းေတြထဲမွာ ပြဲ(၄၀)ဆက္တိုက္ ရႈံးပြဲမရွိတဲ့ ပထမဆုံးအသင္းအျဖစ္ စပိန္အသင္း စံခ်ိန္သစ္မွတ္တမ္းဝင္
================
ဥေရာပေနရွင္းလိဂ္ၿပိဳင္ပြဲအျဖစ္ ကစားခဲ့သည့္ စပိန္အသင္း ႏွင့္ခ႐ိုေအးရွားအသင္းတို႔ပြဲစဥ္တြင္ စပိန္အသင္းက ၄ ဂိုး -၁ ဂိုးျဖင့္ အႏိုင္ရရွိၿပီးေနာက္ ၿပိဳင္ပြဲစုံပြဲေပါင္း ၄၀ ဆက္ ရႈံးပြဲမရွိစံခ်ိန္သစ္တင္ႏိုင္ၿပီး ေနာက္ဆုံးကိုးပြဲဆက္ႏိုင္ပြဲရယူႏိုင္ခဲ့သည္။
စပိန္အသင္းသည္ ၂၀၂၄ ခုႏွစ္ မတ္လက ႏိုင္ငံတကာေျခစမ္းပြဲစဥ္အျဖစ္ ကစားခဲ့သည့္ ကိုလံဘီယာအသင္းႏွင့္ပြဲစဥ္တြင္ ရႈံးနိမ့္ၿပီးေနာက္ႏွစ္ႏွစ္ေက်ာ္အတြင္း ၿပိဳင္ပြဲစုံ ပြဲေပါင္း ၄၀ ဆက္ ရႈံးပြဲမရွိစံခ်ိန္သစ္တင္ႏိုင္ခဲ့ျခင္းျဖစ္သည္။အေစာပိုင္းက အီတလီအသင္းက ၿပိဳင္ပြဲစုံ ၃၇ ပြဲဆက္ ရႈံးပြဲမရွိျဖင့္ ပြဲဆက္အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနေသာ္လည္း စပိန္အသင္းသည္ ၿပီးခဲ့သည့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္အျဖစ္ ကစားခဲ့သည့္ ျပင္သစ္အသင္းႏွင့္ ပြဲစဥ္တြင္ လိုက္မီႏိုင္ခဲ့သည္။
ထို႔ေနာက္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲအျဖစ္ကစားခဲ့သည့္ အာဂ်င္တီးနား အသင္းႏွင့္ပြဲစဥ္တြင္ အႏိုင္ရရွိၿပီးေနာက္ အီတလီအသင္းကို ေက်ာ္ျဖတ္ကာ ၃၈ ပြဲျဖင့္ ရႈံးပြဲမရွိ ပြဲဆက္အမ်ားဆုံးအသင္းအျဖစ္ စတင္ရပ္တည္ႏိုင္ခဲ့ျခင္းျဖစ္သည္။ စပိန္အသင္းသည္ ၿပီးခဲ့သည့္ရက္ပိုင္းက အဂၤလန္အသင္းကို အႏိုင္ရရွိၿပီး ယခုအခါ ခ႐ိုေအးရွား အသင္းကိုအႏိုင္ရရွိၿပီးေနာက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၄၀ ဆက္ ရႈံးပြဲမရွိစံခ်ိန္သစ္ကို ထပ္မံ ရရွိခဲ့ျခင္းျဖစ္သည္။ စပိန္အသင္းသည္ ေအာက္တိုဘာလ ၄ ရက္တြင္ ခ်က္အသင္းႏွင့္ ကစားရမည္ျဖစ္ေၾကာင္း သိရသည္။ Ref;B/R Football
လက်ရွေးစင်အသင်းတွေထဲမှာ ပွဲ(၄၀)ဆက်တိုက် ရှုံးပွဲမရှိတဲ့ ပထမဆုံးအသင်းအဖြစ် စပိန်အသင်း စံချိန်သစ်မှတ်တမ်းဝင်
================
ဥရောပနေရှင်းလိဂ်ပြိုင်ပွဲအဖြစ် ကစားခဲ့သည့် စပိန်အသင်း နှင့်ခရိုအေးရှားအသင်းတို့ပွဲစဉ်တွင် စပိန်အသင်းက ၄ ဂိုး -၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ပြိုင်ပွဲစုံပွဲပေါင်း ၄၀ ဆက် ရှုံးပွဲမရှိစံချိန်သစ်တင်နိုင်ပြီး နောက်ဆုံးကိုးပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့သည်။
စပိန်အသင်းသည် ၂၀၂၄ ခုနှစ် မတ်လက နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ကစားခဲ့သည့် ကိုလံဘီယာအသင်းနှင့်ပွဲစဉ်တွင် ရှုံးနိမ့်ပြီးနောက်နှစ်နှစ်ကျော်အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ဆက် ရှုံးပွဲမရှိစံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။အစောပိုင်းက အီတလီအသင်းက ပြိုင်ပွဲစုံ ၃၇ ပွဲဆက် ရှုံးပွဲမရှိဖြင့် ပွဲဆက်အများဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း စပိန်အသင်းသည် ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ပြင်သစ်အသင်းနှင့် ပွဲစဉ်တွင် လိုက်မီနိုင်ခဲ့သည်။
ထို့နောက် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်ကစားခဲ့သည့် အာဂျင်တီးနား အသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိပြီးနောက် အီတလီအသင်းကို ကျော်ဖြတ်ကာ ၃၈ ပွဲဖြင့် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးအသင်းအဖြစ် စတင်ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ စပိန်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက အင်္ဂလန်အသင်းကို အနိုင်ရရှိပြီး ယခုအခါ ခရိုအေးရှား အသင်းကိုအနိုင်ရရှိပြီးနောက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ဆက် ရှုံးပွဲမရှိစံချိန်သစ်ကို ထပ်မံ ရရှိခဲ့ခြင်းဖြစ်သည်။ စပိန်အသင်းသည် အောက်တိုဘာလ ၄ ရက်တွင် ချက်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။ Ref;B/R Football




