ျပည္ခိုင္ၿဖိဳးပါတီ စတုတၳအႀကိမ္ ပါတီညီလာခံ (၂၀၂၆) ဒုတိယ ေန႔ အခမ္းအနား ဆက္လက္က်င္းပ

ျပည္ခိုင္ၿဖိဳးပါတီ စတုတၳအႀကိမ္ ပါတီညီလာခံ (၂၀၂၆) ဒုတိယ ေန႔ အခမ္းအနား ဆက္လက္က်င္းပ
==========================
စက္တင္ဘာ ၂၀၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၏ စတုတၳအႀကိမ္ ပါတီညီလာခံ(၂၀၂၆) ဒုတိယေန႔ အခမ္းအနားကို ယေန႔နံနက္ ၉ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ ဆက္လက္က်င္းပရာ သဘာပတိအျဖစ္ ဗဟိုအတိုင္ပင္ခံ ဦးသက္ႏိုင္ဝင္းမွလည္းေကာင္း၊ သဘာပတိအဖြဲ႕ဝင္မ်ားအျဖစ္ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြးႏွင့္ ဗဟိုအလုပ္အမႈေဆာင္ ဦးသိန္းထြန္းတို႔မွလည္းေကာင္း ေဆာင္႐ြက္ခဲ့ၾကပါသည္။

အခမ္းအနားတြင္ သဘာပတိအဖြဲ႕ေနရာယူၿပီး သတၱမအႀကိမ္ ပါတီဗဟိုေကာ္မတီအစည္းအေဝးက အတည္ျပဳထားသည့္ တိုင္းေဒသႀကီးျပည္နယ္အလိုက္ ပါတီေကာ္မတီအဆင့္ဆင့္ ဖြဲ႕စည္းၿပီးစီးမႈႏွင့္ လတ္တေလာ အေျခအေနအရ ဖြဲ႕စည္းႏိုင္ျခင္းမရွိေသးေသာ ခ႐ိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီစာရင္း တင္ျပျခင္းႏွင့္ ယာယီဖြဲ႕စည္းမႈကို ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္းက သဘာပတိအဖြဲ႕ႏွင္ ပါတီညီလာခံသို႔ ဖတ္ၾကားတင္သြင္းခဲ့ၿပီး အတည္ျပဳခ်က္ရယူခဲ့ပါသည္။ ဆက္လက္ၿပီး ပါတီေကာ္မတီအဆင့္ဆင့္ေ႐ြးခ်ယ္ဖြဲ႕စည္းေရး ႀကီးၾကပ္မႈဗဟိုေကာ္မတီက တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ ေ႐ြးခ်ယ္ထားေသာ ဗဟိုေကာ္မတီဝင္ႏွင့္ အရန္ဗဟိုေကာ္မတီဝင္မ်ားစာရင္းကို တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္က သဘာပတိအဖြဲ႕ႏွင္ ပါတီညီလာခံသို႔ ဖတ္ၾကားတင္သြင္းခဲ့ၿပီး အတည္ျပဳခ်က္ရယူခဲ့ပါသည္။

၎ေနာက္ ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားႏွင့္ ဗဟိုအတိုင္ပင္ခံပုဂၢိဳလ္မ်ားက တာဝန္မ်ားအား ဗဟိုအတြင္းေရးမႉး ေဒါက္တာေက်ာ္ေက်ာ္ေဌးက ပါတီညီလာခံသို႔ ျပန္လည္အပ္ႏွံခဲ့ၿပီး နံနက္ပိုင္းအခမ္းအနားအစီအမ်ားၿပီးေျမာက္ခဲ့ေၾကာင္းႏွင့္ ေန႔လည္ ၁ နာရီအခ်ိန္တြင္ ေန႔လည္ပိုင္းအခမ္းအနားအစီအစဥ္မ်ားအား ျပန္လည္စတင္မည္ျဖစ္ပါသည္။


ပြည်ခိုင်ဖြိုးပါတီ စတုတ္ထအကြိမ် ပါတီညီလာခံ (၂၀၂၆) ဒုတိယနေ့ အခမ်းအနား ဆက်လက်ကျင်းပ
==========================
စက်တင်ဘာ ၂၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံ(၂၀၂၆) ဒုတိယနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ဗဟိုအတိုင်ပင်ခံ ဦးသက်နိုင်ဝင်းမှလည်းကောင်း၊ သဘာပတိအဖွဲ့ဝင်များအဖြစ် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးသိန်းထွန်းတို့မှလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သဘာပတိအဖွဲ့နေရာယူပြီး သတ္တမအကြိမ် ပါတီဗဟိုကော်မတီအစည်းအဝေးက အတည်ပြုထားသည့် တိုင်းဒေသကြီးပြည်နယ်အလိုက် ပါတီကော်မတီအဆင့်ဆင့် ဖွဲ့စည်းပြီးစီးမှုနှင့် လတ်တလော အခြေအနေအရ ဖွဲ့စည်းနိုင်ခြင်းမရှိသေးသော ခရိုင်/မြို့နယ် ပါတီကော်မတီစာရင်း တင်ပြခြင်းနှင့် ယာယီဖွဲ့စည်းမှုကို ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းက သဘာပတိအဖွဲ့နှင် ပါတီညီလာခံသို့ ဖတ်ကြားတင်သွင်းခဲ့ပြီး အတည်ပြုချက်ရယူခဲ့ပါသည်။ ဆက်လက်ပြီး ပါတီကော်မတီအဆင့်ဆင့်ရွေးချယ်ဖွဲ့စည်းရေး ကြီးကြပ်မှုဗဟိုကော်မတီက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရွေးချယ်ထားသော ဗဟိုကော်မတီဝင်နှင့် အရန်ဗဟိုကော်မတီဝင်များစာရင်းကို တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်က သဘာပတိအဖွဲ့နှင် ပါတီညီလာခံသို့ ဖတ်ကြားတင်သွင်းခဲ့ပြီး အတည်ပြုချက်ရယူခဲ့ပါသည်။

၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုအတိုင်ပင်ခံပုဂ္ဂိုလ်များက တာဝန်များအား ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ပါတီညီလာခံသို့ ပြန်လည်အပ်နှံခဲ့ပြီး နံနက်ပိုင်းအခမ်းအနားအစီအများပြီးမြောက်ခဲ့ကြောင်းနှင့် နေ့လည် ၁ နာရီအချိန်တွင် နေ့လည်ပိုင်းအခမ်းအနားအစီအစဉ်များအား ပြန်လည်စတင်မည်ဖြစ်ပါသည်။