သီရိလကၤာႏိုင္ငံတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူဦးေရ ၁၀၀,၀၀၀ ေက်ာ္ရွိလာ

သီရိလကၤာႏိုင္ငံတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူဦးေရ ၁၀၀,၀၀၀ ေက်ာ္ရွိလာ
========================
သီရိလကၤာႏိုင္ငံ၌ ၂၀၂၆ ခုႏွစ္အတြင္း မၾကာေသးမီအထိ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူဦးေရ ၁၀၀,၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူဦးေရ ၇၇ ဦး ရွိၿပီျဖစ္ေၾကာင္း သီရိလကၤာႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။
စက္တင္ဘာ ၂၇ ရက္ သန္းေခါင္ယံအခ်ိန္အထိ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ စုစုေပါင္း ၁၀၀,၁၂၇ ဦး ရွိသည္ဟု ဝန္ႀကီးဌာနက ေဖာ္ျပထားသည္။
ျပည္နယ္မ်ားအနက္ အေနာက္ပိုင္းျပည္နယ္တြင္ ေရာဂါျဖစ္ပြားသူဦးေရ ၅၂,၅၆၂ ဦး ရွိခဲ့ၿပီး ၎ပမာဏသည္ ႏိုင္ငံတစ္ဝန္း စုစုေပါင္းျဖစ္ပြားမႈ၏ ၅၂.၅ ရာခိုင္ႏႈန္း ရွိသည္။
ခ႐ိုင္မ်ားႏွင့္ သတင္းေပးပို႔သည့္ နယ္ေျမမ်ားအနက္ ဂမ္ပါဟာခ႐ိုင္တြင္ ေရာဂါကူးစက္ခံရသူ ၂၁,၂၃၄ ဦး သို႔မဟုတ္ ႏိုင္ငံတစ္ဝန္းစုစုေပါင္း၏ ၂၁ ဒသမ ၂၁ ရာခိုင္ႏႈန္းရွိၿပီး ေရာဂါျဖစ္ပြားသူဦးေရ အမ်ားဆုံးျဖစ္သည္။ ကိုလံဘိုခ႐ိုင္က ေရာဂါျဖစ္ပြားသူဦးေရ ၁၉,၆၃၄ ဦးျဖင့္ ဒုတိယအမ်ားဆုံးျဖစ္ၿပီး ကန္ဒီခ႐ိုင္က ေရာဂါျဖစ္ပြားသူဦးေရ ၇,၆၂၄ ဦး ရွိေၾကာင္း သတင္းေပးပို႔ခဲ့သည္။
ယခုႏွစ္အတြင္း ဇူလိုင္လတြင္ ေရာဂါကူးစက္ခံရသူဦးေရ ၂၉,၉၆၄ ဦးျဖင့္ ေရာဂါျဖစ္ပြားသူဦးေရအမ်ားဆုံးလအျဖစ္ မွတ္တမ္းတင္ခဲ့သည္ဟု လအလိုက္ စာရင္းမ်ားက ေဖာ္ျပထားေၾကာင္း သိရသည္။ (Xinhua)
သီရိလင်္ကာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၀၀,၀၀၀ ကျော်ရှိလာ
========================
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၆ ခုနှစ်အတွင်း မကြာသေးမီအထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၁၀၀,၀၀၀ ကျော်နှင့် သေဆုံးသူဦးရေ ၇၇ ဦး ရှိပြီဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
စက်တင်ဘာ ၂၇ ရက် သန်းခေါင်ယံအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၀,၁၂၇ ဦး ရှိသည်ဟု ဝန်ကြီးဌာနက ဖော်ပြထားသည်။
ပြည်နယ်များအနက် အနောက်ပိုင်းပြည်နယ်တွင် ရောဂါဖြစ်ပွားသူဦးရေ ၅၂,၅၆၂ ဦး ရှိခဲ့ပြီး ၎င်းပမာဏသည် နိုင်ငံတစ်ဝန်း စုစုပေါင်းဖြစ်ပွားမှု၏ ၅၂.၅ ရာခိုင်နှုန်း ရှိသည်။
ခရိုင်များနှင့် သတင်းပေးပို့သည့် နယ်မြေများအနက် ဂမ်ပါဟာခရိုင်တွင် ရောဂါကူးစက်ခံရသူ ၂၁,၂၃၄ ဦး သို့မဟုတ် နိုင်ငံတစ်ဝန်းစုစုပေါင်း၏ ၂၁ ဒသမ ၂၁ ရာခိုင်နှုန်းရှိပြီး ရောဂါဖြစ်ပွားသူဦးရေ အများဆုံးဖြစ်သည်။ ကိုလံဘိုခရိုင်က ရောဂါဖြစ်ပွားသူဦးရေ ၁၉,၆၃၄ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ကန်ဒီခရိုင်က ရောဂါဖြစ်ပွားသူဦးရေ ၇,၆၂၄ ဦး ရှိကြောင်း သတင်းပေးပို့ခဲ့သည်။
ယခုနှစ်အတွင်း ဇူလိုင်လတွင် ရောဂါကူးစက်ခံရသူဦးရေ ၂၉,၉၆၄ ဦးဖြင့် ရောဂါဖြစ်ပွားသူဦးရေအများဆုံးလအဖြစ် မှတ်တမ်းတင်ခဲ့သည်ဟု လအလိုက် စာရင်းများက ဖော်ပြထားကြောင်း သိရသည်။ (Xinhua)




