ေတာင္ကိုရီးယားတြင္ ကေလးငယ္မ်ား စမတ္ဖုန္းအသုံးျပဳမႈ ျမင့္တက္

ေတာင္ကိုရီးယားတြင္ ကေလးငယ္မ်ား စမတ္ဖုန္းအသုံးျပဳမႈ ျမင့္တက္
=========================
ေတာင္ကိုရီးယားႏိုင္ငံတြင္ အသက္ ၅ႏွစ္ေအာက္ ကေလးမ်ားအနက္ ထက္ဝက္ေက်ာ္သည္ အသက္ ၂ ႏွစ္မျပည့္မီကပင္စမတ္ဖုန္းကိုစတင္အသုံးျပဳေနေၾကာင္းႏွင့္ ထိုသို႔အသုံးျပဳမႈမွာလည္းလ်င္ျမန္စြာျမင့္တက္လာေနေၾကာင္း စစ္တမ္းတစ္ရပ္အရသိရသည္။
အမ်ိဳးသားစိတ္က်န္းမာေရးစင္တာ သုေတသနအဖြဲ႕က အသက္ ၂ ႏွစ္မွ ၅ ႏွစ္ရွိ ကေလးအေယာက္ ၄၀၀ ၏ မိဘမ်ားကို စစ္တမ္းေကာက္ ယူရာ ၅၀ ဒသမ ၉၈ ရာခိုင္ႏႈန္းက ၎တို႔၏ကေလး အသက္၂ ႏွစ္မတိုင္မီ စမတ္ဖုန္းကိုစတင္အသုံးျပဳေၾကာင္း ေျဖဆိုသည္။ အသက္ ၁၂ လ မွ ၂၃ လအတြင္း စမတ္ဖုန္းစတင္အသုံးျပဳသူ ၃၇ ဒသမ ၁၈ ရာခိုင္ႏႈန္းျဖင့္ အမ်ားဆုံးျဖစ္ၿပီးေမြးကင္းစမွ ၁၁ လအတြင္းစတင္အသုံးျပဳသူမွာ ၁၃ ဒသမ ၈ ရာခိုင္ႏႈန္းရွိသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကအသက္ ၂ ႏွစ္ေအာက္ ကေလးမ်ားအေနျဖင့္ စခရင္အသုံးျပဳမႈကိုေရွာင္ၾကဥ္ရန္ ႏွင့္ အသက္ ၂ ႏွစ္မွ ၄ ႏွစ္အတြင္း ကေလးမ်ားကိုတစ္ရက္လွ်င္ တစ္နာရီထက္ပို၍ စခရင္မၾကည့္ေစရန္အႀကံျပဳထားသည္။ ျမ၀တီ
တောင်ကိုရီးယားတွင် ကလေးငယ်များ စမတ်ဖုန်းအသုံးပြုမှု မြင့်တက်
=========================
တောင်ကိုရီးယားနိုင်ငံတွင် အသက် ၅နှစ်အောက် ကလေးများအနက် ထက်ဝက်ကျော်သည် အသက် ၂ နှစ်မပြည့်မီကပင်စမတ်ဖုန်းကိုစတင်အသုံးပြုနေကြောင်းနှင့် ထိုသို့အသုံးပြုမှုမှာလည်းလျင်မြန်စွာမြင့်တက်လာနေကြောင်း စစ်တမ်းတစ်ရပ်အရသိရသည်။
အမျိုးသားစိတ်ကျန်းမာရေးစင်တာ သုတေသနအဖွဲ့က အသက် ၂ နှစ်မှ ၅ နှစ်ရှိ ကလေးအယောက် ၄၀၀ ၏ မိဘများကို စစ်တမ်းကောက် ယူရာ ၅၀ ဒသမ ၉၈ ရာခိုင်နှုန်းက ၎င်းတို့၏ကလေး အသက်၂ နှစ်မတိုင်မီ စမတ်ဖုန်းကိုစတင်အသုံးပြုကြောင်း ဖြေဆိုသည်။ အသက် ၁၂ လ မှ ၂၃ လအတွင်း စမတ်ဖုန်းစတင်အသုံးပြုသူ ၃၇ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီးမွေးကင်းစမှ ၁၁ လအတွင်းစတင်အသုံးပြုသူမှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကအသက် ၂ နှစ်အောက် ကလေးများအနေဖြင့် စခရင်အသုံးပြုမှုကိုရှောင်ကြဉ်ရန် နှင့် အသက် ၂ နှစ်မှ ၄ နှစ်အတွင်း ကလေးများကိုတစ်ရက်လျှင် တစ်နာရီထက်ပို၍ စခရင်မကြည့်စေရန်အကြံပြုထားသည်။ မြ၀တီ




