ယူဂန္ဒါႏိုင္ငံမွာ က်င္းပတဲ့ Kampala International 2026 ၾကက္ေတာင္ၿပိဳင္ပြဲမွာ ဟိန္းထြဋ္ တတိယရရွိ

ယူဂန္ဒါႏိုင္ငံမွာ က်င္းပတဲ့ Kampala International 2026 ၾကက္ေတာင္ၿပိဳင္ပြဲမွာ ဟိန္းထြဋ္ တတိယရရွိ
=========================

ျမန္မာ့လက္ေ႐ြးစင္ၾကက္ေတာင္ကစားသမား ဟိန္းထြဋ္ဟာ ယူဂန္ဒါႏိုင္ငံမွာ က်င္းပတဲ့ Kampala International 2026 ၾကက္ေတာင္ၿပိဳင္ပြဲမွာ တတိယဆုရရွိခဲ့ပါတယ္။

Kampala International 2026 ၾကက္ေတာင္ၿပိဳင္ပြဲကို ကမာၻ႔ၾကက္ေတာင္အဖြဲခ်ဳပ္ (BWF) က ဦးေဆာင္က်င္းပတာျဖစ္ပါတယ္။

ျမန္မာၾကက္ေတာင္ကစားသမား ဟိန္းထြဋ္က Kampala International 2026 ၾကက္ေတာင္ၿပိဳင္ပြဲမွာ ပထမအဆင့္ျဖစ္တဲ့ (၃၂) ဦးအဆင့္ကေန စတင္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

ဟိန္းထြဋ္ဟာ (၃၂) ဦးအဆင့္မွာ ကင္ညာကစားသမားကို (၂၁-၉၊ ၂၁-၉) မွတ္နဲ႔ ႏွစ္ပြဲျပတ္၊ (၁၆) ဦးအဆင့္မွာ ကင္ညာကစားသမားကို (၂၁-၅၊ ၂၁-၉) မွတ္ျဖင့္ ႏွစ္ပြဲျပတ္၊ ကြာတားအဆင့္မွာ ယူဂန္ဒါကစားသမားကို (၂၁-၉၊ ၂၁-၇) မွတ္ျဖင့္ ႏွစ္ပြဲျပတ္အႏိုင္ရရွိခဲ့ၿပီး ဆီမီးဖိုင္နယ္ကို တက္ေရာက္ခဲ့ပါတယ္။

ဟိန္းထြဋ္ဟာ ဆီမီးဖိုင္နယ္မွာ အိႏၵိယကစားသမားနဲ႔ေတြ႕ဆုံခဲ့ၿပီး (၁၇-၂၁၊ ၁၉-၂၁) မွတ္ျဖင့္ ႏွစ္ပြဲျပတ္ရႈးနိမ့္ကာ တတိယေၾကးတံဆိပ္ဆုသာ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ျမန္မာ့လက္ေ႐ြးစင္ၾကက္ေတာင္ကစားသမား ဟိန္းထြဋ္ဟာ ကမာၻ႔ၾကက္ေတာင္အဖြဲခ်ဳပ္ (BWF) က က်င္းပေနတဲ့ ႏိုင္ငံတကာၾကက္ေတာင္ၿပိဳင္ပြဲေတြကို စဥ္ဆက္မျပတ္ဝင္ေရာက္ယွဥ္ၿပိဳင္ေနလ်က္ရွိပါတယ္။ #Eleven


ယူဂန်ဒါနိုင်ငံမှာ ကျင်းပတဲ့ Kampala International 2026 ကြက်တောင်ပြိုင်ပွဲမှာ ဟိန်းထွဋ် တတိယရရှိ
=========================

မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမား ဟိန်းထွဋ်ဟာ ယူဂန်ဒါနိုင်ငံမှာ ကျင်းပတဲ့ Kampala International 2026 ကြက်တောင်ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပါတယ်။

Kampala International 2026 ကြက်တောင်ပြိုင်ပွဲကို ကမ္ဘာ့ကြက်တောင်အဖွဲချုပ် (BWF) က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။

မြန်မာကြက်တောင်ကစားသမား ဟိန်းထွဋ်က Kampala International 2026 ကြက်တောင်ပြိုင်ပွဲမှာ ပထမအဆင့်ဖြစ်တဲ့ (၃၂) ဦးအဆင့်ကနေ စတင်ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ဟိန်းထွဋ်ဟာ (၃၂) ဦးအဆင့်မှာ ကင်ညာကစားသမားကို (၂၁-၉၊ ၂၁-၉) မှတ်နဲ့ နှစ်ပွဲပြတ်၊ (၁၆) ဦးအဆင့်မှာ ကင်ညာကစားသမားကို (၂၁-၅၊ ၂၁-၉) မှတ်ဖြင့် နှစ်ပွဲပြတ်၊ ကွာတားအဆင့်မှာ ယူဂန်ဒါကစားသမားကို (၂၁-၉၊ ၂၁-၇) မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ဟိန်းထွဋ်ဟာ ဆီမီးဖိုင်နယ်မှာ အိန္ဒိယကစားသမားနဲ့တွေ့ဆုံခဲ့ပြီး (၁၇-၂၁၊ ၁၉-၂၁) မှတ်ဖြင့် နှစ်ပွဲပြတ်ရှုးနိမ့်ကာ တတိယကြေးတံဆိပ်ဆုသာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမား ဟိန်းထွဋ်ဟာ ကမ္ဘာ့ကြက်တောင်အဖွဲချုပ် (BWF) က ကျင်းပနေတဲ့ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲတွေကို စဥ်ဆက်မပြတ်ဝင်ရောက်ယှဥ်ပြိုင်နေလျက်ရှိပါတယ်။ #Eleven