အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာပိုက္ေက်ာ္ျခင္းအသင္း ယွဥ္ၿပိဳင္မည့္ အုပ္စုပြဲစဥ္မ်ား ထြက္ေပၚ

အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာပိုက္ေက်ာ္ျခင္းအသင္း ယွဥ္ၿပိဳင္မည့္ အုပ္စုပြဲစဥ္မ်ား ထြက္ေပၚ
==========================
စက္တင္ဘာ ၂၂

(၂၀) ႀကိမ္ေျမာက္ အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္ပိုက္ေက်ာ္ျခင္းအသင္းသည္ အမ်ိဳးသမီးႏွစ္ေယာက္တြဲ၊ အမ်ိဳးသားသုံးေယာက္တြဲႏွင့္ အမ်ိဳးသားေလးေယာက္တြဲ ၿပိဳင္ပြဲအမ်ိဳးအစားသုံးမ်ိဳး၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး အုပ္စုအဆင့္တြင္ ေတြ႕ဆုံရမည့္အသင္းမ်ား ထြက္ေပၚလာၿပီျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသမီးႏွစ္ေယာက္တြဲ (Women Double) ၿပိဳင္ပြဲတြင္ ျမန္မာအသင္းသည္ အုပ္စု (က) ၌ မေလးရွား၊ ဗီယက္နမ္ႏွင့္ လာအိုအသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ အုပ္စုပြဲစဥ္မ်ားကို စက္တင္ဘာ ၂၇ ရက္မွ ၂၈ ရက္အထိ က်င္းပမည္ျဖစ္ၿပီး အႀကိဳဗိုလ္လုပြဲကို စက္တင္ဘာ ၂၈ ရက္၊ ဗိုလ္လုပြဲကို စက္တင္ဘာ ၂၉ ရက္တြင္ က်င္းပမည္ျဖစ္သည္။

အမ်ိဳးသားသုံးေယာက္တြဲ (Men Regu) ၿပိဳင္ပြဲတြင္ ျမန္မာအသင္းသည္ အုပ္စု (ခ) ၌ မေလးရွားႏွင့္ ဗီယက္နမ္အသင္းတို႔ႏွင့္ ေတြ႕ဆုံမည္ျဖစ္ၿပီး အုပ္စုပြဲမ်ားကို စက္တင္ဘာ ၂၇ ရက္ႏွင့္ ၂၈ ရက္တို႔တြင္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။ အႀကိဳဗိုလ္လုပြဲကို စက္တင္ဘာ ၂၈ ရက္ႏွင့္ ဗိုလ္လုပြဲကို စက္တင္ဘာ ၂၉ ရက္တြင္ က်င္းပမည္ျဖစ္သည္။

အမ်ိဳးသားေလးေယာက္တြဲ (Men Quadrant) ၿပိဳင္ပြဲတြင္မူ ျမန္မာအသင္းသည္ အုပ္စု (က) ၌ အိႏၵိယ၊ လာအိုႏွင့္ ဗီယက္နမ္အသင္းတို႔ႏွင့္ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။ အုပ္စုပြဲမ်ားကို စက္တင္ဘာ ၃၀ ရက္မွ ေအာက္တိုဘာ ၁ ရက္အထိ၊ အႀကိဳဗိုလ္လုပြဲကို ေအာက္တိုဘာ ၂ ရက္ႏွင့္ ဗိုလ္လုပြဲကို ေအာက္တိုဘာ ၃ ရက္တြင္ က်င္းပသြားမည္ျဖစ္သည္။


အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ ထွက်ပေါ်
==========================
စက်တင်ဘာ ၂၂

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။

အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အမျိုးသားသုံးယောက်တွဲ (Men Regu) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (ခ) ၌ မလေးရှားနှင့် ဗီယက်နမ်အသင်းတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး အုပ်စုပွဲများကို စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်နှင့် ဗိုလ်လုပွဲကို စက်တင်ဘာ ၂၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အမျိုးသားလေးယောက်တွဲ (Men Quadrant) ပြိုင်ပွဲတွင်မူ မြန်မာအသင်းသည် အုပ်စု (က) ၌ အိန္ဒိယ၊ လာအိုနှင့် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ၊ အကြိုဗိုလ်လုပွဲကို အောက်တိုဘာ ၂ ရက်နှင့် ဗိုလ်လုပွဲကို အောက်တိုဘာ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။